ကျွန်တော်တို့ဟာ ငြိမ်းချမ်းခြင်း အရှင်ရဲ့နောက်လိုက်တွေဖြစ်ကြပါတယ်
ကျွန်တော်တို့ဟာ ကယ်တင်ရှင်ကဲ့သို့သော အရည်အသွေးများကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားလျှင် ကမ္ဘာပေါ်တွင် ကိုယ်တော်၏ငြိမ်းချမ်းရေးကိရိယာများ ဖြစ်လာနိုင်ပါတယ်။
ဇာခရိကိုပေးထားတဲ့ ပရေဖက်ပြုဟောချက် ကို ပြီးပြည့်စုံစေခြင်းအဖြစ်၊၁ ယေရှုသည် မြည်းကိုစီး၍ သန့်ရှင်းသောမြို့ထဲကို ဝင်လာခဲ့ပါတယ်၊ အဲ့ဒါကို စာပေမှာ “ယုဒမျိုးရိုးမြင့်မြတ်ခြင်းရဲ့ ရှေးသင်္ကေတ၊” တစ်ခုလို့သတ်မှတ်ပါတယ်၊”၂ အမှန်စင်စစ် ဘုရင်တို့၏ဘုရင်၊ ငြိမ်းချမ်းခြင်းအရှင်ဆိုတာနဲ့ကိုက်ညီပါတယ်။၃ ကိုယ်တော်ဟာ မိမိတို့အဝတ်တန်ဆာတွေ၊ စွန်ပလွံရွက်တွေ၊ ပြီးတော့အခြားအရွက်တွေကို ယေရှုသွားရာလမ်းတလျှောက်မှာ ဖြန့်ခင်းသူ ဂုဏ်ယူဝံ့ကြွားတဲ့ တပည့်တော်တွေများစွာနဲ့ဝန်းရံထားတာကိုခံရပါတယ်။ သူတို့ဟာ ကျယ်တဲ့အသံနဲ့ ဟစ်ကြွေးလျက် ဘုရားသခင်ကို ချီးမွမ်းကြပါတယ်၊ “ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း”၄ ပြီးတော့၊ “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း၊ ကိုယ်တော်ရှင်၏နာမတော်ဖြင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း၊ အမြင့်ဆုံး၌ ဟောရှဏ္ဏဖြစ်စေသတည်း။”၅ ဒီခမ်းနားတဲ့ပွဲ၊ ဒီစွန်ပလွံခက်တနင်္ဂနွေနေ့လို့ထင်ရှားတဲ့နေ့မှာ ကျွန်တော်တို့ ကျင်းပတဲ့ ပွဲဟာ ကယ်တင်ရှင်ရဲ့ကိုယ်ကျိုးမငဲ့တဲ့ပူဇော်ခြင်းနဲ့ ဘာမှမရှိတဲ့ သင်္ချိုင်းဂူရဲ့ ထည်ဝါတဲ့ အလွန်တရာအံ့ဩဖွယ် အမြင့်ဆုံးတို့ကိုရောက်တဲ့ ကြမ္မာငင်တဲ့သီတင်းပတ်မှာ ဖြစ်မယ့် ဝေဒနာပြင်းထန်တဲ့ပွဲတွေရဲ့ ဝမ်းမြောက်ဖွယ် ရှေ့ပြေးတစ်ခု ဖြစ်ခဲ့ပါတယ်။
ကိုယ်တော်ရဲ့နောက်လိုက်တွေအဖြစ်၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ အဖိုးထိုက်တဲ့လူမျိုးဖြစ်ပါတယ်၊ ကိုယ်တော်ရဲ့တန်ခိုး၊၆ ကို ကြေညာဖို့၊ ငြိမ်သက်ခြင်းကို မြှင့်တင်သူတွေဟာ ကိုယ်တော်နှင့် သူ၏အပြစ်ဖြေခြင်းအားဖြင့် ရက်ရက်ရောရော ပူဇော်ကြပါတယ်။ ဒီငြိမ်းချမ်းခြင်းဟာ မိမိတို့စိတ်နှလုံးကို ကယ်တင်ရှင်ဆီလှည့်ပြီး ဖြောင့်မတ်စွာနေထိုင်သူအားလုံးဆီကို ကတိထားခဲ့တဲ့ ဆုကျေးဇူးတစ်ခုဖြစ်ပါတယ်၊ အဲဒီလိုငြိမ်းချမ်းခြင်းက ကျွန်တော်တို့ကို လူ့ဇာတိဘဝကို မွေ့လျော်ဖို့ ခွန်အားဖြည့်ပေးပါတယ်၊ ကျွန်တော်တို့ကို ကျွန်တော်တို့ခရီးရဲ့ နာကျင်တဲ့ဒုက္ခတွေကိုလည်းကြံ့ကြံ့ခံနိုင်စွမ်းရှိစေပါတယ်။
၁၈၄၇ ခုနှစ်မှာ၊ ကိုယ်တော်ရှင်က ကနဦးသန့်ရှင်းသူတို့ အနောက်ဘက်သို့ခရီး၌ မျှော်လင့်မထားတဲ့အခက်အခဲတွေရင်ဆိုင်ရတဲ့အချိန်မှာ၊ တည်ငြိမ်စည်းလုံးရန် ငြိမ်းချမ်းခြင်းလိုအပ်နေတဲ့အတွက် အထူးလမ်းညွှန်ချက်တွေပေးခဲ့ပါတယ်။ အခြားအရာတွေထက်၊ ကိုယ်တော်ရှင်က သန့်ရှင်းသူတွေကို “တစ်ယောက်နဲ့တစ်ယောက် ရန်တွေ့တာကို ရပ်တန့်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် မကောင်းပြောတာကို ရပ်တန့်ဖို့”၇ လမ်းညွှန်ခဲ့ပါတယ်။ ဖြောင့်မတ်ခြင်းအကျင့်တွေကို လေ့ကျင့်ကြ၊ ကိုယ်တော်ရှင်ရဲ့သိမ်မွေ့အောက်ကျို့ခြင်းဝိညာဉ်တော်မှာ လျှောက်ဖို့ကြိုးစားကြသူတွေဟာ ယနေ့ကျွန်တော်တို့နေတဲ့ ပုန်ကန်ခြင်းကာလမှ ရှင်သန်ကျန်ရစ်ဖို့ လိုအပ်တဲ့ ငြိမ်းချမ်းခြင်းနဲ့ ကတိပေးထားခံရကြောင်း ကျမ်းစာတွေက အတည်ပြုပါတယ်။၈
ငြိမ်းချမ်းခြင်းအရှင်ရဲ့ တပည့်တော်တွေအဖြစ်၊ ကျွန်တော်တို့ဟာ “စိတ်နှလုံးကို ညီညွတ်ခြင်းနှင့် တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်း၌ အတူတကွထုံးဖွဲ့”၉ နေကြဖို့ ညွှန်ကြားထားတာကိုခံရပါတယ်။ ကျွန်တော်တို့ရဲ့ ချစ်သောပရောဖက် ရပ်ဆဲလ်အမ်၊ နယ်လဆင်က မကြာသေးမီက ဖော်ပြခဲ့ပါတယ်၊ “ရန်တွေ့ခြင်းဟာ ကယ်တင်ရှင်ရပ်တည် သွန်သင်တဲ့အရာတိုင်းကို ဆန့်ကျင်ပါတယ်။”၁၀ ကျွန်တော်တို့နှလုံးသားတွေနဲ့ ဘဝတွေမှာ လက်ရှိတက်နေတဲ့ ကိုယ်ရေးပဋိပက္ခတွေကို အဆုံးသတ်ဖို့ ကျွန်တော်တို့တတ်နိုင်သမျှလုပ်ဆောင်ကြဖို့ကိုလည်း ကျွန်တော်တို့ရဲ့ ပရောဖက်က ပန်ကြားခဲ့ပါတယ်။၁၁
ကျွန်တော်တို့ ဒီအခြေခံသဘောတရားတွေကို ကိုယ်တော်ရဲ့နောက်လိုက်များအဖြစ်၊ တစ်ယောက်နဲ့တစ်ယောက်ထားရှိဖို့ကြိုးစားရမဲ့ ခရစ်တော်ရဲ့စင်ကြယ်သောချစ်ခြင်းအနေနဲ့ စဉ်းစားကြပါစို့။ ကျမ်းစာတွေက ဒီလိုချစ်ခြင်းမျိုးကို မေတ္တာလို့ သတ်မှတ်ပါတယ်။၁၂ ကျွန်တော်တို့ မေတ္တာအကြောင်း စဉ်းစားတဲ့အခါ၊ ကျွန်တော်တို့စိတ်တွေဟာ စိတ်ပိုင်း၊ ဥစ္စာနဲ့ စိတ်ခံစားမှု အခက်အခဲတွေ ကြုံတွေ့နေရသူတွေရဲ့ ခံစားမှုတွေကိုသက်သာစေဖို့ ရက်ရောတဲ့ လှုပ်ရှားမှုတွေနဲ့ လှူဒါန်းမှုတွေဆီလှည့်ကြပါတယ်။ ဒါပေမယ့်၊ မေတ္တာဟာ တစ်ယောက်ယောက်ကို ကျွန်တော်တို့ လှူဒါန်းတဲ့တစ်စုံတစ်ခုနဲ့မဆက်စပ်ပါဘူး၊ ကယ်တင်ရှင်ရဲ့ ဝိသေသလက္ခဏာတစ်ခုမျှသာဖြစ်ပြီးတော့ ကျွန်တော်တို့စရိုက်လက္ခဏာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကို မေတ္တာနှောင်ဖွဲ့ခြင်းဆိုတဲ့၊ “စုံလင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းနှောင်ဖွဲ့ခြင်းနဲ့”၁၃ ဝတ်ဆင်ဖို့ လမ်းညွှန်ခဲ့တာ အံ့ဩစရာမဟုတ်ပါဘူးခင်ဗျာ။ မေတ္တာမပါရင်၊ ကျွန်တော်တို့ဟာ ဘာမှမဟုတ်ပါ၊၁၄ ပြီးတော့ ကောင်းကင်ဘုံရှင်အဘရဲ့ နေစရာတွေမှာ ကျွန်တော်တို့အဖို့ ကိုယ်တော်ရှင်ပြင်ဆင်ထားတဲ့ နေရာကို အမွေမခံနိုင်ကြပါဘူး။၁၅
ဒီစုံလင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းအနှောင်အဖွဲ့ကို ပိုင်ဆိုင်ဖို့ဆိုတာဘာလဲဆိုလိုတာကို ယေရှုက စုံလင်စွာပုံသက်သေပြခဲ့ပါတယ်၊ အထူးသဖြင့် သူ့အသက်စတေးခြင်းရှေ့က မချိတင်ကဲအဖြစ်အပျက်တွေကို ရင်ဆိုင်နေတဲ့အချိန်တုန်းကပါပဲ။ ယေရှု သူ့တပည့်တော်တွေထဲက တစ်ယောက် သူ့ကို အဲဒီညမှာ သစ္စာဖောက်လိမ့်မယ်ဆိုတာကို သိသိချည်းနဲ့ သူတို့ရဲ့ခြေတွေကို နှိမ့်ချစွာဆေးပေးနေရင်း ဘယ်လိုခံစားရမလဲဆိုတာ ခဏလောက်တွေးကြည့်ပါ။၁၆ ဒါမှမဟုတ် ယေရှု၊ နာရီများစွာ ကြာပြီးနောက်မှာ၊ သူ့ကို ဖမ်းဖို့ ၊ သူ့သစ္စာဖောက်ယုဒနဲ့ အတူလိုက်လာတဲ့လူတွေထဲက တစ်ယောက်ရဲ့ နားကို ကရုဏာသက်စွာ ကုပေးတာကို စဉ်းစားကြည့်ပါ။၁၇ သို့မဟုတ်၊ ကိုယ်တော်ရှင် ပိလတ်ရှေ့မှာရပ်နေစဉ်၊ ယဇ်ပုရောဟိတ်မင်းတွေနဲ့ အသင်းလူကြီးတွေရဲ့ မတရားစွပ်စွဲခံရတဲ့အချိန်မှာတောင် သူ့ကိုစွပ်စွဲတဲ့ အမှားစွပ်စွဲချက်တွေကို စကားတစ်လုံးမှ မပြောဘဲ၊ ရောမမြို့ဝန်ကို အံ့ဩစေခဲ့တာကို စဉ်းစားကြည့်ပါ။၁၈
ဒီဝမ်းနည်းဖွယ်အဖြစ်အပျက်သုံးခုအားဖြင့်၊ ကယ်တင်ရှင်ဟာ၊ များလွန်းတဲ့ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေရှိသော်လည်း၊ ကျွန်တော်တို့ကို “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်”၁၉ လို့သွန်သင်ခဲ့ပါတယ်။
အလေးထားဖို့ တစ်ခြားအရေးကြီးတဲ့ အချက်နဲ့ ကျွန်တော်တို့တပည့်တော်ဖြစ်ခြင်းနဲ့ ကယ်တင်ရှင်ရဲ့ ငြိမ်းချမ်းခြင်းကို ကျွန်တော်တို့ ဘယ်လို မြှင့်တင်သလဲဆိုတဲ့ အပေါ်တိုက်ရိုက် ပတ်သက်မှုရှိတဲ့အရာကတော့ ကျွန်တော်တို့ အချင်းချင်းဆက်ဆံတဲ့ပုံစံဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ လောကီအမှုတော်ဆောင်ကာလမှာ၊ ကယ်တင်ရှင်ရဲ့သွန်သင်ခြင်းက ကိုယ်တော်နဲ့ပိုနီးလာပြီး ကိုယ်တော်ရဲ့ ငြိမ်းချမ်းခြင်းကိုမြှင့်တင်လိုသူတွေအတွက် အခြေခံလက္ခဏာတွေဖြစ်တဲ့—ချစ်ခြင်း၊ မေတ္တာ၊ သည်းခံခြင်း၊ နှိမ့်ချခြင်းနဲ့ သနားခြင်းတို့ကို—သာမန်သာမဟုတ်—အထူးအာရုံစိုက်ပါတယ်။ အဲဒီလိုလက္ခဏာတွေဟာ ဘုရားသခင်ဆီက ဆုကျေးဇူးတွေပါ၊ ကျွန်တော်တို့ဟာ အဲဒါတွေကို တိုးတက်အောင်ကြိုးစားကြတာနဲ့အမျှ၊ ကျွန်တော်တို့နဲ့ စပ်ဆိုင်သူတွေရဲ့ ကွဲပြားမှုတွေနဲ့ အားနည်းချက်တွေကို ပိုပြီးကိုယ်ချင်းစာစိတ်၊ သတိ၊ လေးစားမှု၊ သည်းခံစိတ်တွေနဲ့ မြင်စပြုလာပါလိမ့်မယ်။ ကယ်တင်ရှင်ဆီပိုနီးလာဖို့ ချဉ်းကပ်ခြင်း၊ ကိုယ်တော်နဲ့ပိုတူလာခြင်းတို့ရဲ့ ထင်ရှားတဲ့လက္ခဏာတွေထဲက တစ်ခုကတော့၊ ချစ်ခြင်း၊ သည်းခံခြင်း၊ ဘယ်အခြေအနေတွေမှာဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အပေါင်းအဖော်တွေကို ဆက်ဆံတဲ့ ကြင်နာသောနည်းဖြစ်ပါတယ်။
အခြားသူတွေရဲ့မြင်ရတဲ့ စရိုက်လက္ခဏာတွေ၊ အားနည်းချက်တွေနဲ့ ပတ်သက်လို့ ထင်မြင်ချက်တွေ မကောင်းတဲ့၊ ယုတ်ညံ့တဲ့မှတ်ချက်တွေနဲ့ရှိနေတဲ့လူတွေကို ကျွန်တော်တို့ မကြာခဏတွေ့ရပါတယ်၊ အဓိကအားဖြင့် အဲဒီစရိုက်လက္ခဏာတွေနဲ့ ထင်မြင်ချက်တွေက သူတို့ပြုမူတာ၊ တွေးတာနဲ့ ကွဲပြားသို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်တဲ့အခါတွေမှာပါပဲ။ ဒီလူတွေ အဲသလိုမှတ်ချက်တွေကို အခြားသူတွေဆီပေးနေတာကို မြင်ရတာတကယ်ကိုအတွေ့ရများပါတယ်၊ သူတို့ဟာ အနေအထားတစ်ခုရဲ့ ပတ်ဝန်းကျင်အခြေအနေအားလုံးကို မသိဘဲနဲ့ သူတို့ကြားတာကို ထပ်ကာထပ်ကာပြောနေကြတာပါ။ ကံမကောင်းစွာပဲ၊ လူမှုကွန်ယက်က ဒီလိုအပြုအမူမျိုးကို နှိုင်းဆအမှန်တရားနဲ့ ပွင့်လင်းမြင်သာမှုအမည်ခံပြီးအားပေးနေပါတယ်။ အကန့်အသတ်မရှိဘဲ၊ လိုင်းပေါ်ကစကားတွေဟာ လူတွေကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနဲ့ ဒေါသဖြစ်တဲ့ငြင်းခုံမှုတွေဆီကိုပို့ပါတယ်၊ စိတ်ပျက်မှုတွေဖြစ်စေတယ်၊ နှလုံးသားတွေကို နာကျင်စေတယ်၊ ရန်မီးကိုလည်း ပြန့်ပွားစေပါတယ်။
နောက်ပိုင်းကာလတွေမှာ၊ ရန်သူဟာ ကောင်းမြတ်တဲ့အရာကို ဆန့်ကျင်ပြီး လူတို့ကို နှိုးဆော်မှာဖြစ်တယ်လို့၂၀ နီဖိုင်းက ပရောဖက်ပြုဟောခဲ့ပါတယ်။ ကျမ်းစာတွေက သွန်သင်ပါတယ်၊ “ကောင်းမြတ်သည်ကို ပြုစေရန်၊ ထို့အတူ၊ ဘုရားသခင်ကို ချစ်စေရန်၊ ထို့အတူ၊ သူ့အစေကို ခံစေရန်၊ ဖိတ်ခေါ်၍၊ သွေးဆောင်သောအရာတိုင်းသည် ဘုရားသခင်အားဖြင့် လမ်းပြလှုံ့ဆော်သောအရာ ဖြစ်၏။”၂၁ တစ်ဖက်မှာတော့၊ “ဆိုးသောအရာသည် နတ်ဆိုးထံမှ လာ၏။ အကြောင်းမူကား၊ နတ်ဆိုးသည် ဘုရားသခင်အဖို့ ရန်သူတစ်ဦးဖြစ်၏၊ သူ့ကို အစဉ်မပြတ် ဆန့်ကျင်တိုက်ခိုက်၍၊ လူတို့ကို အပြစ်ပြုစေရန်နှင့် ဆိုးသောအရာကို အစဉ်မပြတ်ပြုစေရန် ဖိတ်ခေါ်၍ သွေးဆောင်၏။”၂၂
ဒီပရောဖက်သွန်သင်ချက်ကို စဉ်းစားမယ်ဆိုလျှင်၊ မာရ်နတ်ရဲ့ ပရိယာယ်တွေထဲက တစ်ခုဟာဘုရားသခင့်သားသမီးတွေရဲ့ စိတ်နှလုံးထဲမှာ ရန်ငြိုးနဲ့ အမုန်းကိုနှိုးဆော်ဖို့ဖြစ်တယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။ သူက လူတွေတစ်ယောက်နဲ့တစ်ယောက် ဝေဖန်နေတာ၊ ပြောင်နေတာ၊ အသရေဖျက်နေတာကို မြင်ရတဲ့အခါဝမ်းမြောက်ပါတယ်။ ဒီအပြုအမူက လူတစ်ယောက်ရဲ့ အကျင့်စရိုက်၊ ဂုဏ်သတင်းနဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုကို ဖျက်ဆီးနိုင်ပါတယ်၊ အထူးသဖြင့် မတရားစီရင်ဆုံးဖြတ်ခံရတဲ့အခါမျိုးမှာပါ။ ကျွန်တော်တို့ဘဝတွေမှာ ဒီလိုစိတ်ဓာတ်မျိုးကို အခွင့်ပေးတဲ့အခါ၊ ရန်သူရဲ့ဆိုးရွားတဲ့ထောင်ချောက်ထဲကျမယ့်ဘေးရှိလျက်နဲ့ ကျွန်တော်တို့ကြားမှာစိတ်ဝမ်းကွဲခြင်းမျိုးစေ့ကိုစိုက်ဖို့ ရန်သူအတွက် ကျွန်တော်တို့ရဲ့စိတ်နှလုံးမှာ နေရာပေးတဲ့အခါ သတိပေးဖို့ အလွန်အရေးကြီးပါတယ်။
အကယ်၍ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အတွေးအမြင်၊ စကားလုံးများနှင့် အပြုအမူများကို သတိမထားမိပါက၊ ရန်သူ၏ ကောက်ကျစ်စဉ်းလဲသော လှည့်ဖြားမှုများကြောင့် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှ လူများနှင့် ကျွန်တော်တို့၏ ချစ်ရသူများနှင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်ပါတယ်။
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကိုယ်တော်ရှင်ရဲ့ထူးခြားသောလူမျိုးနှင့် သူ၏ငြိမ်သက်ခြင်းကို မြှင့်တင်သူများအနေဖြင့်၊ ကျွန်တော်တို့၏စိတ်နှလုံးတွင် မကောင်းဆိုးဝါး၏ဤလှည့်စားမှုများကို ခွင့်မပြုနိုင်ပါ။ ခံစားချက်တွေ၊ ဆက်ဆံရေးတွေနဲ့ ဘဝတွေကိုတောင် ဖျက်စီးပစ်တဲ့ ပြင်းထန်တဲ့ ဝန်ထုပ်ဝန်ပိုးကို ကျွန်တော်တို့ မထမ်းနိုင်ပါဘူး။ ဧဝံဂေလိတရားဟာ ကြီးစွာသောဝမ်းမြောက်ခြင်းသတင်းကောင်းကို ပုံဆောင်ပါတယ်။
ဟုတ်ပါတယ်၊ ကျွန်တော်တို့ဘယ်သူမှ မစုံလင်ပါဘူး၊ အသေအချာပါပဲ ဒီလိုအပြုအမူမျိုးထဲကို လှည့်ဖြားအခေါ်ခံခဲ့ရတဲ့အချိန်တွေရှိပါတယ်။ ကယ်တင်ရှင်က သူ့ရဲ့ စုံလင်တဲ့ ချစ်ခြင်းနဲ့၊ ကျွန်တော်တို့ရဲ့ လူ့သဘာဝကိုသိတဲ့ သဗ္ဗညုတဉာဏ်တော်နဲ့ ကျွန်တော်တို့ကို အဲလိုအန္တရာယ်တွေဆီကနေ အမြဲသတိပေးပါတယ်။ “သင်တို့သည် အကြင်တရားအတိုင်း သူတပါးကိုစီရင်ကြ၏ ထိုတရားအတိုင်းစီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။”၂၃ လို့ ကျွန်တော်တို့ကို သွန်သင်ခဲ့ပါတယ်။
ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှများခင်ဗျာ၊ ကျွန်တော်တို့ဟာ ကယ်တင်ရှင်ကဲ့သို့သောလက္ခဏာတွေ ဖွံ့ဖြိုးဖို့ ကြိုးစားကြတာနဲ့အမျှ၊ ကိုယ်တော်တည်ထောင်ခဲ့တဲ့ပုံစံအတိုင်း လောကမှာ ကိုယ်တော်ရဲ့ငြိမ်းချမ်းခြင်းတန်ဆာတွေဖြစ်လာနိုင်ကြပါတယ်။ ကျွန်တော်တို့တတွေ ဖေးမတတ်တဲ့၊ ကူညီတတ်တဲ့လူမျိုး၊ နားလည်ခြင်းနဲ့ ခွင့်လွှတ်ခြင်း နှလုံးသားရှိတဲ့ လူမျိုး၊ “နှစ်သက်ဖွယ်သော သို့မဟုတ် အသရေရှိသော၊ သို့မဟုတ် ချီးမွမ်းဖွယ်ဖြစ်သောအရာတစ်စုံတစ်ခုရှိလျှင်၊ ကျွန်ုပ်တို့သည် ထိုအရာကို ရှာဖွေကြပါ၏”၂၄ ဆိုတာကို အမြဲအောက်မေ့လျက်အခြားသူတွေရဲ့ အကောင်းဆုံးကိုရှာ ကောင်းမြတ်သောလူမျိုးအဖြစ်ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ပြောင်းလဲနိုင်တဲ့နည်းတွေကို စဉ်းစားကြဖို့ သင်တို့ကို ဖိတ်ခေါ်ပါတယ်။
ကျွန်တော်တို့တတွေ ဒီလက္ခဏာတွေကို ရှာဖွေ ဖွံ့ဖြိုးကြတာနဲ့အမျှ၊ ပိုပိုပြီးတော့ ပျူငှာလာပြီး၊ ကျွန်တော်တို့အပေါင်းအဖော်တွေရဲ့ လိုအပ်ချက်တွေကို သတိထားလာကြပြီး၂၅ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ဝိညာဉ်ပကတိဖွံ့ဖြိုးခြင်းကို၂၆ ကြုံတွေ့ကြရမှာဖြစ်ကြောင်း သင်တို့ကို ကျွန်တော်ကတိပေးပါတယ်။ ဧကန်မုချ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုပါလိမ့်မယ်၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားမှုတွေ၊ အားနည်းချက်တွေ၊ မစုံလင်မှုတွေကို သည်းခံစိတ်ရှည်ဖို့ လိုအပ်တဲ့ဆုကျေးဇူးတွေကို ပေးပါလိမ့်မယ်။ ဒါ့အပြင်၊ အပြစ်ယူဖို့ သို့မဟုတ် ကိုယ့်ကိုနာကျင်စေတဲ့သူတွေကို နှိပ်စက်ဖို့တိုက်တွန်းတာကို ပိုပြီးကောင်းကောင်းတွန်းလှန်နိုင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ခွင့်လွှတ်လိုတဲ့ ဆန္ဒက၊ ကယ်တင်ရှင်ခွင့်လွှတ်ခဲ့သလိုပဲ၊ ကျွန်တော်တို့ကို မဖွယ်မရာပြုတဲ့ သို့မဟုတ် ကျွန်တော်တို့အကြောင်းမကောင်းပြောတဲ့သူတွေအပေါ်မှာ အမှန်တိုးလာပြီး ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာတစ်စိတ်တစ်ပိုင်းဖြစ်လာပါလိမ့်မယ်။
ကျွန်တော်တို့ ဒီနေ့၊ ဒီစွန်ပလွံခက်တနင်္ဂနွေနေ့မှာ၊ ကျွန်တော်တို့ရဲ့ ချစ်ခြင်းဝတ်ရုံတွေနဲ့ မေတ္တာထန်းရွက်တွေကို ဖြန့်ခင်းကြပါစို့၊ ဒီလာမယ့်အံ့ဩဖွယ်ဗလာသင်္ချိုင်းကို ဆင်နွှဲဖို့ပြင်ဆင်ရင်း ငြိမ်းချမ်းခြင်းအရှင်ရဲ့ ခြေရာနောက်ကို လိုက်လျှောက်ကြပါစို့။ ခရစ်တော်၌ ညီအစ်ကို မောင်နှမများအဖြစ်၊ ကျွန်တော်တို့ဝမ်းမြောက်စွာ ကြေညာကြပါစို့၊ “ဒါဝိဒ်၏သားတော် ဟေရှဏ္ဏဖြစ်စေသတည်း၊ ကိုယ်တော်ရှင်၏နာမတော်ဖြင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိတော်မူပါစေသတည်း၊ အမြင့်ဆုံး၌ ဟေရှဏ္ဏဖြစ်စေသတည်း။”၂၇
ယေရှုခရစ်တော်အသက်ရှင်ကြောင်း၊ သူ၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ဖော်ပြသည့် သူ၏စုံလင်သောချစ်ခြင်းကို သူနဲ့အတူလျှောက်ပြီး၊ ဒီလောကနဲ့ လာမယ့်လောကမှာ သူ့ရဲ့ ငြိမ်းချမ်းခြင်းကို မွေ့လျော်လိုသူအားလုံးဆီကို ကမ်းလှမ်းထားကြောင်း ကျွန်တော်သက်သေခံပါတယ်။ ဒီအရာတွေကို ကယ်တင်ရှင် ရွေးနှုတ်ရှင် ယေရှုခရစ်တော်၏နာမတော်အားဖြင့် ပြောကြားပါတယ်ခင်ဗျာ၊ အာမင်။