အထွေထွေညီလာခံ
ကမ္ဘာမြေပေါ်တွင်ပြည့်နှက်နေသည့် ကိုယ်တော်ရှင်၏အိမ်တော်များ၊ ဗိမာန်တော်များ
ဧပြီလ ၂၀၂၄ အထွေထွေညီလာခံ


13:56

ကမ္ဘာမြေပေါ်တွင်ပြည့်နှက်နေသည့် ကိုယ်တော်ရှင်၏အိမ်တော်များ၊ ဗိမာန်တော်များ

ကိုယ်တော်ရဲ့မြင့်မြတ်တဲ့အိမ်တော်တွေကို ထိုက်တန်စွာနှင့်ဆုတောင်းခြင်းပြည့်စွာသင်လာရောက်တာနဲ့အမျှ၊ သူ၏တန်ခိုးတော်ဖြင့် လက်နက်ပြည့်ဝကြပါတယ်။

ကျွန်တော်တို့အခုပဲ သီဆိုခဲ့ကြတဲ့လှပတဲ့စာသားတွေကို သဘောမကျဘူးလား‌ခင်ဗျာ။ “ခွန်အားဖြည့်ပေးမည်၊ကူညီမည်၊ … ဖြောင့်မတ်ခြင်းလက်တော်နှင့်ထောက်ပင့်တော်မူပြန်။” ကိုယ်တော်ရှင်က သူ၏မြင့်မြတ်သော အိမ်တော်သို့လာရောက်ရန် အသက်အရွယ်မရွေးသန့်ရှင်းသူတိုင်းကို ခွန်အားပေးနေပါတယ်။ ခင်ရှဆာန် မှ ဇူလူခိုဖင်န် သို့ ထိုမှ၊ ဖူခူအိုဝါ ထိုမှ၊အုတ်ကလင်န် သို့၊ လူငယ်များဟာ၊ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့်၊ ကျွန်တော်တို့ရဲ့ဗတ္တိဇံခံကန်တွေမှာ ပြည့်နှက်နေပါတယ်။ ယခင်က၊ ကျွန်တော်တို့ ချစ်ခင်ရတဲ့ ဘိသိတ်မင်္ဂလာဆောင်ရွက်ပေးသူတွေဟာ ဆံပင်ဖြူနေကြပါတယ်၊ ဒါပေမယ့် အခုအဲ့လိုမဟုတ်တော့ပါဘူး။ ‌ခေါ်ဆိုခံထားရတဲ့ သာသနာများ၊ အမှုတော်ဆောင်သာသနာများ၊နှင့် သာသနာပြုပြန်တွေဟာ ‌ထောင့်ပေါင်းစုံတိုင်းမှာရှိနေပါတယ်။ ကမ္ဘာနေရာတိုင်းမှာ၊ တိုးတက်နေတဲ့ ခံစားမှုက ကျွန်တော်တို့ကို ကိုယ်တော်ရှင်ရဲ့ အိမ်တော်ဆီသို့ခေါ်ဆောင်နေပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက၊ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ကမ်းရိုးတန်းဘက်မှာနေထိုင်တဲ့ အသက်၉၅ နှစ်အရွယ်ရှိ ချစ်ရတဲ့မိသားစုမိတ်ဆွေတစ်ဦးက နှစ်ပေါင်း၇၀ကြာသာသနာပြုတွေနဲ့ သင်ကြားခဲ့ရပြီး၊ သူမရဲ့ သမီးကို၊ “အမေ ဗိမာန်တော်သမီးနဲ့အတူသွားချင်တယ်” လို့ပြောခဲ့ပါတယ်။

သူမရဲ့ သမီးက ပြန်ပြောပါတယ်၊ “ကောင်းပြီ၊ အမေ၊ အရင်ဆုံးဗတ္တိဇံဖို့လိုအပ်တယ်။”

အသက်ကြီးသောညီအမတစ်ဦး၏ဗတ္တိဇံ။

“ကောင်းပြီ၊” လို့သူမပြန်ပြောပါတယ်၊ ”ဒါဆို၊ ငါဗတ္တိဇံခံမယ်။” သူမ ဗတ္တိဇံခံခဲ့ပါတယ်။ ရက်အနည်းငယ်ကြာပြီးနောက်မှာ၊ သူမ က ဗိမာန်တော်မှာဗတ္တိဇံခံခြင်းကို ရိုသေစွာလုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့၊ လွန်ခဲ့တဲ့ တစ်လကျော်လောက်မှာပဲ၊ သူမဟာ ကိုယ်ပိုင်ဝိညာဥ်ပကတိအပ်နှင်းခြင်းနဲ့ တံဆိပ်ခတ်ခြင်းတို့ကိုရရှိခဲ့ပါတယ်။ “ဘုရားဉာဏ် ပညာတန်ခိုး တော်များ ပြန့်ပွားခြင်း၊  မြေထက်မှ ကန့်လန့်ကာ စပြီးပွင့်လို့သွား။”

ဗိမာန်တော်၏အပြင်ဘက်မှ အသက်ကြီးသည့်ညီအမ။

ကိုယ်တော်ရှင်ဟာ သူ၏ပ‌ရောဖက်ကို ယခုကမ္ဘာတစ်ဝှမ်းမှာ သူ၏မြင့်မြတ်သော ဗိမာန်တော်များဖြင့် ပြည့်နှက်စေရန် ဘာကြောင့်လမ်းညွှန်နေလဲဆိုတာ သင်စဥ်းစားဖူးပါသလား။ ဤတိကျတဲ့အချိန်အခါမှာ ဘာကြောင့်ကိုယ်တော်က သူ၏လူများထံမှမြင့်မြတ်တဲ့ ဆယ်ဖို့တစ်ဖို့တွေကို၊ ကိုယ်တော်ရှင်ရဲ့ အိမ်တော်ရာပေါင်းများစွာကို တည်ဆောက်ရန် လိုအပ်တဲ့နေရာမှာအသုံးပြုတာပါလဲ။

ဒီနေ့မနက်မှာ ဥက္ကဋ္ဌ ဒလျံ အိပ်ချ် အုတ်စ်က ကမ္ဘာတစ်ဝှမ်းမှာတည်ဆောက်နေတဲ့ လှပတဲ့ဗိမာန်တော်တွေပုံကို ပြသခဲ့ပါတယ်။ ကစ်သီ နဲ့ ကျွန်တော် မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံမှာရှိခဲ့ပါတယ်။ ဒီအလွန်အံ့သြဖွယ်အကြောင်းစဥ်းစားကြည့်ပါ၊ မနီလာဗိမာန်တော်ကို၁၉၈၄ ခုနှစ်မှာဆပ်ကပ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ဒုတိယဗိမာန်တော် စီဗူးမြို့မှာ၊ပြီးစီးသွားတဲ့အချိန်အထိ ၂၆နှစ်ကြာခဲ့ပါတယ်။ ယခု၊ ၁၄နှစ်ကြာပြီးတဲ့နောက်မှာ၊ ဗိမာန်တော် ၁၁ခုဟာ တည်ဆောက်ပြီး၊ ဒီဇိုင်းဆွဲပြီး၊ ဆပ်ကပ်ရန်အတွက်ပြင်ဆင်ခဲ့ပါပြီ။ မြောက်ဘက်မှ တောင်ဘက်သို့၊ လက်ဝဂ်၊ တူဂက်ဂါဝါအို၊ ဆန်တီရာကို၊ အာတနာဒါ၊ အာလက်ဗိန်းဂ်၊ နာဂါ၊ တက်ကလိုဘန် မြို့၊ အလွိင်လို၊ ဘက်ခိုရာဒ်၊ ခါးခါရန် ဒေါ ရိုး နှင့် ဒါဗိုး။ ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတော်များကိုကြည့်ရတာ ရင်သက်ရှုမောစရာပါ။

ဖိလစ်ပိုင်နိုင်ငံမှ ဗိမာန်တော်များ။

ကမ္ဘာတစ်ဝှမ်းလုံးမှာ၊ ကိုယ်တော်ရှင်ရဲ့ အိမ်တော်တွေဟာ ကျွန်တော်တို့ဆီကိုနီးကပ်လာနေပါတယ်။ ဘာကြောင့်ကျွန်တော်တို့ရဲ့နေ့ရက်တွေမှာပါလဲ။

နောက်ဆုံးသောနေ့များ

ကိုယ်တော်ရှင်က နောက်ဆုံးသောနေ့တွေမှာ၊ နိုင်ငံတွေကြားမှာ သောကဒုက္ခတွေရှိပြီး၊ လူတွေဟာ “လူတို့သည်ကိုယ်ကိုကိုယ်ချစ်သောသူ၊”များဖြစ်လာပြီး၊ “ခပ်သိမ်းသောအရာတို့သည် ပုန်ကန်ခြင်း၌ရှိလိမ့်မည်”၊ နားမလည်မှုတွေပိုတိုးပွားလာပြီး ၊၊ “လူသားတို့၏​စိတ်နှလုံးသည် ထိုအရာတို့၌ စိတ်ပျက်ကြ​လိမ့်မည်။” လူသားတို့၏စိတ်နှလုံးတို့ စိတ်ပျက်လာခြင်းကိုကျွန်တော်တို့တွေ့ခဲ့ဖူးပါတယ်၊ လောက၏သွေးဆောင်မှု၊ ဆွဲဆောင်သောအာရုံပျံ့လွင့်မှု၊ ဝိညာဥ်ရေးရာအာဟာရကိုလျစ်လျုရှုမှု၊ နောက်လိုက်တော်များဖြစ်ရန်တောင်းဆိုချက်များမှပင်ပန်းနွမ်းနယ်မှုတို့ကြောင့်ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ယေရှုခရစ်တော်အပေါ်ရှိတဲ့ သူတို့ရဲ့ယုံကြည်မှုကိုစစ်မှန်စွာပြောဆိုပြီး၊ မော်မုန်ကျမ်းကိုသက်သေခံကာ၊ ဘုရားသခင်ရဲ့နိုင်ငံတော်ကိုတည်ဆောက်ဖို့ စိတ်အားထက်သန်စွာကူညီပေးခဲ့တဲ့ သင်ချစ်ရတဲ့တစ်ဦးက၊ အခုအချိန်မှာ၊ အသင်းတော်အပေါ်ထားရှိတဲ့ယုံကြည်မှုတွေနဲ့ ၊လက်တလော၊ ဝေးကွာနေတာကို သင်မြင်ရတဲ့အခါ ဝမ်းနည်းကောင်းဝမ်းနည်းမိမှာပါ။ ကျွန်တော်အကြံပြုချင်တာကတော့၊ စိတ်မပျက်ပါနဲ့။ အားလုံးအဆင်ပြေပါမယ်။ ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိပါ။

ဤကမ္ဘာ၌ပရောဖက်ပြုထားသောမငြိမ်သက်ခြင်းများ၊ မယုံကြည်မှုများနှင့် ဖြောင့်မတ်သောသူများရှိလည်းရှိပါလိမ့်မယ်၊ ကိုယ်တော်၏ပြန်လာတော်မူခြင်းကို စိတ်အားထက်သန်စွာစောင့်နေကြသူများ၊ မြင့်မြတ်သော နေရာများမှာ‌ရပ်နေပြီး ထိုနေရာများမှမ‌ရွေ့ပြောင်းသူများလည်းရှိနေမှာ ဖြစ်ကြောင်းကိုယ်တော်ရှင်ကတိတော်ထားခဲ့ပါတယ်။ ရန်သူမာရ်နတ်၏လှည့်ဖြားခြင်းတွေကိုတွန်းလှန်ပြီး၊ သူတို့ရဲ့ယုံကြည်ခြင်းတိုးတက်အောင်ပြုကာ၊ ဆီလက်ရှယ်လ်ကိုစဥ်းစားခြင်းနှင့် ကယ်တင်ရှင်၊ ယေရှုခရစ်တော်အား အလုံးစုံယုံကြည်ကြမဲ့ ဖြောင့်မတ်သောလူများအကြောင်းကို ကိုယ်တော်ပြောခဲ့ပါတယ်။

ဘာကြောင့်ကိုယ်တော်ရှင်က ရာပေါင်းများစွာသောဗိမာန်တော်တွေကို ယခု ကျွန်တော်တို့ရဲ့ အနီးကိုဆောင်ယူလာတာပါလဲ။ အကြောင်းပြချက်တစ်ခုကတော့၊ လောက၏ရှုပ်ထွေးခြင်းနဲ့ သွေးဆောင်မှုတွေရဲ့အလယ်မှာ၊ ကိုယ်တော်ရှင်က သူ၏ပဋိညာဥ်ပြုသန့်ရှင်းသူများကို ခွန်အားပေးပြီး ကောင်းချီးပေးရန် ကတိပေးထားခဲ့ပါတယ်၊ သူ့ရဲ့ကတိတော်တွေပြည့်လာခဲ့ပါပြီ။

ကတ်ထ်လန်ဗိမာန်‌တော်မှ ကတိတော်များ

မြင့်မြတ်သောအိမ်တော်များက ကျွန်တော်တို့ကိုဘယ်လို ခွန်အားပေး၊ နှစ်သိမ့်ပေးပြီးကာကွယ်ပေးပါသလဲ။ ကတ်ထ်လန် ဗိမာန်တော်၏ဆပ်ကပ်ခြင်း၌ ပရောဖက်ဂျိုးဇက်စမစ်၏လျှောက်လဲချက်များမှာ အဖြေတွေ့နိုင်ပါတယ်။ ထိုဗိမာန်တော်ထဲမှာ သန့်ရှင်းသူတွေသီဆိုခဲ့ကြပါတယ်၊ “သီဆိုဟစ်ကြွေးမည် ကောင်းကင်တပ်အများနှင့်လာ။” ကယ်တင်ရှင်ကိုယ်တိုင်ပေါ်လာခဲ့ပါတယ်၊ ရှေးပရောဖက်များပြန်လာခဲ့ပါတယ်၊ ယဇ်ပုရောဟိတ်အခွင့်၏သော့များကိုအပ်နှင်းပြီး ဧဝံဂေလိတရားတော်ကိုပြန်လည်ဆောင်ယူခဲ့ပါတယ်။

ကတ်ထ်လန် ဗိမာန်တော်ရဲ့ထိုမြင့်မြတ်တဲ့အခမ်းအနားမှာ၊ ပ‌ရောဖက်ဟာ မြင့်မြတ်သောအိမ်တော်တွင်၊ သန့်ရှင်းသူများဟာ ဘုရားသခင်ကတန်ခိုးတော်ဖြင့်လက်နက်ပြည့်ဝရန်၊ ယေရှုခရစ်တော်ရဲ့နာမတော်ဟာ သူတို့အပေါ်၌ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့က သူတို့အပေါ်တာဝန်ယူကာ၊ ဘုရားသခင်၌ကြီးပွားပြီး “သန့်ရှင်းသောဝိညာဥ်တော်၏ပြည့်ဝခြင်းကိုရရှိရန်” ဆုတောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာသစ္စာရှိစွာဝတ်ပြုကြတာနဲ့အမျှ ထိုတန်ခိုးပြည့်ဝတဲ့လျှောက်ထားမှုတွေဟာ ကျွန်တော်တို့ဘဝတွေကိုပြည့်စေပါလိမ့်မယ်။

တန်ခိုးတော်နှင့်ပြည့်နှက်ခြင်း

ကိုယ်တော်၏အိမ်တော်မှာ၊ ကျွန်တော်တို့ဟာ ကောင်းကင်တန်ခိုးနဲ့ အမှန်ပင် ဝိညာဥ်အပ်နှင်းခြင်းခံကြရပါတယ်။ ယေရှုခရစ်တော်အပေါ်ကျွန်တော်တို့ယုံကြည်မှုနဲ့ မေတ္တာက ခိုင်မြဲ တည်တံ့စေပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လက္ခဏာမှန်နဲ့ ဘဝ၏ရည်ရွယ်ချက်ကို ဝိညာဥ်ရေးရာအရသေချာမှုရှိစေပါတယ်။ ကျွန်တော်တို့သစ္စာရှိတာနဲ့အမျှ၊ သွေးဆောင်ခြင်းတွေနဲ့ လမ်းလွှဲမှုတွေမှကာကွယ်ခြင်းဖြင့် ကောင်းချီးရရှိနိုင်ပါတယ်။ အခက်အခဲများနဲ့ ဝမ်းနည်းခြင်းတွေက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် ဖယ်ရှားပေးသောအခါ သူ့ရဲ့ချစ်ခြင်းကိုခံစားရပါတယ်။ ကျွန်တော်တို့ဟာဘုရားသခင်ရဲ့ တန်ခိုးတော်နှင့်လက်နက်ကိုင်ဆောင်ထားကြပါတယ်။

ကျွန်တော်တို့အပေါ်ရှိ ကိုယ်တော်၏နာမတော်

သူ၏မြင့်မြတ်သောအိမ်တော်မှာ၊ သူ၏နာမတော်ကို ကျွန်တော်တို့အပေါ်ပြည့်စုံစွာခံယူနိုင်ပါတယ်။ ကျွန်တော်တို့ဗတ္တိဇံခံသောအခါ၊ ကျွန်တော်တို့ရဲ့ ကိုယ်တော့်အပေါ်ယုံကြည်ခြင်းနဲ့ ပညတ်တော်များကိုစောင့်ထိန်းရန်လိုလားမှုရှိကြောင်းဖွင့်ဟခြင်းဖြစ်ပါတယ်။ ဗိမာန်တော်မှာ၊ ကိုယ်တော်ကို ကျွန်တော်တို့ရဲ့ ပဋိညာဥ်များအားဖြင့် ထာဝရလိုက်လျှောက်မှာဖြစ်ကြောင်း မြင့်မြတ်စွာကတိပေးခဲ့ကြပါတယ်။

ဟီဗာတောင်ဝှမ်း ယုတ ဗိမာန်တော်၏တည်ဆောက်ခြင်း။

ဒီအသင်းတော်ရဲ့ လူငယ်တွေဟာအင်မတန်ကောင်းမွန်ပါတယ်။ ခက်ခဲတဲ့ကမ္ဘာမှာ၊ ခရစ်တော်ရဲ့ နာမတော်ကိုသူတို့ခံယူထားကြပါတယ်။ ဟီဗာမြို့၊ ယုတပြည်မှာ၊ ဗိမာန်တော်ဆောက်လုပ်ရန် အသေးစိတ်များကိုဆွေးနွေးရန်အတွက် လူထုဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ တည်ဆောက်မဲ့ဗိမာန်တော်အတွက် သူတို့၏ထောက်ခံမှုများကိုဖော်ပြရန်အတွက် အယောက်သုံးရာကျော်လူငယ်တွေက ကပ်လျက်ရှိတဲ့ပန်းခြံမှာပြည့်နေခဲ့ပါတယ်။ လူငယ်တစ်ယောက်က၊ အစိုးရခေါင်းဆောင်တစ်ယောက်ကို အဖွင့်မှာ၊ “ကျွန်တော်က ဒီဗိမာန်တော်မှာလက်ထပ်ဖို့ မျှော်လင့်ထားပါတယ်“ လို့ပြောခဲ့ပါတယ်။ [ဒီဗိမာန်တော်က] ကျွန်တော်ကိုယ်ကိုကိုယ် သန့်ရှင်းစင်ကြယ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ တခြားတစ်ယောက်က ဗိမာန်တော်ကို အလင်းနဲ့ မျှော်လင့်ခြင်းရဲ့ သင်္ကေတ လို့ဖော်ကျုးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူငယ် အမျိုးသား အမျိုးသမီးတွေဟာ ယေရှုခရစ်တော်ရဲ့နာမတော်ကိုခံယူဖို့ ဆန္ဒရှိကြောင်းပြနေကြပါတယ်။

ဟီဗာမြို့၏ပန်းခြံတွင်ပြည့်နှက်နေကြသော လူငယ်များ။

ကျွန်တော်တို့နှင့်အတူရှိသော ကောင်းကင်တမန်တော်များ

ကတ်ထ်လန် ဗိမာန်တော်မှာ၊ ပရောဖက်ဂျိုးဇက်က “ကောင်းကင်​တမန်တို့ သည် [သူ၏သန့်ရှင်းသူများကို]တာဝန်ယူ[ပေး]ကြ” ရန် ဆုတောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဘိုးဘေးများအတွက် ဗိမာန်တော်မှာ ဘိသိတ်မင်္ဂလာများ ဆက်လက်လုပ်ဆောင်ခြင်းက အသက်တာဟာ ကန့်လန့်ကာကျော်လွန်၍ပင်ရှိကြောင်းကို အတည်ပြုပေးတဲ့ ချိုမြိန်တဲ့သတင်းစကားကို သယ်ဆောင်လာတယ်ပေးပါတယ်။

ကိုယ်တော်ရှင်ရဲ့ဗိမာန်တော်ထဲမှ အတွေ့အကြုံတွေဟာ အလွန်မြင့်မြတ်သောကြောင့် အများနှင့်မဝေငှနိုင်ပေမယ့်၊ တချို့ကိုတော့ဝေငှလို့ရပါတယ်။ လွန်ခဲ့တဲ့နှစ်လေးဆယ်က၊ ဖရော်ရစ်ဒါပြည်မှာနေတုန်းက၊ ကစ်သီနဲ့ ကျွန်တော် အက်တလန်းတာ၊ ဂျော်ဂျာပြည် ရဲ့ ဗိမာန်တော်ကိုခရီးသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ည၊ မေလ ၉ရက်၊ ၁၉၈၄၊ မှာ ကျွန်တော်တို့ဗိမာန်တော်ကဏ္ဍ တစ်ခုပြီးတဲ့အချိန်မှာ ဗိမာန်တော်လုပ်သားတစ်ဦးက ကျွန်တော်ကိုချဥ်းကပ်ခဲ့ပါတယ်၊ ကျွန်တော် အစပြုဘိသိတ်မင်္ဂလာတစ်ခု ပြင်ဆင်ခြင်းအတွက် အချိန်ရှိလားလို့မေးခဲ့ပါတယ်။ ကျွန်တော်ကိုယ်စားပြုလုပ်ပေးရမယ့် သူရဲ့နာမည်က ပုံမှန်မဟုတ်ပါဘူး။ သူ့ရဲ့ နာမည်က အက်လက်ဇာ ဆာစီ ဖြစ်ပါတယ်။

နောက်နေ့မှာ၊ ဗိမာန်တော်က သန့်ရှင်းသူတွေနဲ့ ပြည့်နေပါတယ်။ ထိုနေ့အတွက် ကျွန်တော်ရဲ့ ဒုတိယအကြိမ်ဝိညာဥ်ပကတိအပ်နှင်းခြင်းကို ပြုလုပ်ရန်ပြင်ဆင်နေတုန်းမှာ၊ ကျွန်တော်ကိုယ်စားပြုလုပ်ပေးရမဲ့ သူရဲ့ နာမည်ကိုရရှိခဲ့ပါတယ်။ အံ့သြစွာနဲ့ပဲ၊ နာမည်က အရင်နေ့ကလူရဲ့ နာမည်နဲ့အတူတူပါပဲ၊ အက်လက်ဇာ ဆာစီ ပါ။ ဝိညာဥ်ပကတိအပ်နှင်းခြင်းပြီးသွားတဲ့ နောက်မှာကျွန်တော်ကိုယ်တော်ရှင်ရဲ့ ဝိညာဥ်တော်ကို ခံစားလိုက်ရပါတယ်။ အဲ့ဒီနေ့နောက်ပိုင်းနေ့လည်ပိုင်းမှာ၊ ကျွန်တော်တို့ဗိမာန်တော်ထဲပဲရှိတုန်းမှာ၊ ကစ်သီ က အခုဒီ အက်တလန်းတာမှာနေတဲ့၊ အသက်ကြီးတဲ့ မိသားစုမိတ်ဆွေ၊ ညီအမ ဒေါလီ ဖာနန့်ဒန့်ဇ် ကိုတွေ့လိုက်ပါတယ်။ သူမမိသားစုကအမျိုးသားတစ်ယောက်မှသူနဲ့မပါလာပါဘူး၊ သူမက ကျွန်တော်ကို သူမရဲ့ အဖေကိုသူ့မိဘတွေနဲ့ ပေါင်းစည်းဖို့အတွက် ကူညီပေးနိုင်မလားလို့မေးပါတယ်။ ကျွန်တော်လုပ်ပေးဖို့ ဂုဏ်ယူခဲ့ပါတယ်။

ထိုမြင့်မြတ်တဲ့ ဘိသိတ်မင်္ဂလာပြုလုပ်ရန် ကျွန်တော်ယဇ်ပလ္လင်မှာ ဒူးထောက်လိုက်တဲ့အခါ၊ ကျွန်တော့်စိတ်ထဲရေးမှတ်ထားပြီးဖြစ်နေတဲ့ နာမည်၊ သူမ၏ ‌အဖေ၊ အက်လက်ဇာ ဆာစီ ကိုထပ်ကြားလိုက်ရပါတယ်။ ဒီဘဝရဲ့နောက်ဆက်တွဲဘဝမှာ၊ အက်လက်ဇာ ဆာစီ လို့သေခြင်းရှိရာဘဝမှာ‌‌ သိခဲ့တဲ့ လူကို ကျွန်တော်တွေ့ပြီးပွေ့ဖက်မယ်ဆိုတာကို အပြည့်အဝယုံကြည်ပါတယ်။

ကိုယ်တော်ရဲ့အိမ်တော်ထဲကကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေက သိသာထင်ရှားတဲ့စွက်ဖက်ခြင်းတွေထက် ရွှင်လန်းငြိမ်းချမ်းခြင်းနဲ့ ငြိမ်သက်စွာရိုသေမှုရှိခြင်းကို ဆောင်ယူပေးပါတယ်။ ဒါပေမယ့် သေချာတာကတော့၊ ကောင်းကင်တမန်တွေဟာ ကျွန်တော်တို့အပေါ်အုပ်စိုးမှုရှိပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အပြည့်အစုံ

အသင်း‌တော်မှာ အသင်းသားအဖြစ် အတည်ပြုခြင်းခံရတဲ့အခါ ကျွန်တော်တို့ သန့်ရှင်းသောဝိညာဥ်တော်ရဲ့ ဆုကျေးဇူးကိုရရှိကြပါတယ်။ အပတ်တိုင်းကျွန်တော်တို့ ကယ်တင်ရှင်ကို အမှတ်ရသောအားဖြင့် မုန့်နှင့်ရေကို ထိုက်တန်စွာသုံးဆောင်ပါက၊ ကိုယ်တော်ရှင်ရဲ့ ဝိညာဥ်တော် ကျွန်တော်တို့နဲ့ အတူရှိဖို့ ကတိပေးထားပါတယ်။ လိုလားသောနှလုံးသားတို့ဖြင့် လောကတွင်အမြတ်ဆုံးသော ကိုယ်တော်ရှင်၏ အိမ်တော်သို့လာပါက၊ ဘုရားသခင်၌ကြီးပွားပြီး “သန့်ရှင်းသော​ဝိညာဉ်တော် အပြည့်​အစုံကိုရရှိပါလိမ့်မယ်။” သန့်ရှင်းသောဝိညာဥ်တော်၏‌ဆုကျေးဇူးကြောင့်၊ ကျွန်တော်တို့ဟာငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပြောမပြနိုင်တဲ့မျှော်လင့်ခြင်းတို့နဲ့ ပြည့်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ မိမိတို့ကိုယ်ကိုယ် မြင့်မြတ်သောနေရာတို့၏အပြင်ဘက်ရောက်သွားတယ်လို့ သတိပြု မိတဲ့အခါ သူရဲ့တပည့်တော်အဖြစ်ဆက်ရှိဖို့ ခွန်အားရရှိပါတယ်။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊နယ်လဆင်က ကြေညာခဲ့ပါတယ်၊ “ကျွန်တော်တို့ရဲ့ ‌ကယ်တင်ရှင်နဲ့ ‌ရွေးနှုတ်ရှင်က ယခုအချိန်နဲ့ သူတစ်ဖန်ကြွလာမယ့်အချိန်ကြားမှာ သူ့ရဲ့ အားအကြီးဆုံးအမှုအချို့ကို ဆောင်ရွက်ပါလိမ့်မယ်။ အဘ ဘုရားသခင်နှင့် … ယေရှုခရစ် … သည် ဤအသင်းတော်ကို ဘုန်းတန်ခိုးအာနုဘော်ဖြင့် အုပ်စိုးတော်မူကြောင်း အံ့ဖွယ်အချက်များကို ကျွန်ုပ်တို့တွေ့မြင်ရလိမ့်မည်။” ကိုယ်တော်ရှင်ရဲ့အိမ်တော်များ ကမ္ဘာတစ်ဝှမ်းမှာပြည့်နှက်နေခြင်းဟာ ကြီးမြတ်ပြီးအံ့ဖွယ်အချက်ဖြစ်ပါတယ်။

ကျွန်‌တော်ချစ်ရတဲ့မိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့လုပ်နိုင်ပေမယ့်လည်း ဗိမာန်တော်တက်ရောက်ခြင်းကို မတိုးမြှင့်ရသေးဘူးဆိုရင်၊ ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာဝတ်ပြုခြင်းအတွက် ပုံမှန်အချိန်ပေးကြပါစို့။ ကမ္ဘာတစ်ဝှမ်းမှာတည်ဆောက်ရန်ကြေညာထားတဲ့ ဗိမာန်တော်တွေအတွက်လည်း၊ ‌နေရာများဝယ်ယူနိုင်ရန်၊ အစိုးရက အစီအစဥ်တွေကိုအတည်ပြုပေးရန်၊ အရည်အချင်းရှိတဲ့လုပ်သားတွေဟာ သူတို့ရဲ့ဆုကျေးဇူးတွေကိုသိမြင်လာစေရန်နဲ့ မြင့်မြတ်တဲ့ဆပ်ကပ်ခြင်းတွေမှာ ကောင်းကင်ရဲ့အတည်ပြုချက်နဲ့ ကောင်းကင်တမန်တို့ရဲ့လာရောက်ခြင်းတို့ရှိဖို့အတွက် ဆုတောင်းပေးကြပါစို့။

ကတိတော်များ

ဗိမာန်တော်ဟာ ကိုယ်တော်ရှင်ရဲ့အိမ်တော်အမှန်ဖြစ်ပါတယ်။ ကိုယ်တော်ရဲ့မြင့်မြတ်တဲ့အိမ်တော်တွေကို ထိုက်တန်စွာနှင့်ဆုတောင်းခြင်းပြည့်စွာသင်လာရောက်တာနဲ့အမျှ၊ သူ၏တန်ခိုး‌လက်နက်တွေကိုသင်ရရှိပါလိမ့်မယ်၊ သူ၏နာမဟာ သင့်အပေါ်ကျရောက်ပြီး၊ တမန်တော်များက သင့်အပေါ်အုပ်စိုးကာ၊ သန့်ရှင်းသောဝိညာဥ်တော်၏ဆုကျေးဇူးတွင် သင်တိုးတက်လာပါလိမ့်မယ်။

ကိုယ်တော်ရှင်က ကတိပြုခဲ့ပါတယ်၊ “ဤသို့​အားဖြင့် အချိန်တန်​လာလတ္တံ့​သောအခါ၊ မိမိ​အပြစ်များကို စွန့်ပစ်၍၊ ငါ့ထံသို့​လာသော၊ ထို့အတူ ငါ၏​နာမတော်ကို ပဌနာပြုသော၊ ထို့အတူ ငါ၏​အသံကို နာခံသော၊ ထို့အတူ ငါ၏ ပညတ်တော်များကို စောင့်ထိန်းသော​သူတိုင်းသည် ငါ၏​မျက်နှာတော်ကို မြင်ရ​လိမ့်မည်၊ ငါ ရှိတော်မူကြောင်း​ကိုလည်း သိရ​လိမ့်မည်။” ခရစ်တော်၏ မျက်နှာတော်ကိုမြင်ရဖို့နည်းလမ်းအများကြီးရှိပါတယ်၊ သူ၏မြင့်မြတ်သောအိမ်တော်ထက်ပိုကောင်းတဲ့နေရာမရှိပါဘူး။

ရှုပ်ထွေးပြီး ပုန်ကန်မှုတွေရှိတဲ့ယခုအချိန်မှာ၊ ကျွန်တော်တို့ရဲ့‌ ဗိမာန်တော်တိုင်းဟာသူ့ရဲ့အိမ်တော်တွေဖြစ်ပါတယ်၊ ၎င်းတို့က ကျွန်တော်တို့ကို ကာကွယ်ပေး၊စောင့်ရှောက်ပေးပြီး၊ ယေရှုခရစ်တော်နှင့် သူ၏မြင့်မြတ်သောတမာန်တော်တို့ ကြီးမြတ်စွာ တန်ခိုးတောက်ပပြီး ပြန်လာမဲ့နေ့အတွက် ပြင်ဆင်ပေးပါလိမ့်မယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. “ခိုင်မြဲသောအုတ်မြစ်၊” ဓမ္မတေးများ၊ နံပါတ် ၈၅။

  2. “ဘုရားဝိညာဥ်တော်၊“ ဓမ္မသီချင်းများ နံပါတ် -၂

  3. လက်ရှိဝန်ဆောင်မှုရှိနိုင်တဲ့ ဗိမာန်တော် ၁၈၂ ခုရှိပါတယ်။ ပြန်လည်ပြင်ဆင်နေ‌သော ဗိမာန်တော် ၆ခုရှိပါတယ်။ ဆပ်ကပ်ရန်အတွက်စောင့်နေသော ဗိမာန်တော် ခုနှစ်ခုရှိပြီး၊ တစ်ခုက ပြန်လည်ဆပ်ကပ်ခြင်းအတွက်စောင့်နေပါတယ်။ ၄၅ ခုကိုဆောက်လုပ်နေပြီး နောက်ထပ် ၉၄ခုကို တည်ဆောက်ရန် စီစဥ်ဒီဇိုင်းရေးဆွဲနေပါတယ်။

  4. ရှု လုကာ ၂၁း၁၀

  5. တိမောသေဩဝါဒစာဒုတိယစောင် ၃း၂

  6. သြဝါဒနှင့်ပဋိညာဥ်များကျမ်း ၈၈း၉၁

  7. အသင်းလူကြီး ဒေးဗစ် အေ ဘတ်ဒ်နာ ပြောခဲ့ပါတယ်၊ “သင်္ဘောအတွက် ပဲကိုင်မရှိမဖြစ်သလို ဧဝံဂေလိတရားတော်အခြေခံဩဝါဒတွေဟာ ကျွန်တော်နဲ့သင်တို့အတွက်ဖြစ်ပါတယ်။“ မှန်သောအခြေခံဩဝါဒတွေက ကျွန်တော်တို့ကို နောက်ပိုင်းကာလ မှောင်မိုက်နဲ့ ရှုပ်ထွေးခြင်းမုန်တိုင်းကြမ်းတွေကြားမှာ ဟန်ချက်ပျက်ပြီးမလဲစေဖို့ ကိုယ့်လမ်းကိုယ်ရှာတွေ့စေပြီး တည်ငြိမ်၊ မြဲမြံစေပြီးမတိမ်းယိမ်းဘဲရှိစေပါတယ်။“ (“The Principles of My Gospel,” Liahona, May 2021, 126).

  8. သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၄၅း၂၆

  9. “ငါ့ကိုဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်လိုက်လျှောက်ရမည်” (ရှင်မဿဲ ၁၆း၂၄)။

  10. ရှု ရှင်လုကာ ၁း၃၇

  11. ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၈၇း၈

  12. ဓမ္မသီချင်းများနံပါတ်၊ ၂။

  13. ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၁၀။ ဤအချိန်မတိုင်မီ၊ ပရောဖက် ဂျိုးဇက်စမစ်ဟာ အာရုန်ယဇ်ပုရောဟိတ်နှင့် ၎င်း၏‌အခွင့်သော့များကို ဗတ္တိဇံဆရာယောဟန်မှရရှိခဲ့ပါတယ်၊ ထို့နောက် မေလခိဇေဒက်ယဇ်ပုရောဟိတ်နှင့် ၎င်း၏အခွင့်သော့များကို တမန်တော် ပေတရု၊ယောဟန်နှင့် ယာကုပ်တို့ထံမှရရှိခဲ့ပါတယ် (ရှု သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၃း၁၂၇း၁၂-၁၃)။

  14. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၉း၁၅၊ လည်းရှု အခန်းငယ် ၂၂

  15. ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင်က ပြောခဲ့ပါတယ် “ဗိမာန်တော်က ကျွန်တော်တို့ရဲ့ ရှာဖွေမှုမှာ ကူညီပေးနိုင်ပါတယ်။ ထိုနေရာတွင် ကျွန်တော်တို့အား ဘုရားသခင်၏တန်ခိုးတော်ဖြင့် ပေးအပ်ထားပြီး၊ ငြင်းခုံမှု အားလုံးကို လှုံ့ဆော်ပေးသော စာတန်ကို ကျော်လွှားနိုင်တဲ့ စွမ်းရည်ကို ပေးစွမ်းပါတယ်။” (“Peacemakers Needed,” လီယဟိုနာ၊ မေ ၂၀၂၃၊ ၁၀၁)။

  16. ရှု ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “Choices for Eternity” (worldwide devotional for young adults၊ မေ ၁၅၊ ၂၀၂၂)၊ ဧဝံ‌ဂေလိတရားတော်စာကြည့်တိုက်။

  17. အသင်းလူကြီး ကော်လန် စတော်ဖာ၊ ကိုယ်ရေးစာတို၊ ဇန်၊၃၀၊၂၀၂၄။

  18. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၉း၂၂

  19. ရှု သြဝါဒနှင့်ပဋိညာဥ်များကျမ်း ၂၀း၇၇၊ ၇၉

  20. သြဝါဒနှင့် သမ္မကျမ်း ၁၀၉ : ၁၅။

  21. ရှု ‌ရောမဩဝါဒစာ ၁၅း၁၃

  22. ရပ်ဆဲလ်အမ် နယ်လဆင်၊ “အသင်းတော်အတွက် ဗျာဒိတ်တော်၊ ကျွန်တော်တို့ဘဝအတွက်ဗျာဒိတ်တော်၊” Liahona၊ မေ ၂၀၁၈၊ ၉၆။

  23. ဥက္ကဋ္ဌ ဘရင်ဟမ် ယန်းပြောခဲ့ပါတယ်၊ “ကျွန်တော်တို့ ရာနှင့်ချီသော ဗိမာန်တော်များစွာနှင့် ယောက်ျားမိန်းမထောင်ပေါင်းများစွာတို့သည် ဧဝံဂေလိတရားကို ကြားနာနာခံခွင့်မရဘဲ အိပ်ပျော်သွားသူများအတွက် အမှုဆောင်များ အဖြစ်ထားရှိပါမည်” (Teaching of the Presidents of the Church: Brigham Young [၁၉၉၇]၊ ၃၁၂)။ အက်ဇရာ တက်ဖ် ဘန်ဆင်ကပြောခဲ့ပါတယ်၊ “ကျွန်တော်တို့၏ ရှေ့တော်သားများက ဗိမာန်တော်များကို မြောက်နှင့် တောင်အမေရိက၊ ပစိဖိတ်၊ ဥရောပနှင့် အခြားနေရာများရှိ ကျွန်းစုများတွင် ပြည့်နှက်နေလိမ့်ပါမည်လို့ ကြိုဟောထားပါသည်။ ဤရွေးနှုတ်ခြင်းလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ရမည်ဆိုပါက၊ ရာနှင့်ချီသော ဗိမာန်တော်များ လိုအပ်လိမ့်မည်” (The Teaching of Ezra Taft Benson [1988], 247)။

  24. သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၉၃း၁

  25. အသင်းလူကြီး ဒေးဗစ် ဘီ၊ ဟိုက်ထ် ပြောခဲ့ပါတယ်။

    “ကယ်တင်ရှင်ကို အချို့က အမှန်တကယ် မြင်ဖူးကြသည်မှာ မှန်ပါတယ်၊ သို့သော်အဘိဓာန်မှာကြည့်တဲ့အခါ၊ မြင်ခြင်း ဟူသော စကားလုံး၏ အခြားသောအဓိပ္ပါယ်များစွာရှိကြောင်း သိလိုက်ရသည်၊ ကိုယ်တော်ကိုသိလာခြင်း၊ ကိုယ်တော်ကို ပိုင်းခြားသိမြင်ခြင်း၊ ကိုယ်တော်နှင့် အမှုတော်ကို အသိအမှတ်ပြုခြင်း၊ ကိုယ်တော်ကို သိမြင်ခြင်း၊ ကိုယ်တော်၏ အရေးကြီးခြင်းကို သိရှိပြီး သူ့ကိုနားလည်လာခြင်းတို့ဖြစ်ပါတယ်။

    ထိုကဲ့သို့သော ကောင်းကင်ဘုံဉာဏ်အလင်းနှင့် ကောင်းချီးများကို ကျွန်ုပ်တို့တစ်ဦးစီ ရရှိနိုင်သည်” (“Temples and Work Therein,” Ensign, Nov. 1990, 61).