အဖြေကတော့ အမြဲယေရှုဖြစ်ပါတယ်
သင့်မှာ ဘယ်လိုမေးခွန်းတွေ သို့မဟုတ် ဘယ်လိုပြဿနာတွေ ရှိနေပါစေ၊ အဖြေကို ယေရှုခရစ်တော်၏ အသက်တာနှင့် သွန်သင်ချက်တွေမှာ အမြဲတွေ့နိုင်ပါတယ်။
ချစ်လှစွာသော ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီနောက်ဆုံးနှစ်ရက်အတွင်း ကျွန်တော်တို့အား ဝိညာဉ်ရေးရာ ခွန်အားပေးခဲ့ပါတယ်။ ဓမ္မတေးအဖွဲ့ တေးဂီတက ထိပ်တန်းအဆင့်ပါပဲ။ ဟောပြောခဲ့တဲ့သူတွေဟာ ကိုယ်တော်ရှင်အတွက် တူရိယာတွေပါ။ ဤစင်မြင့်မှ သင်ကြားခဲ့တဲ့အမှန်တရားတွေကို သင်တို့ဆင်ခြင်ရင်းနဲ့ လေ့လာခြင်းမှာ သင်တို့ကို လမ်းညွှန်ပေးရန် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ရှာကြမယ့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။ အဲဒါတွေဟာ အမှန်တကယ် ကောင်းကင်ဘုံကစေလွှတ်ခဲ့တဲ့အရာတွေဖြစ်ပါတယ်။
နောက်အပတ် တနင်္ဂနွေနေ့က ပသခါပွဲတနင်္ဂနွေနေ့ပါ။ အဲ့ဒါဟာ ယေရှုခရစ်တော်ရဲ့နောက်လိုက်များအတွက် အရေးကြီးဆုံး သော ဘာသာရေးပွဲတော်ဖြစ်ပါတယ်။ ခရစ္စမတ်ပွဲကျင်းပရတဲ့ အဓိကအကြောင်းရင်းမှာ ပသခါပွဲကြောင့်ဖြစ်ပါတယ်။ ဒီအပတ် လာ၍၊ ငါ့နောက်သို့လိုက်လော့ သင်ခန်းစာတွင် ယေရုရှလင်မြို့သို့ ကယ်တင်ရှင်ရဲ့ အောင်ပွဲဝင်ခြင်း၊ ဗိမာန်တော်သန့်ရှင်းခြင်း၊ ဂေသရှေမန်ဥယျာဉ်တွင် သူ၏ဆင်းရဲဒုက္ခ၊ ကားစင်တင်ခံရခြင်း၊ ဘုန်းကြီးသော ရှင်ပြန်ထမြောက်ခြင်းနှင့် သူ၏နောက်လိုက်များထံ သူ၏နောက်ပိုင်းကြွတော်မူခြင်းများကို လေ့လာရန် သင့်အား လှုံ့ဆော်ပေးပါလိမ့်မယ်။၁
ဤမြင့်မြတ်သောအခန်းငယ်များကို မြည်းစမ်းကြည့်ပြီး သူ၏တစ်ပါးတည်းသောသားတော်ကို စေလွှတ်ခြင်းအတွက် ကောင်းကင်ဘုံရှင်အဘကို ကျေးဇူးတင်ရန် သင်တတ်နိုင်သမျှ နည်းလမ်းရှာပါ။၂ ယေရှုခရစ်တော်ကြောင့်၊ ကျွန်တော်တို့ဟာ နောင်တရနိုင်ပြီး ကျွန်တော်တို့၏အပြစ်များကို ခွင့်လွှတ်ခံရနိုင်ပါတယ်။ ကိုယ်တော့်ကြောင့်၊ ကျွန်တော်တို့အယောက်တိုင်း ရှင်ပြန်ထမြောက်ကြပါလိမ့်မယ်။
၃ နီဖိုင်းတွင် မှတ်တမ်းတင်ထားတဲ့အတိုင်း အမေရိကရှိ နီဖိုင်းလူမျိုးတို့ထံ ကယ်တင်ရှင်ကြွတော်မူလာခြင်းအကြောင်း ထပ်မံလေ့လာရန် သင့်ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ထိုသို့ကြွတော်မမူခင် မကြာမီတွင်၊ ဤအသနားခံစကားများ အပါအဝင် လူအများကြားတွင် ကိုယ်တော်၏ အသံကို ကြားခဲ့ရပါတယ်။
“ငါသည် သင်တို့ကို အနာကင်းစေနိုင်မည့်အကြောင်း၊ သင်တို့သည် ယခုတွင် ငါ့ထံသို့ ပြန်လာ၍၊ သင်တို့၏အပြစ်များမှ နောင်တရ၍ ပြောင်းလဲကြမည်မဟုတ်လော။
“… ရှုလော့၊ ငါ၏ကရုဏာတော်လက်ရုံးသည် သင်တို့ဆီသို့ ဆန့်တန်း၏၊ လာမည့်သူမှန်သမျှကို ငါလက်ခံတော်မူမည်။”၃
ချစ်ရတဲ့ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်က ယနေ့မှာလည်း အဲဒီအလားတူဖိတ်ခေါ်ချက်ကို သင့်ဆီ ဆန့်တန်းထားပါတယ်။ သင့်ကို ကုသပေးနိုင်ရန် ကိုယ်တော်ဆီလာဖို့ ကျွန်တော်အသနားခံပါတယ်။ ကိုယ်တော်ဟာ သင်နောင်တရတာနှင့်အမျှ သင့်အား အပြစ်မှ ကုသပေးပါလိမ့်မယ်။ ကိုယ်တော်ဟာ သင့်ကို ဝမ်းနည်းခြင်းနှင့် ကြောက်ရွံ့ခြင်းမှ ကုသပေးပါလိမ့်မယ်။ ကိုယ်တော်ဟာ သင့်ကို ဤလောက၏ဒဏ်ရာများမှ ကုသပေးပါလိမ့်မယ်။
သင့်မှာ ဘယ်လိုမေးခွန်းတွေ သို့မဟုတ် ဘယ်လိုပြဿနာတွေရှိနေပါစေ၊ အဖြေကို ယေရှုခရစ်တော်၏ အသက်တာနှင့် သွန်သင်ချက်တွေမှာ အမြဲတွေ့နိုင်ပါတယ်။ သူ၏အပြစ်ဖြေခြင်းမင်္ဂလာ၊ မေတ္တာ၊ ကရုဏာ၊ ဩဝါဒနှင့် ပြန်လည်ဆောင်ယူထားသော အနာငြိမ်းခြင်းဧဝံဂေလိတရား၊ တိုးတက်မှုနှင့် ဆက်စပ်မှုအကြောင်း ပိုမိုလေ့လာပါ။ သူ့ထံသို့ ပြောင်းလဲပါ။ သူ့နောက် လိုက်လျှောက်ပါ။
ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ ဗိမာန်တော်များ တည်ဆောက်ရခြင်း အကြောင်းရင်းဖြစ်ပါတယ်။ တစ်ခုစီတိုင်းဟာ သန့်ရှင်းသော အိမ်တော်ဖြစ်ပါတယ်။ ပဋိညာဉ်ပြုခြင်းနှင့် ဗိမာန်တော်ရှိ မရှိမဖြစ်လိုအပ်သော ဘိသိက်မင်္ဂလာတွေကို ခံယူခြင်းအပြင်၊ ထိုနေရာ၌ ကိုယ်တော်နှင့် ပိုမိုနီးကပ်စေရန် ရှာဖွေခြင်းဟာ၊ အခြားကိုးကွယ်မှုမျိုးမပြုလုပ်နိုင်တဲ့ နည်းလမ်းများဖြင့် သင့်အသက်တာကို ကောင်းချီးပေးပါလိမ့်မယ်။ ဒါကြောင့်၊ ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝှမ်းရှိ ကျွန်တော်တို့၏အသင်းသားများအတွက် ဗိမာန်တော်ကောင်းချီးမင်္ဂလာတွေကို ပိုမိုရရှိနိုင်စေရန် ကျွန်တော်တို့အစွမ်းအစရှိသမျှ လုပ်ဆောင်နေကြပါတယ်။ ယနေ့၊ အောက်ပါနေရာတစ်ခုစီတွင် ဗိမာန်တော်အသစ်ဆောက်လုပ်မယ့် ကျွန်တော်တို့၏အစီအစဉ်များကို ကြေငြာရတဲ့အတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။
-
ရတဲဟူးလီယူ၊ ဂွာတီမာလာနိုင်ငံ
-
အီကွီတိုစ်၊ ပီရူးနိုင်ငံ
-
ထရီစီနာ၊ ဘရာဇီးနိုင်ငံ
-
နေတဲလ်၊ ဘရာဇီးနိုင်ငံ
-
တက်ကလိုဘင်မြို့၊ ဖိလစ်ပိုင်နိုင်ငံ
-
အိုင်လိုအီလို၊ ဖိလစ်ပိုင်နိုင်ငံ
-
ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ
-
ဟမ်းဘတ်၊ ဂျာမနီနိုင်ငံ
-
လက်ဘရစ်ခ်ျ၊ အယ်လ်ဘာတာ၊ ကနေဒါနိုင်ငံ
-
ဆန် ဟိုဆေး၊ ကယ်လီဖိုးနီးယားပြည်နယ်
-
ဘိတ်ကာဖီးဒ်၊ ကယ်လီဖိုးနီးယားပြည်နယ်
-
စပရင်းဖီးလ်၊ မစ်ဆူရီပြည်နယ်
-
ချားလက်ာ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်
-
ဝင်ချက်စတာ၊ ဗာဂျီးနီးယားနိုင်ငံ
-
ဟာရစ်ဘာ့ဂ်၊ ပဲင်စီလ်ဗေးနီးယားပြည်နယ်
ချစ်ရတဲ့ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယေရှုခရစ်တော်ဟာ သူ့အသင်းတော်၏ အရေးကိစ္စများကို ညွှန်ကြားကြောင်း ကျွန်တော်သက်သေခံပါတယ်။ သူ့နောက်လိုက်ခြင်းဟာ ပျော်ရွှင်မှုတည်တံ့နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ သူ့တန်ခိုးဟာ “ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးစွာသောဘုန်းတော်ရှိသည့် ဘုရားသခင်၏တန်ခိုးတော်နှင့်လည်းကောင်း စွဲကိုင်ထားကြ” တဲ့၄ သူ့၏ဋိညာဉ်စောင့်ထိန်းသူတွေအပေါ် သက်ရောက်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ သင်တို့အတွက် ကျွန်တော့်ချစ်ခြင်းနှင့်ကောင်းချီးများဖြင့်၊ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်၌၊ သက်သေခံပါတယ်၊ အာမင်။