ယဇ်ပုရောဟိတ်အခွင့်သော့များ၏ဆုကျေးဇူး၌ပျော်မွေ့ခြင်း
ယဇ်ပုရောဟိတ်အခွင့်သော့များသည် ကိုယ်တော်ရှင်၏ရည်ရွယ်ချက်ကိုဆောင်ကြဥ်းရန်နှင့် ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်ကို လက်ခံကြသူအားလုံးအား ကောင်းချီးပေးရန်အတွက် ဘုရားသခင်၏ယဇ်ပရောဟိတ်အခွင့်ကို မည်ကဲ့သို့အသုံးပြုရမည်ကို ထိန်းချုပ်ပါတယ်။
ကျွန်တော်ချစ်ရတဲ့ညီမကိုမောင်နှမများခင်ဗျာ၊ ဒီနေ့က ကျွန်တော်နဲ့ ဥက္ကဋ္ဌ ဒလျံ အိပ်ချ် အုတ် အတွက် သမိုင်းဝင်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၄၀က၊ ဧပြီလ ၇ရက်၊၁၉၈၄ခုနှစ်မှာ ကျွန်တော်တို့ဟာ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့သို့ ခေါ်ဆိုခြင်းခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကတည်းက ကျွန်တော်တို့ အထွေထွေညီလာခံတစ်ခုစီတိုင်းကို ပျော်မွေ့ခဲ့ပါတယ်၊ ဒီတစ်ခုအပါအဝင်ပါပဲ။ နောက်တစ်ကြိမ်ကျွန်တော်တို့ မြင့်မြတ်တဲ့ဝိညာဥ်တော်ရဲ့ သွန်းလောင်းခြင်းကို ခံခဲ့ရပါပြီ။ သင်တို့ လာမယ့်လတွေမှာ ဒီအထွေထွေညီလာခံက သတင်းစကားများကို အထပ်ထပ်အခါခါလေ့လာကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်။
ကျွန်တော်မွေးတဲ့အချိန်တုန်းက၊ အသင်းတော်မှာ အသုံးပြုနိုင်တယ့် ဗိမာန်တော် ၆ခုရှိပါတယ်—တစ်ခုစီတိုင်းက စိန့်ဂျော့၊ လိုဂန်၊ မန်ထိုင်း၊ နဲ့ ဆော့လိတ်မြို့၊ ယူထပြည် မှာရှိပြီး၊ ကတ်စတန်မြို့၊ အယ်ဘာထာပြည် ၊ကနေဒါနိုင်ငံ နဲ့ လာရေ မြို့ ၊ဟာဝိုင်အီပြည် မှာရှိပါတယ်။ အစောပိုင်း ဗိမာန်တော်နှစ်ခု က ကတ်ထ်လန်မြို့၊ အိုဟိုင်ရိုပြည် နဲ့ နာဗူ နးမြို့၊ အယ်လနွိုင်းပြည်မှာ ခဏတာအသုံးပြုနိုင်ခဲ့ပါတယ်။ အသင်းတော်ရဲ့အဓိကအဖွဲ့က အနောက်ဘက်ကိုပြောင်းရွေ့ကြတာနဲ့၊ သန့်ရှင်းသူတွေဟာ ထိုဗိမာန်တော်နှစ်ခုကို ထားခဲ့ဖို့တွန်းအားပေးခံခဲ့ရပါတယ်။
နာဗူး ဗိမာန်တော်ဟာ မီးကွင်းပစ်တဲ့သူတွေရဲ့မီးကြောင့် ပျက်စီးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပြန်တည်ဆောက်ပြီးတော့ ဥက္ကဋ္ဌ ဂေါ်ဒန် ဘီ၊ ဟင်ကလီ ကဆပ်ကပ်ခဲ့ပါတယ်။ ကတ်ထ်လန် ဗိမာန်တော်က အသင်းတော်ရဲ့ ရန်သူတွေရဲ့ မလေးမစားပြုခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ၊ ကတ်ထ်လန် ဗိမာန်တော်ကို ခရစ်တော်၏အသိုင်းအဝိုင်းလို့ခေါ်တဲ့အသင်းတော်က ရယူခဲ့ပါတယ်၊ သူတို့က အချိန်အတော်ကြာအောင် ပိုင်ဆိုင်ခဲ့ကြပါတယ်။
ယခင်လက၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က နာဗူး မှထင်ရှားသောသမိုင်းဝင်နေရာများ နှင့် တကွ၊ ကတ်ထ်လန်ဗိမာန်တော်ကို ဝယ်ယူခဲ့ကြောင်းကြေညာခဲ့ပါတယ်။ ဒီသဘောတူညီချက်ရရှိဖို့ ရန် ခရစ်တော်၏အသိုင်းအဝိုင်းအသင်းတော်၏ ခေါင်းဆောင်များမှ လှိုက်လှဲစွာနှင့် နှစ်ဦးနှစ်ဖက် အကျိုးမြတ်ရနိုင်သောဆွေးနွေးခြင်းများအတွက် ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။
ကတ်ထ်လန်ဗိမာန်တော်ဟာ ယေရှုခရစ်တော်၏ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်မှာ ပုံမှန်မဟုတ်သည့်ထူးခြားချက်များရှိပါတယ်။ ထိုနေရာမှာပြုလုပ်ခဲ့တဲ့အခမ်းအနားများစွာဟာ ထောင်စုနှစ်များအတွက်ပရောဖက်ပြုခဲ့ပြီး၊ ကိုယ်တော်ရှင်၏ပြန်လည်ဆောင်ယူထားသောအသင်းတော်၌ နောက်ဆုံးနေ့သာသနာအတွက် ပြည့်စုံစေရန် မရှိမဖြစ်လိုအပ်ပါတယ်။
ထိုအခမ်းအနားများထဲက အရေးအကြီးဆုံးတစ်ခုဟာ၊ ပသခါတနင်္ဂနွေနေ့၊ ဧပြီလ ၃ရက်၊၁၈၃၆ မှာဖြစ်ခဲ့ပါတယ်၊ ထိုနေ့မှာ၊ ဂျိုးဇက်စမစ်နဲ့ အော်လီဗာ ကောင်ဒရီ တို့က ထူးခြားသောလည်ပတ်လာခြင်း များစွာ တို့ကို တွေ့ကြုံခဲ့ရပါတယ်။ ပထမဆုံး၊ ကိုယ်တော်ရှင်ယေရှုခရစ်တော် ပေါ်လာတော်မူခဲ့ပါတယ်။ ပရောဖက်က အခုလိုမှတ်တမ်းတင်ခဲ့ပါ၊ တယ်ကယ်တင်ရှင်၏ မျက်လုံးများသည် “သူ၏မျက်လုံးများသည် မီးလျှံကဲ့သို့ရှိ၏။ သူ၏ဦးခေါင်းမှဆံပင်တို့သည် စင်ကြယ်သောနှင်းပွင့်ကဲ့သို့ ဖြူ၏။ သူ၏မျက်နှာထားသည် နေ၏တောက်ပခြင်းထက်သာ၍ တောက်ပ၏။ သူ၏အသံသည်လည်း တစ်ဟုန်တည်းစီးသည့် ကြီးစွာသောရေတို့၏အသံရှိ၏။”
ထိုလာရောက်ခြင်းအချိန်မှာ၊ ကိုယ်တော်ရှင်က သူ၏ကိုယ်ပိုင်လက္ခဏာကို အတည်ပြုခဲ့ပါတယ်။ ကိုယ်တော်ပြောခဲ့ပါတယ်၊ “ငါသည် ပထမဦးဆုံးနှင့် နောက်ဆုံးသောသူ ဖြစ်၏။ ငါသည် အသက်ရှင်သောသူဖြစ်၏၊ ငါသည် ကွပ်မျက်ခံရသူဖြစ်၏။ ငါသည် ခမည်းတော်ထံ၌ သင်တို့၏လျှောက်လဲသူဖြစ်၏။”
ယေရှုခရစ်တော်က ဗိမာန်တော်များကို သူ ၏အိမ်တော်အဖြစ်လက်ခံကြောင်းကြေညာပြီး၊ ဤလှပတဲ့ ကတိတော်ပေးခဲ့ပါတယ်၊ “ငါသည် ငါ၏လူမျိုးတို့ကို ဤအိမ်တော်ထဲ၌ ကရုဏာဖြင့် ငါကိုယ်တိုင်ထင်ရှားစွာပြတော်မူမည်။”
ထိုပြောင်မြောက်လှတဲ့ ကတိတော်က ယနေ့ခေတ် ဆက်ကပ်ထားတဲ့ ဗိမာန်တော် တိုင်း အတွက် သက်ရောက်မူရှိပါတယ်။ ကိုယ်တော်ရှင်ရဲ့ ကတိတော်ဟာ သင်ကိုယ်တိုင်အတွက် ဘယ်လိုအဓိပ္ပာယ်မျိုးရှိသလဲ ဆိုတာကို တွေးတောဖို့ဖိတ်ခေါ်ပါတယ်။
ကယ်တင်ရှင်ရဲ့လာရောက်ခြင်းပြီးတဲ့နောက်မှာ၊ မောရှေ ပေါ်လာခဲ့ပါတယ်။ မောရှေက ဂျိုးဇက်စမစ်ကို ဣသရေလစုဝေးခြင်းနှင့် အမျိုးစုဆယ်စု ပြန်လာခြင်းတို့အတွက် သော့များကိုပေးအပ်ခဲ့ပါတယ်။
ထိုရူပါရုံ ပြီးဆုံးသောအခါမှာ၊ “ပရောဖက် ဧလိယပေါ်လာခဲ့ပြီး၊အာဗြဟံ၏ ဧဝံဂေလိတရားတော်ဖြန့်ဝေခြင်း ကတိ” အား ဂျိုးဇက်စမစ်ကိုပေးခဲ့ပါတယ်။၉
ပရောဖက် ဧလိယပေါ်လာခဲ့ပါတယ်။ သူပေါ်လာခြင်းက မာလခိရဲ့ ကတိတော်ဖြစ်တဲ့ ဒုတိယအကြိမ်ပြန်လာခြင်းမတိုင်မီမှာ၊ ကိုယ်တော်ရှင်က ဧလိယအား “သားတို့နှင့် အဘတို့ကို၎င်း အဘတို့နှင့် သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေရန် အတွက်ပို့လွတ်တော်မူခြင်းကို ပြည့်စုံစေပါတယ်။” ဧလိယက တံဆိပ်ခတ်ခြင်းတန်ခိုး၏သော့များကို ဂျိုးဇက်စမစ်ကိုပေးအပ်ခဲ့ပါတယ်။
ကိုယ်တော်ရှင်၏လမ်းညွှန်မှုအောက်မှာ ကောင်းကင်တမန်သုံးဦးတို့၏ သော့များပြန်လည်ပေးအပ်ခြင်းရဲ့ ထူးခြားမူတွေကို အသားပေးပြောလို့တောင်မကုန်နိုင်ပါဘူး။ ဥက္ကဋ္ဌအဖွဲ့ရဲ့ အခွင့်အာဏာနှင့် တန်ခိုးတော်တို့ဟာ ယဇ်ပုရောဟိတ်အခွင့် သော့များဖြင့်ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ယဇ်ပရောဟိတ် အခွင့်သော့များသည် ကိုယ်တော်ရှင်၏ရည်ရွယ်ချက်ကိုဆောင်ကြဥ်းရန်နှင့် ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်ကို လက်ခံကြသူအားလုံးအား ကောင်းချီးပေးရန်အတွက် ဘုရားသခင်၏ယဇ်ပုရောဟိတ်အခွင့်ကို မည်ကဲ့သို့အသုံးပြုရမည်ကို ထိန်းချုပ်ပေးပါတယ်။
အသင်းတော်၏ဖွဲ့စည်းမှုမတိုင်ခင်မှာ၊ ကောင်းကင်တမန်များက အာရုန်ယဇ်ပုရောဟိတ်အခွင့် နှင့် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်တို့ကို ပရောဖက်ဂျိုးဇက်စမစ်ကို ပေးအပ်ခဲ့ပြီးတော့၊ ထိုယဇ်ပုရောဟိတ်အခွင့်တို့၏သော့များကိုလည်း ပေးအပ်ခဲ့တယ်ဆိုတာကို မှတ်သားထားဖို့အရေးကြီးပါတယ်။ ထိုသော့များက ဂျိုးဇက်စမစ်ကို ၁၈၃၀ မှာ အသင်းတော်ကို တည်ထောင်ရန် အခွင့်အာဏာပေးခဲ့ပါတယ်။
ထို့နောက်၊ ၁၈၃၆ခု ကတ်ထ်လန် ဗိမာန်တော်မှာ၊ ထိုထပ်တိုးယဇ်ပုရောဟိတ်အခွင့်သော့များဖြစ်တဲ့ ဣသရေလစုဝေးခြင်းအခွင့်သော့များ၊ အာဗြဟံ၏ဧဝံဂေလိတရားတော်၏သော့များ၊နှင့် တံဆိပ်ခတ်ခြင်းတန်ခိုး၏သော့များကိုပေးအပ်ခြင်းဟာ မရှိမဖြစ်လိုအပ်ခဲ့ပါတယ်။ ထိုသော့တွေက ဣသရေသလစုဝေးခြင်းကို ကန့်လန့်ကာနှစ်ခုလုံး၌ပြုလုပ်ရန်၊ အာဗြဟံ၏ကောင်းချီးများဖြင့် ပဋိညာဥ်ပြုထားသည့်သားသမီးများအား ကောင်းချီးပေးရန်၊ ယဇ်ပုရောဟိတ်အခွင့်ဖြင့် ဘိသိက်မင်္ဂလာများနှင့် ပဋိညာဥ်များဆောင်ရွက်ရန် နှင့် မိသားစုများထာဝရတံဆိပ်ခတ်ခြင်းတို့ ပြုလုပ်ဖို့အခွင့်ကို ဂျိုးဇက်စမစ်နှင့် ကိုယ်တော်ရှင်၏အသင်းတော်၌ဦးဆောင်သောဥက္ကဋ္ဌများကိုပေးခဲ့ပါတယ်။ ထိုယဇ်ပုရောဟိတ်အခွင့်သော့များရဲ့တန်ခိုးတော်ဟာ တိကျပြီး ရင်သက်ရှုမောရလောက်ပါတယ်။
ကမ္ဘာမြေမှာ ယဇ်ပုရောဟိတ်အခွင့်သော့တွေကိုပြန်လည်ဆောင်ယူထားခြင်းမရှိဘူးဆိုရင် သင်ရဲ့ ဘဝတွေဘယ်လိုကွဲပြားသွားမလဲဆိုတာ စဥ်းစားကြည့်ပါ။ ယဇ်ပုရောဟိတ်အခွင့်သော့များမရှိပါက၊ ဘုရားသခင်ရဲ့တန်ခိုးတော်နဲ့ သင်အပ်နှင်းခြင်းမလုပ်နိုင်ပါဘူး။ ယဇ်ပုရောဟိတ်အခွင့်သော့များမရှိပါက၊ အသင်းတော်က ပြောင်မြောက်စွာသင်ကြားပေးခြင်း သို့မဟုတ် လူသားချင်းစာနာမှုကူညီပေးခြင်းအဖွဲ့အစည်း တစ်ခုအနေနဲ့သာအမှုတော်ဆောင်နိုင်ပါလိမ့်မယ်၊ ဒါထက်မပိုပါဘူး။ ယဇ်ပုရောဟိတ်အခွင့်သော့များမရှိပါက၊ ဘယ်သူကမှ မိမိချစ်သောသူများနှင့်ထာဝရပေါင်းစည်းနိုင်ရန်ပြုလုပ်သည့် လိုအပ်သောဘိသိက်မင်္ဂလာများမရရှိနိုင်ဘဲ၊ ဘုရားသခင်နှင့် နောက်ဆုံးမှာနေထိုင်နိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။
ယဇ်ပုရောဟိတ်အခွင့်က ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ကို ဤကမ္ဘာရှိတခြားအဖွဲ့အစည်းများမှ ကွဲပြားမူရှိစေပါတယ်။ များစွာသောတခြားအဖွဲ့အစည်းတွေဟာ ဤသေခြင်းရှိရာဘဝမှာ သင့်ရဲ့ဘဝကို ပိုကောင်း နိုင် အောင် ပြုလုပ် နိုင်ပါတယ်။ သို့သော် တခြားမည်သည့်အဖွဲ့အစည်းကမှ သေလွန်ပြီးနောက် သင်ရဲ့ဘဝကို လွမ်းမိုး နိုင် ခြင်းမရှိ နိုင် ပါဘူး။
ပဋိညာဉ်စောင့်ထိန်းသော ယောက်ျားမိန်းမတိုင်းအတွက် အာဗြဟံအား ကတိပြုထားသော ကောင်းချီးများ ထပ်တိုးရန် ယဇ်ပုရောဟိတ်အခွင့်သော့များက ကျွန်တော်တို့ကိုအခွင့်အာဏာပေးပါတယ်။ ဗိမာန်တော်အလုပ်များက ဘုရားသခင်၏သားသမီး တိုင်း ၊ မည်သည့်နေရာ သို့မဟုတ် မည့်သည့်အချိန် ၌ ယခု သို့မဟုတ် ယခင်ကနေထိုင်ခဲ့သည်ဖြစ်စေ ထိုလှပသည့်ကောင်းချီးမင်္ဂလာများအားရရှိစေရန်ပြုလုပ်ပေးပါတယ်။ ကမ္ဘာမြေပေါ်မှာ ယဇ်ပုရောဟိတ်အခွင့်သော့များကို တဖန်ပြန်လည်ခံစားပျော်မွေ့ကြရအောင်လားခင်ဗျာ။
အောက်ပါ အချက်သုံးချက်ကို ဂရုတစိုက်သုံးသပ်ဖို့ ကျွန်တော် သင်တို့ကိုဖိတ်ခေါ်ပါတယ်၊
-
ဣသရေလစုဝေးခြင်းသည် ဘုရားသခင်က နေရာတိုင်းမှာရှိနေတဲ့ သူ၏သားသမီး အားလုံး ကိုချစ်ခြင်းရဲ့ သက်သေပဲဖြစ်ပါတယ်။
-
အာဗြဟံ၏ဧဝံဂေလိတရားတော်သည် ထပ်လောင်း၍ နေရာတိုင်းမှသူ၏သားသမီးများ အားလုံး ကို ဘုရားသခင်ချစ်ကြောင်းသက်သေဖြစ်ပါတယ်။ အားလုံး ကိုသူ့ထံသို့လာရန်ကိုယ်တော်ဖိတ်ခေါ်ပါတယ်၊ “မည်းသောသူနှင့်ဖြူသောသူ၊ ကျွန်နှင့်လူလွတ်၊ ယောကျ်ားနှင့် မိန်းမ၊ … ခပ်သိမ်းသောသူတို့ သည် ဘုရားသခင်အဖို့ အတူတူပင်ဖြစ်သည်။”
-
တံဆိပ်ခတ်ခြင်းတန်ခိုးတော်သည်ကိုယ်တော်ရှင်၏ မြင့်မြတ် သည့် သူ၏သားသမီးများ အားလုံး အပေါ်မည်မျှချစ်ကြောင်း သက်သေဖြစ်ပြီး၊ ကိုယ်တော်သည် အယောက်ချင်းစီတိုင်း အားသူ့အိမ်ထံပြန်လာရန် ရွေးချယ်စေချင်ပါတယ်။
ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပြန်လည်ဆောင်ယူထားသည့် ယဇ်ပရောဟိတ်အခွင့်သော့များသည် ပဋိညာဥ်စောင့်ထိန်းသော အမျိုးသား အမျိုးသမီး တိုင်း အတွက် အလွန်ကောင်းမွန်သော ကိုယ်ပိုင် ဝိညာဥ်ရေးရာအခွင့်ထူးများကို ခံစားခွင့်ပေးနိုင်ပါတယ်။ ဒီနေရာမှာနောက်တဖန်၊ ကတ်ထ်လန်ဗိမာန်တော်၏ မြင့်မြတ်သောသမိုင်းမှ ကျွန်တော်တို့လေ့လာစရာတွေအများကြီးရှိပါတယ်။
ဂျိုးဇက်စမစ်၏ ကတ်ထ်လန်ဗိမာန်တော်ဆပ်ကပ်ခြင်း၌ဆုတောင်းချက်သည် ဗိမာန်တော်က ကျွန်တော်တို့ဒီနောက်ဆုံးသောရက်တွေမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုဝိညာဥ်ရေးရာအရ ဘယ်လိုခွန်အားပေးနိုင်လဲဆိုတာ သင်ကြားပေးတာဖြစ်ပါတယ်။ ထိုဆုတောင်းမှုကို သင်တို့လေ့လာဖို့ကျွန်တော်တိုက်တွန်းပါတယ်၊ ဒါကို သြဝါဒနှင့် ပဋိညာဥ်များကျမ်း အခန်း ၁၀၉မှာမှတ်တမ်းတင်ထားပါတယ်။ ထိုဆပ်ကပ်ရာဆုတောင်းချက်ကို ဗျာဒိတ်တော်အားဖြင့်ရရှိခဲ့ပြီး၊၎င်းက “ဆုတောင်းခြင်းအိမ်၊ အစာရှောင်ခြင်းအိမ်၊ ယုံကြည်ခြင်းအိမ်၊ သင်ယူခြင်းအိမ်၊ ဘုန်းအသရေအိမ်၊ အစီအစဉ်တကျရှိသောအိမ်၊ဘုရားသခင်၏ အိမ်တော်” ဖြစ်ကြောင်းသင်ကြားပေးပါတယ်။
ထိုအရည်အသွေးများစာရင်းက ဗိမာန်တော်တစ်ခုကိုဖော်ပြခြင်းထက် များစွာပိုပါတယ်။ အဲ့ဒါဟာကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာအစေခံရန်နှင့် ဝတ်ပြုကြသည့်သူများအတွက် မည်သည့်အရာများဖြစ်လာနိုင်သည်ကိုပေးထားသည့် ကတိတော်ဖြစ်ပါတယ်။ သူတို့ဟာ ဆုတောင်းခြင်းတို့၌ အဖြေများရရှိဖို့ မျှော်လင့်နိုင် ကြပြီး၊ကိုယ်ပိုင်ဗျာဒိတ်တော်၊ ပိုကြီးမြတ်သောယုံကြည်ခြင်း၊ ခွန်အား၊ နှစ်သိမ့်ခြင်း၊ အသိပညာတိုးပွားခြင်းနှင့် တန်ခိုးတော်သာလွန်ခြင်းတို့ ရရှိနိုင်ကြပါတယ်။
ဗိမာန်တော်ထဲမှာရှိတဲ့အချိန်က သင့်ကို ဆီလက်ရှယ်လ်စဥ်းစားရန် ကူညီပေးနိုင်ပြီး၊ သင်တကယ်ဘယ်သူဖြစ်တယ်ဆိုတာ၊ ဘယ်သူဖြစ်လာနိုင်တယ်ဆိုတာ၊ ဘယ်လိုဘဝမျိုးကိုထာဝရ ရနိုင်တယ်ဆိုတာကို မြင်လာခွင့်ရနိုင်ပါတယ်။ ပုံမှန်ဗိမာန်တော်၌ဝတ်ပြုခြင်းတွေဟာ သင်ကိုယ်ကိုကိုယ်မြင်တယ့်ပုံစံကို တိုးမြှင့်စေနိုင်ပြီး၊ ဘုရားသခင်ရဲ့ ကြီးမြတ်သောအစီအစဥ်မှာ သင်ဘယ်လိုဝင်ဆံ့နိုင်မလဲဆိုတာကိုမြင်လာစေပါတယ်။ ဒါကိုကျွန်တော်ကတိပေးပါတယ်။
ကျွန်တော်တို့ကို ဗိမာန်တော်ထဲမှာ၊ “သန့်ရှင်းသောဝိညာဥ်တော်အပြည့်အစုံ”ရနိုင်တယ်လို့ ကတိပေးထားပါတယ်။ ထာဝရစစ်မှန်ခြင်းကို စိတ်အားထက်သန်စွာရှာဖွေကြသူများအတွက် ကောင်းကင်များဖွင့်ဟမည်လို့ အဓိပ္ပာယ်ရတဲ့ ဒီ ကတိတော်ဟာဘယ်လို သက်ရောက်မှုရှိမယ်ဆိုတာစဥ်းစားကြည့်ပါ။
ဗိမာန်တော်မှာဝတ်ပြုသူတိုင်းသည် ဘုရားသခင်၏တန်ခိုးတော်နှင့် ကောင်းကင်တမန်များက “သူတို့အပေါ်တာဝန်ယူ”ခြင်းတို့ဖြင့် ပြန်လည်ထွက်ခွာနိုင်မည်ဖြစ်ကြောင်းကိုလည်း လမ်းညွှန်မှုရထားပါသည်။ ဘုရားသခင်၏တန်ခိုးတော်ကိုကိုင်ဆောင်ထားသည့် ဝိညာဥ်ပကတိအပ်နှင်းခြင်းပြုထားသော အမျိုးသားအမျိုးသမီးတို့အနေနဲ့၊ ဘဝကိုတစ်ဦးတည်းရင်ဆိုင်ရန် မလိုကြောင်းသိခြင်းက သင့်ရဲ့ ယုံကြည်ခြင်းကိုဘယ်လောက်တောင် တိုးတက်နိုင်ပါသလဲ။ ကောင်းကင်တမန်တို့က သင့်ကိုတကယ်ကူညီပေးမယ်လို့သိခြင်းက ဘယ်လိုခွန်အားမျိုးသင့်ကိုပေးပါသလဲ။
နောက်ဆုံးအနေနဲ့၊ ကိုယ်တော်ရှင်၏အိမ်တော်၌ဝတ်ပြုကြသောသူများအတွက် “အဘယ်ဆိုးညစ်ခြင်းဂိုဏ်းမျှ”မပေါ်လာနိုင်လာကြောင်းကိုလည်း ကျွန်တော်တို့ကို ကတိတော်ပေးထားပါတယ်။
ဗိမာန်တော်၌ပြုလုပ်နိုင်တဲ့ ဝိညာဥ်ရေးရာအခွင့်ထူးတွေကို နားလည်ခြင်းက ယနေ့မှာကျွန်တော်တို့အယောက်ချင်းစီတိုင်းအတွက် အရေးကြီးပါတယ်။
ကျွန်တော်ချစ်ရတဲ့ညီအကိုမောင်နှမများခင်ဗျာ၊ ဒါကကျွန်တော်ရဲ့ကတိတော်ဖြစ်ပါတယ်။ သင့်ရဲ့အခြေအနေပေးမှုအပေါ်အရ ဗိမာန်တော်၌ပုံမှန်တက်ရောက်ဝတ်ပြုခြင်းထက် ဘယ်အရာမှ သင့်ကို ပို၍ သံတန်းကိုမြဲမြံစွာကိုင်ထားနိုင်ရန် ကူညီနိုင်မှာမဟုတ်ပါဘူး။ လောက၏အမှောင်ထုများနှင့် သင်ကြုံတွေ့ရတဲ့အခါ, ထိုအရာထက် ဘာကမှ သင့်ကို ပို မကာကွယ်ပေးနိုင်ပါဘူး။ ကိုယ်တော်ရှင်ယေရှုခရစ်တော်နှင့် သူ၏အပြစ်ဖြေခြင်းအပေါ်သင်၏သက်သေခံချက်နှင့် ဘုရားသခင်၏ကြီးမြတ်သော အစီအစဥ်ကိုပိုနားလည်ရန် သင့်ကို မည်သည့်အရာက မှ ထိုထက် ပိုမထောက်ပံ့ပေးနိုင်ပါဘူး။ နာကျင်ခံစားနေရတဲ့အချိန်တွေမှာ ထိုအရာထက် ဘာမှက သင့်ရဲ့ဝိညာဥ်တော်ကိုပိုမဖြေသိမ့်ပေးနိုင်ပါဘူး။ ဘယ်အရာက ကောင်းကင်တွေကိုပိုမဖွင့်ပေးနိုင်ပါဘူး။ ဘယ်အရာကမှမလုပ်ပေးနိုင်ပါဘူး။
ဗိမာန်တော်ဟာ ဘုရားသခင်ရဲ့ ကျွန်တော်တို့အယောက်ချင်းစီပေါ်ထားရှိတဲ့ အကြီးမြတ်ဆုံးကောင်းချီးများအတွက် ဝင်ပေါက် ဖြစ်ပါတယ်၊ ဗိမာန်တော်ဟာ အာဗြဟံကိုကတိပေးထားတဲ့ကောင်းချီးမင်္ဂလာများ အားလုံး ကိုကျွန်တော်တို့ ဒီကမ္ဘာမြေပေါ်မှာရရှိနိုင်တဲ့တစ်ခုတည်းသောနေရာဖြစ်ပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ဟာ ဗိမာန်တော်၏ကောင်းချီးမင်္ဂလာများကိုအသင်းတော်၏အသင်းသားများပိုမိုရရှိနိုင်ရန်အတွက်၊ ကိုယ်တော်ရှင်၏လမ်းညွှန်မူအောက်မှာ၊ ကျွန်တော်တို့လုပ်ဆောင်နိုင်စွမ်းရှိသမျှလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်၊ အောက်ပါနေရာ ၁၅ခုတို့မှာ ဗိမာန်တော်အသစ်များကိုတည်ဆောက်နိုင်ရန်အတွက် ကျွန်တော်တို့ဝမ်းမြောက်စွာကြေညာပါတယ်။
-
ယူတူရိုဟာကျွန်း၊ ဖရန့် ပိုလီနီးရှား
-
ချီဟွာဟွာမြို့၊ မက္ကစီကိုနိုင်ငံ
-
ဖလော်အာနပလစ်မြို့၊ ဘရာဇီးနိုင်ငံ
-
ရိုဇားရီရိုမြို့၊ အာဂျင်တီးနားနိုင်ငံ
-
အက်ဒင်ဘရာမြို့၊ စကော့တလန်နိုင်ငံ
-
ဘရစ်စ်ဘန်မြို့၊ သြစတြေးလျနိုင်ငံ
-
ဗစ်တိုးရီးယားမြို့၊ ဘရစ်တစ်ရှ် ကိုလံဘီယာ
-
ယူမာမြို့၊ အရီဇိုးနားပြည်
-
ဟူစတန်၊ တက္ကစက်ပြည် တောင်ပိုင်းဒေသ
-
ဒက် မွီုင်းမြို့၊ အိုင်ရိုဝါပြည်
-
စင်စနာဒီမြို့၊ အိုဟိုင်းရိုးပြည်
-
ဟာနာလူလူမြို့၊ ဟာဝိုင်အီပြည်
-
ဝက်စ် ဂျော်ဒန်မြို့၊ ယုတပြည်
-
လီဟိုင်မြို့၊ ယုတပြည်
-
မယ်ရာခိုင်ဘိုမြို့၊ ဗင်နီဇွဲလားနိုင်ငံ
ကျွန်တော်ချစ်ရတဲ့ညီအကိုမောင်နှမများခင်ဗျာ၊ ဒါဟာ ယေရှုခရစ်တော်ရဲ့နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော် ဖြစ်တယ် ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ သူဟာ အသင်းတော်ရဲ့ ဦးဆောင်သူဖြစ်ပါတယ်။ ကျွန်တော်တို့တွေက ကိုယ်တော်ရဲ့တပည့်တော်ဖြစ်ပါတယ်။
ကျွန်တော်နှင့် သင့်အတွက် ဝိညာဥ်ရေးရာကောင်းချီးမင်္ဂလာ တိုင်း ကို လိုလားစွာ နှင့် ထိုက်တန်စွာရရှိဖို့ ဖြစ်စေနိုင်တယ့် ယဇ်ပုရောဟိတ်အခွင့်သော့များ၏ပြန်လည်ဆောင်ယူခြင်းမှာကျွန်တော်တို့ ဝမ်းမြောက် ကြရအောင်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သော နာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။