အထွေထွေညီလာခံ
“ရှုလော့၊ ငါသည်ကား၊ သင်တို့တင်မြှောက်မည့်အလင်းဖြစ်၏”
အောက်တိုဘာ ၂၀၂၄ အထွေထွေညီလာခံ


13:29

“ရှုလော့၊ ငါသည်ကား၊ သင်တို့တင်မြှောက်မည့်အလင်းဖြစ်၏”

ကျွန်တော်တို့ရဲ့ ပဋိညာဥ်တွေကိုမြဲမြံစွာစောင့်ထိန်းပြီး၊ သက်ရှင်သောပရောဖက်ကို ထောက်ခံတဲ့အခါမှာ၊ ကျွန်တော်တို့က ကိုယ်တော်ရှင်ရဲ့ အလင်းကို တင်မြှောက်ထားခြင်းဖြစ်ပါတယ်။

ဒီညီလာခံကသက်သေခံချက်များစွာထဲမှာ၊ ယေရှုခရစ်တော်က ဘုရားသခင်၏သားတော်၊ ကျွန်တော်တို့ရဲ့သခင်နှင့် ကယ်တင်ရှင်၊ ခမည်းတော်၏သားသမီးအားလုံးရဲ့ ရွေးနုတ်တော်မူသောအရှင်ဖြစ်ကြောင်း ကျွန်တော်ရဲ့တမန်တော်ပြု သက်သေခံချက်ကိုထည့်သွင်းလိုပါတယ်။ ကိုယ်တော်ရဲ့အပြစ်ဖြေခြင်းအားဖြင့်၊ ကျွန်တော်တို့ထိုက်တန်မှုရှိရင်၊ ကောင်းကင်ပေါ်မှအဘ၏မျက်မှောက်တော်သို့ပြန်သွားနိုင်ပြီးတော့ မိသားစုတွေနဲ့အတူ ထာဝရနေထိုင်နိုင်ဖို့အတွက် နည်းလမ်းကို ယေရှုခရစ်တော်ကဖြစ်စေခဲ့ပါတယ်။

ကယ်တင်ရှင်က ကျွန်တော်တို့သေခြင်းရှိရာလူ့ခရီးလမ်းမှာ ပျက်ကွက်မှုမရှိပါဘူး။ ကျွန်တော်တို့ကိုယ်တော်နဲ့ ပိုနီးလာနိုင်ဖို့ သူရွေးချယ်ထားတဲ့ခေါင်းဆောင်တွေကတဆင့် လွန်ခဲ့တဲ့နှစ်ရက်တာကာလအတွင်း ကြားနာခဲ့ရပါတယ်။ ထပ်ခါတလဲလဲ၊ သူ့ရဲ့သန့်စင်တဲ့ချစ်ခြင်းနဲ့ကရုဏာတော်ဖြင့်၊ ကျွန်တော်တို့ ဘဝရဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ သူကစောင့်ရှောက်ပေးပါတယ်။ နီဖိုင်းကဖော်ပြခဲ့ပါတယ်၊ “ငါ၏ဘုရားသခင်သည်ငါ၏အထောက်အမဖြစ်လေပြီ၊ သူသည် ငါ့ကို ငါ၏ဒုက္ခဆင်းရဲများတစ်လျှောက်၌ ဆောင်တော်မူလေပြီ။ … ငါကိုသူ၏ချစ်ခြင်းနှင့် ပြည့်စေတော်မူလေပြီ။”

ကိုယ်တော်၏အမှုမှာ ကျွန်တော်တို့အချင်းချင်း ထောက်ခံပေးကြတဲ့အခါ ဒီချစ်ခြင်းကပိုထင်ရှားလာပါတယ်။

အထွေထွေညီလာခံမှာ ကျွန်တော်တို့ရဲ့အသက်ရှင်သောပရောဖက်၊ ပထမဥက္ကဋ္ဌအဖွဲ့၊ တမန်တော်တစ်ဆယ့်နှစ်ပါး၊ အထွေထွေအာဏာပိုင်များနှင့် အသင်းတော်တာဝန်ရှိသူများကို ထောက်ခံကြပါတယ်။ ထောက်ခံခြင်းဆိုတာ တခြားသူကိုတင်မြှောက်ခြင်းဖြစ်ပါတယ်၊ သူတို့ကိုအာရုံစိုက်ပေးရန်၊ သူတို့ရဲ့ယုံကြည်မှုကိုသစ္စာရှိရန် နှင့် သူတို့ရဲ့စကားလုံးတွေကိုလိုက်နာဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ စေ့ဆော်မှုနှင့် သူတို့ဟောပြောကြပါတယ်၊ လက်ရှိပြဿနာတွေ၊ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားကျဆင်းမှုနှင့် ခမည်းတော်ရဲ့အကြံအစည်ကို တားဆီးဖို့ ရန်သူမာနတ်ရဲ့ ကြိုးပမ်းမှုတွေတိုးပွားလာတာကို သူတို့နားလည်ကြပါတယ်။ ကျွန်တော်တို့ရဲ့လက်တွေ တင်မြှောက်ကြတဲ့အခါမှာ၊ ကျွန်တော်တို့က တခဏသာမဟုတ်ဘဲ နေ့စဥ်နေ့တိုင်း ထောက်ပံ့ဖို့ ကတိပေးကြတာဖြစ်ပါတယ်။

ထောက်ခံခြင်းမှာ ကျွန်တော်တို့ရဲ့ ပန္နက်ဥက္ကဋ္ဌများနှင့် သင်းအုပ်များ၊ အသင်းလူကြီးအဖွဲ့နှင့် အဖွဲ့ခေါင်းဆောင်များ၊ ဆရာများ နှင့် အသင်းတော်စုနဲ့ ပန္နက်က ကန့်ပ်ဦးဆောင်သူများကိုပါ တင်မြှောက် ကြတာဖြစ်ပါတယ်။ မိမိရဲ့နေ့စဥ်ဘဝကလူများဖြစ်တဲ့ ကျွန်တော်တို့ရဲ့ဇနီး၊ ခင်ပွန်း၊ သားသမီးများ၊ မိဘများ၊ အမျိုးများနှင့် အိမ်နီးချင်းများကိုလည်း ကျွန်တော်တို့ တင်မြှောက်ကြပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တင်မြှောက်ကြတဲ့အခါ၊ ကျွန်တော်တို့က “ငါမင်းအတွက်ဒီမှာရှိတယ်၊ မင်းရဲ့လက်တွေ‘ပင်ပန်းနွမ်းနယ်ကျ’နေတဲ့အခါ တင်မြှောက်ပေးဖို့ပဲမဟုတ်ဘူး၊ မင်းရဲ့ဘေးမှာနှစ်သိမ့်အားပေးဖို့အတွက်ရှိနေမယ်လို့ ပြောနေတာဖြစ်ပါတယ်။

တင်မြှောက်ခြင်းရဲ့ အယူအဆကို ကျမ်းစာထဲမှာအခြေခံထားပါတယ်။ မော်မုန်ရဲ့ရေများမှာ၊ ဗတ္တိဇံခံပြီးစ အသင်းတော်အသင်းသားတွေက ဒီလိုကတိပြုကြပါတယ်၊ “တစ်ယောက်နဲ့တစ်ယောက်ဝန်များကိုပေါ့စေခြင်းငှာ၊ ထမ်းဆောင်ရန်လိုလားကြသဖြင့်၊… ထိုမှတစ်ပါး၊ နှစ်သိမ့်ခြင်းကိုလိုအပ်လျက်ရှိသူတို့ကို နှစ်သိမ့်ပြီး၊ ခပ်သိမ်းသောကာလတို့၌လည်းကောင်း၊ ခပ်သိမ်းသောအရာတို့၌လည်းကောင်း၊ ခပ်သိမ်းသောအရပ်တို့၌လည်းကောင်းဘုရားသခင်၏သက်သေများအဖြစ်ရပ်တည်လျက်ရှိကြသည်။”

နီဖိုင်းလူမျိုးများကို၊ ယေရှုကမိန့်တော်မူခဲ့ပါတယ်၊ “သင်တို့၏အလင်းကို လောကသို့တောက်ပနိုင်စေခြင်းငှာ မြှောက်လော့ရှုလော့၊ ငါသည်ကား သင်တို့မြှောက်မည့်အလင်းဖြစ်၏။” ကျွန်တော်တို့ရဲ့ ပဋိညာဥ်တွေကိုမြဲမြံစွာစောင့်ထိန်းပြီး၊ သက်ရှင်ပရောဖက်ပြောတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ထောက်ခံတဲ့အခါမှာ၊ ကျွန်တော်တို့ ကကိုယ်တော်ရှင်ရဲ့ အလင်းကို တင်မြှောက်ထားခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က၊ တမန်တော်ဆယ့်နှစ်ပါးအဖွဲ့မှာ အမှုတော်ဆောင်တုန်းကပြောခဲ့ပါတယ်၊ “ကျွန်တော်တို့ရဲ့ ပရောဖက်များကို ထောက်ခံခြင်းက ၎င်းတို့ရဲ့ ပရောဖက်ပြုချက်ဆိုင်ရာ ဦးစားပေးမှုတွေကိုထိန်းသိမ်းဖို့ အစွမ်းကုန်လုပ်ဆောင်သွားမယ့် ပုဂ္ဂိုလ်ရေးကတိကဝတ်တစ်ခုဖြစ်ပါတယ်။”

ပရောဖက်ကို တင်မြှောက်ခြင်း ကမြင့်မြတ်တဲ့အလုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ငြိမ်သက်စွာထိုင်မနေဘဲ၊ တက်ကြွစွာသူ့ကိုကာကွယ်ပေးခြင်း၊ သူရဲ့ အကြံပေးမှုကို လိုက်နာခြင်း၊ သူ့ရဲ့စကားများကို သွန်သင်ပေးခြင်း၊ သူ့အတွက် ဆုတောင်းပေးခြင်းတို့ကို လုပ်ကြပါတယ်။

မော်မုန်ကျမ်းထဲက ဗင်္ယာမိန်​မင်းကြီးက လူတွေကိုပြောခဲ့ပါတယ်၊ “ငါသည်လည်း သင်တို့​ကဲ့သို့ပင် ကိုယ်ခန္ဓာနှင့် စိတ်၌ အမျိုးမျိုးသော အနာရောဂါ​ဝေဒနာများ ဖြစ်လေ့ရှိ၏။ သို့သော်လည်း၊ ငါသည် ရွေးကောက်ခြင်းကို ခံရ၏။ ကိုယ်တော်ရှင်၏​လက်တော်​အားဖြင့် အခွင့်ပေး​တော်မူခြင်းကိုလည်း ခံခဲ့ရ၏။… ငါ့အား ကိုယ်တော်ရှင် ပေးထားတော်မူလေသော အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား​ရှိသမျှဖြင့် သင်တို့ကို အစေခံခြင်းငှာ​၊ သူ၏​အတု​မရှိသော တန်ခိုးတော်​အားဖြင့်​ထိန်းသိမ်း၍ ကာကွယ်​စောင့်မထား​တော်မူခြင်း​ကိုလည်း ခံခဲ့ရလေပြီ။ ”

မောရှေ၏လက်များကို တင်မြှောက်ထားခြင်း။

အဲ့လိုပါပဲ၊ အသက်၁၀၀ မှာ၊ ဥက္ကဋ္ဌနယ်လဆင်ကို ကိုယ်တော်ရှင်အားဖြင့် ထိန်းသိမ်းပြီးကာကွယ်စောင့်မထားခြင်းခံထားရပါတယ်။ ဥက္ကဋ္ဌ ဟယ်ရို ဘီ၊ လီက ပထမဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အချိန်မှာတုန်းက၊ ရေဖိဒိမ်တောင်ထိပ်မှာရပ်နေတဲ့ မောရှေရဲ့ပုံသက်သေကို ကိုးကားဖော်ပြခဲ့ပါတယ်။ သူပြောခဲ့ပါတယ် “[အသင်းတော်ဥက္ကဋ္ဌ ]ရဲ့ လက်တွေဟာ ပင်ပန်းလာနိုင်ပါတယ်။ “သူ့ရဲ့ကြီးလေးတဲ့တာဝန်တွေကြောင့် သူ့ရဲ့လက်တွေကအချိန်ကြာတဲ့အခါ လျော့ကျလာနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က သူ့ရဲ့ဦးဆောင်မှုအောက်မှာ၊ သူ့ရဲ့လက်တွေကို တင်မြှောက်ကြတာနဲ့အမျှ၊ သင်နှင့် ဣသရေလတို့တဖက်က ငရဲတံခါးတို့က ‌အောင်နိုင်လိမ့်မှာမဟုတ်ပါဘူး။ သင်နှင့် ကျွန်တော်တို့ရဲ့လုံခြုံမှုက သူ၏အသင်းတော်ကိုဦးဆောင်ရန် ဘုရားသခင်ထားတော်မူသောသူများကို လိုက်နာခြင်းရှိမရှိအပေါ်တွင် မူတည်ပါတယ်။ သူက ဒီအသင်းတော်ကို ဘယ်သူ့ကိုဦးဆောင်စေချင်လဲဆိုတာ သိပါတယ်၊ ပြီးတော့ ကိုယ်တော်က အမှားလုပ်မှာမဟုတ်ပါဘူး။”

ဥက္ကဋ္ဌနယ်လဆင်က သူရဲ့အတွေ့အကြုံတွေနဲ့ ကိုယ်တော်ရှင်ကိုနှစ်ပေါင်းများစွာအစေခံခဲ့ပါတယ်။ သူ့ရဲ့ ရင့်ကျက်မှု၊ ကျယ်ပြန့်တဲ့အတွေ့အကြုံတွေ၊ ဉာဏ်ပညာ နှင့် တသတ်မတ်တည်းရှိတဲ့ ဗျာဒိတ်တော်ပေါ်ထွန်းခြင်းက ကျွန်တော်တို့ခေတ်ကာလအတွက် အထူးသဖြင့်သင့်တော်ပါတယ်။ သူပြောခဲ့ပါတယ်၊ “ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က ‘မြေကြီးသည်ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံ’မည့်အချိန်အတွက် ကမ္ဘာကိုပြင်ဆင်ပေးနေပါတယ် (ဟေရှာယ ၁၁း၉)။ … ဒီလုပ်ငန်းကို လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာက ပြုလုပ်ခဲ့တဲ့ မြင့်မြတ်သောကြေညာချက်ဖြင့် အားပြုထားပါတယ်။ အဲ့ထဲမှာစကားလုံးခုနှစ်လုံးသာပါဝင်ပါတယ်၊ ‘ဤသူကားငါ၏ချစ်သားပေတည်း။ သူ့အားကြားနာလော့။ (ရှုဂျိုးဇက်စမစ်—သမိုင်း ၁:၁၇။”

ဥက္ကဋ္ဌနယ်လဆင်က ဒါကိုလည်းပြောခဲ့ပါတယ်၊ “ကမ္ဘာ့သမိုင်းတလျှောက်မှာ အခုအချိန်လောက် လူသားစိတ်ဝိညာဥ်အားလုံးအတွက်နဲ့ ကိုယ်ပိုင်အရေးကြီးမှုတွေအတွက် ကယ်တင်ရှင်ရဲ့အသိပညာကိုပိုလိုအပ်တဲ့အချိန် မရှိခဲ့ဖူးပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့စိတ်ထိခိုက်စရာအငြင်းပွားမှုတွေနဲ့ ကျွန်တော်တို့ဘဝထဲကလူတချို့တွေရဲ့ဘဝမှာ၊ ယေရှုခရစ်တော်နဲ့ သူ့ရဲ့သင်ကြားမှုတွေကို အရေးစိုက်လိုက်နာမယ်ဆိုရင် ဒီပြဿနာတွေဘယ်လောက်မြန်မြန်ဖြေရှင်းသွားနိုင်မလဲ စဥ်းစားကြည့်ပါ။”

ညီအကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ ကူညီမတင်ပေးခြင်းတွေကိုပိုလုပ်ကြပြီး ဝေဖန်အပြစ်မှုတွေကိုလျေ့ာချရပါမယ်၊ ကိုယ်တော်ရှင်ရဲ့နှုတ်ကပတ်တော်၊ သူ့နည်းလမ်းနဲ့ သူ့ပရောဖက်ကို ပိုအတည်ပြုကြရပါမယ်၊ ပရောဖက်ကပြောခဲ့ပါတယ်၊ “ယနေ့ ကျွန်တော်တို့အတွက် စိန်ခေါ်မှုအရှိဆုံးအရာက ဘုရားသခင်ရဲ့သမ္မာတရားနှင့် စာတန်ရဲ့အတုအယောင်တွေကို ဝေဖန်ပိုင်းခြားခြင်းဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကိုယ်တော်ရှင်က ‘ကျွန်တော်တို့ စာတန်ကို အောင်နိုင်ဖို့၊ … ပြီးတော့၊ [စာတန်ရဲ့] အလုပ်ကိုထောက်ခံတဲ့ သူ့ကျွန်တွေရဲ့ လက်ကနေလွတ်မြောက်ဖို့ အမြဲဆုတောင်းဖို့ ကိုယ်တော်ရှင်က သတိပေးခဲ့ပါတယ်။’” [ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀:၅အထူးအလေးပေး ထည့်သွင်းထားသည်]။”

မန်တိုင်း ယုတ ဗိမာန်တော် ပြန်လည်ဆက်ကပ်ခြင်း။

လွန်ခဲ့တဲ့ဧပြီလက၊ ညီအစ်မရက်စ်ဘန့် နဲ့ကျွန်တော် မန်တိုင်း၊ ယူတ ဗိမာန်တော်ပြန်လည် ဆပ်ကပ်ခြင်းအတွက် ပရောဖက်နှင့်ညီအစ်မ နယ်လဆင်နဲ့အတူ ဂုဏ်ယူစွာတက်ရောက်ခဲ့ပါတယ်။

ဥက္ကဋ္ဌ နယ်လဆင် အခန်းထဲဝင်လာပြီး လူတိုင်းကို အံ့သြစေခဲ့ပါတယ်။ ကျွန်တော်တို့ထဲကလူနည်းစုကပဲ သူလာမယ်ဆိုတာသိတာပါ။ သူ့ထံမှာ ၊ သူသယ်ဆောင်လာတဲ့အလင်းနဲ့ ပရောဖက်ပြုဂုဏ်ပုဒ်ကို ကျွန်တော်ချက်ချင်းခံစားလိုက်ရပါတယ်။ ပရောဖက်ကို ကိုယ်တိုင်တွေ့မြင်ရတယ့် လူတွေရဲ့မျက်နှာက ရွှင်လန်းတဲ့ပုံရိပ်တွေကကျွန်တော်နဲ့အတူထာဝရရှိနေမှာပါ။

ပြန်လည်ဆပ်ကပ်ခြင်းရဲ့ ဆုတောင်းခြင်းမှာ၊ ဥက္ကဋ္ဌနယ်လဆင်က ကိုယ်တော်ရှင်ကို သူ၏သန့်ရှင်းသောအိမ်တော် အထူးသဖြင့် ဗိမာန်တော်ကိုဝင်ရောက်လာသူ အားလုံးကိုတင်မြှောက် ဖို့နဲ့ “သူတို့ဟာမြင့်မြတ်တဲ့ကောင်းချီးတွေရရှိဖို့၊ သူတို့ရဲ့ပဋိညာဥ်တွေပေါ်မှာသစ္စာရှိပြီး ထိုက်တန်ဖို့… ဒီအိမ်တော်က ငြိမ်းချမ်းသောအိမ်တော်၊ နှစ်သိမ့်မှုရှိသောအိမ်တော်၊ ဒီတံခါးတွေကနေ ထိုက်တန်မှုရှိစွာ ဝင်‌ရောက်လာသူတိုင်းအတွက် ကိုယ်ပိုင်ဗျာဒိတ်တော်ရရှိရာအိမ်တော်” ဖြစ်စေဖို့ အသနားခံခဲ့ပါတယ်။

ကျွန်တော်တို့အားလုံး ကိုယ်တော်ရှင်ထောက်ပံ့ပေးတဲ့ ငြိမ်သက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့်အတူ အထူးသဖြင့် ကိုယ်ပိုင်ဗျာဒိတ်တွေနဲ့ အကြောက်တရား၊ မှောင်မိုက်ခြင်းတွေနဲ့ ကမ္ဘာကိုလွှမ်းခြုံထားတဲ့ပြဿနာတွေကို ကျော်လွှားဖို့လိုအပ်ပါတယ်။

ဆပ်ကပ်ခြင်းမတိုင်ခင်မှာ၊ လှပတဲ့ရှုခင်းကိုကြည့်ဖို့အတွက် ဥက္ကဋ္ဌနှင့် ညီအမနယ်လဆင်နဲ့အတူ နေရောင်ထဲရပ်နေခဲ့ကြပါတယ်။ ဒီဒေသမှာ ဥက္ကဋ္ဌရဲ့ဘိုးဘေးတွေများစွာ နေထိုင်ခဲ့ကြဖူးပါတယ်။ သူ့ရဲ့ အဘိုးအဘွားရှစ်ယောက်လုံးက ဗိမာန်တော်ပတ်ဝန်းကျင်က တောင်ဝှမ်းတွေမှာ အခြေချခဲ့ကြပါတယ်၊ ကျွန်တော်ရဲ့တချို့အဘိုးအဘွားတွေလည်း တူတူပါပဲ။ ကျွန်တော့်ရဲ့ အဘိုး အန်ဒရူး အန်ဒါဆင်က ရော့ကီတောင်တန်းများရှိ မန်တိုင်း ဗိမာန်တော်ကို အပြီးသတ်ဖို့ ၁၁ နှစ်ကြာ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ ရှေးဦးရှေ့ဆောင်များဆောက်လုပ်ရေးအဖွဲ့မှာ အမှုထမ်းခဲ့ပါတယ်။

ဥက္ကဋ္ဌနယ်လဆင်နဲ့ အတူ ကျွန်တော်တို့မတ်တပ်ရပ်ပြီး၊ ကိုယ်တော်ရှင်ရဲ့မြင့်မြတ်တဲ့အိမ်တော် ပြန်လည်ဆပ်ကပ်ပွဲမှာ ဘုရားသခင်ရဲ့ပရောဖက်ကို တင်မြှောက်ပြီး ထောက်ခံဖို့အခွင့်အရေးရခဲ့ပါတယ်။ ဒါကကျွန်တော်ဘယ်တော့မှ မမေ့နိုင်တဲ့နေ့တစ်နေ့ပါ။

ဥက္ကဋ္ဌနယ်လဆင်က ထိုမြင့်မြတ်တဲ့နေ့မှာပြောခဲ့ပါတယ်၊ “ကိုယ်တော်ရှင်ကို ဂုဏ်ပြုဖို့အတွက် ကျွန်တော်တို့ဗိမာန်တော်တွေကို တည်ဆောက်ကြတာပါ။” “ဝတ်ပြုဖို့အတွက်တည်ဆောက်ထားတာပါ၊ ပြသဖို့မဟုတ်ပါဘူး။ ထိုမြင့်မြတ်တဲ့နံရံတွေအတွင်းမှာ ထာဝရအကျိုးရှိတဲ့ မြင့်မြတ်သောပဋိညာဥ်တွေကို ကျွန်တော်တို့ပြုလုပ်ကြပါတယ်။” ကျွန်တော်တို့က ဣသရေလကို စုဝေးနေတာဖြစ်ပါတယ်။

ဥက္ကဋ္ဌ နယ်လဆင်နှင့် သူ့အရင်ပရောဖက်တွေက သန့်ရှင်းသောဗိမာန်တော်တွေကို သူတို့လက်ထဲထွေးပွေးထားခဲ့ကြပါတယ်။ ဒီနေ့မှာ၊ ကမ္ဘာတစ်ဝှမ်းလုံးမှာ လည်ပတ်နေတဲ့၊ ကြေညာထားတဲ့၊ သို့မဟုတ် ဆောက်လုပ်နေဆဲဖြစ်တယ့် ကိုယ်တော်ရှင်ရဲ့မြင့်မြတ်တဲ့အိမ်တော်ပေါင်း ၃၅၀ ရှိပါတယ်။ ပရောဖက်တစ်ပါးအနေနဲ့၊ ၂၀၁၈ ကစပြီး၊ ဥက္ကဋ္ဌနယ်လဆင်က ဗိမာန်တော်ပေါင်း ၁၆၈ခုကိုကြေညာခဲ့ပါတယ်။

သူပြောခဲ့ပါတယ်၊ “ကျွန်တော်တို့ကာလမှာ”၊ “ကာလအဆက်ဆက်ရဲ့ အလုံးစုံသော၊ ပြီးမြောက်သော၊ပြည့်စုံသော ပြည်ထောင်စု၊ သော့များနှင့် တန်ခိုးများအားလုံးကို အတူတကွ ပေါင်းစည်းရပါမယ် (ရှု ဩဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၂၈:၁၈)။ ထိုမြင့်မြတ်တဲ့ရည်ရွယ်ချက်ကြောင့်၊ သန့်ရှင်းတဲ့ဗိမာန်တော်တွေက ယခုကမ္ဘာအနှံ့အပြားမှာရှိနေတာပါ။ ဒီဗိမာန်တော်ရဲ့ဆောက်လုပ်ပုံတွေက သင့်ရဲ့ဘဝကိုမပြောင်းလဲပေးနိုင်ပေမယ့်၊ ဗိမာန်တော်ထဲကဝန်ဆောင်မှုကတော့ သင့်ဘဝကိုသေချာပြောင်းလဲပေးပါလိမ့်မယ်။”

“ကယ်တင်ရှင်နဲ့ သူ့ရဲ့သြဝါဒက ဗိမာန်တော်ရဲ့အဓိကအချက်အချာဖြစ်ပါတယ်၊” လို့ ဥက္ကဋ္ဌ နယ်လဆင်ကပြောပါတယ်။ ဗိမာန်တော်ထဲမှာ သွန်သင်တဲ့အရာမှန်သမျှဟာ၊ လမ်းညွှန်ချက်အားဖြင့်၊ ဝိညာဉ်တော်အားဖြင့်၊ ယေရှုခရစ်တော်အကြောင်း ကျွန်တော်တို့ရဲ့ နားလည်ခြင်းကို တိုးစေပါတယ်။ သူ့ရဲ့ မရှိမဖြစ် ဘိသိက်မင်္ဂလာတွေက ကျွန်တော်တို့ကို သန့်ရှင်းမွန်မြတ်သောယဇ်ပုရောဟိတ်ပဋိညာဉ်တွေအားဖြင့် သူနဲ့စည်းနှောင်ထားပါတယ်။ အဲဒီနောက်၊ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းကြတာနဲ့အမျှ၊ သူက ကျွန်တော်တို့ကို သူ့ရဲ့အနာငြိမ်းစေခြင်း၊ ခွန်အားဖြည့်ပေးခြင်းတန်ခိုးတို့နဲ့ အပ်နှင်းပါတယ်။”

“ဗိမာန်တော်ထဲမှာဝတ်ပြုကြသူအားလုံးသည်”၊ “ဘုရားသခင်၏တန်ခိုးတော်ရရှိပြီးကောင်းကင်တမန်များက ‘သူတို့ကိုအုပ်စိုး’ ကြလိမ့်မယ် လို့ ဥက္ကဋ္ဌ နယ်လဆင်ကပြောခဲ့ပါတယ် [ဩဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၀၉း၂၂]။ ဘုရားသခင်၏တန်ခိုးတော်ကိုကိုင်ဆောင်ထားသည့် ဝိညာဥ်ပကတိအပ်နှင်းခြင်းပြုထားသော အမျိုးသားအမျိုးသမီး [ဒါမှမဟုတ် ဗိမာန်တော်တတ်ရောက်သူလူငယ်] တို့အနေနဲ့၊ ဘဝကိုတစ်ဦးတည်းရင်ဆိုင်ရန်၊ မလိုကြောင်းသိခြင်းက သင့်ရဲ့ ယုံကြည်ခြင်းကိုဘယ်လောက်တောင် တိုးတက်နိုင်ပါသလဲ။ ကောင်းကင်တမန်တို့က သင့်ကိုတကယ်ကူညီပေးမယ်လို့သိခြင်းက ဘယ်လိုခွန်အားမျိုးသင့်ကိုပေးပါသလဲ။”

ယေရှုခရစ်တော် ဂေသရှေမန်ဥယျာဉ်မှာ နှိမ့်ချစွာ ဒူးထောက်ထိုင်တဲ့အခါမှာ ကောင်းကင်တမန်များ ကျွန်တော်တို့ကို တင်မြှောက်ဖို့အတွက် လက်ကမ်းနေကြခြင်းကို ကျမ်းစာတွေထဲမှာဖော်ပြထားပါတယ်။ သူ့ရဲ့နာကျင်မှုတွေနဲ့၊ ကိုယ်တော်က အနန္တအပြစ်ဖြေခြင်းကိုပေးခဲ့ပါတယ်။ ဥက္ကဋ္ဌ နယ်လဆင်ဖော်ပြခဲ့ပါတယ်၊ “အဲ့ဒီမှာ”၊ “သမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာရဲ့ အကြီးကျယ်ဆုံး လုပ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ … ဂေသရှေမန်မှာ၊ ကိုယ်တော်ရှင်က ‘ခပ်သိမ်းသော လူသားတို့နောင်တရ၍ သူ့ထံသို့ လာနိုင်ကြစေကြောင်း … ခပ်သိမ်းသော လူသားတို့၏ နာကျင်မှုကို ခံစားတော်မူ၏’ [ဩဝါဒနှင့် ပဋိညာဥ်များကျမ်း ၁၈း၁၁]။”

ယေရှုခရစ်တော် မေးခဲ့ပါတယ်၊ “ဤခွက်ကိုအကျွန်ုပ်မှ လွှဲတော်မူပါ၊“ “သို့သော်လည်း၊ အကျွန်ုပ်အလိုရှိသည်အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်စေပါဟု ဆုတောင်းတော်မူ၏။

“ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။”

ဒီနေ့ကျွန်တော်တို့ ပတ်လည်မှာကောင်းကင်တမန်တွေရှိပါတယ်။ ဥက္ကဋ္ဌနယ်လဆင်ပြောခဲ့ပါတယ်၊“[ဗိမာန်တော်တွင်၊] ကောင်းကင်နှင့်မြေကြီးကြားတွင် ကန့်လန့်ကာကိုခွဲပြီး ဘုရားသခင်၏ကောင်းကင်တမန်များ သင့်ထံလာ‌ရောက်ဖို့မည်သို့တောင်းခံရမလဲဆိုတာကို သင် သင်ယူရပါလိမ့်မယ်။”

ကောင်းကန်တမန်တွေက အလင်းရောင်ကိုဆောင်ယူပေးပါတယ်။ ဘုရားသခင်ရဲ့အလင်းပါ။ ယေရှုက၊ သူ့ရဲ့နီဖိုင်းအမျိုးသားတမန်တော်တွေကို မိန့်ခဲ့ပါတယ်၊ “ရှုလော့၊ ငါသည်ကား သင်တို့မြှောက်မည့်အလင်းဖြစ်၏” ကျွန်တော်တို့က ပရောဖက်ကိုထောက်ခံကြတာနဲ့၊ သူက ကျွန်တော်တို့ရဲ့ကယ်တင်ရှင် “လောက၏အလင်းဖြစ်သူ” ရဲ့ခေါ်ခြင်းကိုခံထားရတဲ့သူဆိုတာကို သက်သေခံပါတယ်။.”

ချစ်လှစွာသော ဥက္ကဋ္ဌနယ်လဆင်၊ ကိုယ်တော်ရှင်အသင်းတော်ရဲ့ အသင်းသားများနဲ့ မိတ်ဆွေများကိုယ်စားအဖြစ်၊ ကျွန်တော်တို့က သင့်ရဲ့သင်ကြားမှုတွေကို တင်မြှောက်ရတဲ့အတွက်၊ ခရစ်တော်ကဲ့သို့နေထိုင်ခြင်းရဲ့ဥပမာကို၊ တင်မြှောက်ရတဲ့အတွက်၊ ကိုယ်တော်ရှင်နဲ့ကယ်တင်ရှင်၊ အားလုံး၏ရွေးနုတ်ရှင်အတွက် သင့်ရဲ့ထက်သန်တဲ့သက်သေခံချက်ကို တင်မြှောက် ရခြင်းအတွက် ကျွန်တော်တို့ကောင်းချီးခံစားရပါတယ်။

ယေရှုခရစ်တော်က “လောကရဲ့ အလင်း” ဖြစ်တယ်ဆိုတဲ့ ကျွန်တော်ရဲ့ တမန်တော်ပြုသက်သေခံချက်ကို ဝေငှပါတယ်။ ကိုယ်တော့်ရဲ့တပည့်တော်တွေအနေနဲ့၊ ကျွန်တော်တို့အားလုံး၊ ကိုယ်တော်ရဲ့အလင်းကို “တင်မြှောက်” ကြရအောင်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရှုသြဝါဒနှင့် ပဋိညာဥ်ကျမ်း ၁း၃၈

  2. ၂ နီဖိုင်း ၄း၂၀-၂၁

  3. ရှု ရိုနယ် အေ၊ ရက်စ်ဘန့်၊ “Words Matter,” လီယာဟိုနာ၊ မေ ၂၀၂၄၊ ၇၀-၇၆။

  4. ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၁း၅

  5. မောဇိယ ၁၈း၈-၉

  6. ၃ နီဖိုင်း ၁၈း၂၄၊ အထူးအလေးပေးထည့်သွင်းထားသည်။

  7. ရပ်ဆဲလ် အမ်၊ နယ်လဆင် “Sustaining the Prophets,” လီယာဟိုနာ၊ နို၊၂၀၁၄၊ ၇၅။

  8. မောဇိယ ၂း၁၁

  9. ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၂၁း၆၈၁း၅

  10. ဟာရို ဘီ၊ လီ၊ ညီလာခံသတင်းပို့ခြင်း၊ အောက်၊ ၁၉၇၀၊၁၅၃။

  11. ယေရှုခရစ်တော်၏ပြီးပြည့်စုံသောဧဝံဂေလိတရားတော် ပြန်လည်ဆောင်ယူခြင်းမှ၊ လောကသို့နှစ်တစ်ရာပြည့်ကြေညာချက်” တွင်၊ “ကတိထားရာပြန်လည်ဆောင်ယူခြင်းသည် ဆက်တိုက်ဗျာဒိတ်ပေးခြင်းအားဖြင့် ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ဝမ်းမြောက်စွာကြေညာပါသည်။ ဘုရားသခင်က ‘ခပ်သိမ်းသောအရာတို့ကို ခရစ်တော်၌ တစ်လုံးတစ်ဝတည်း အတူတကွစုဝေးတော်မူ’ (ဧဖက်ဩဝါဒစာ ၁း၁၀) မည်ဖြစ်သောကြောင့်၊ မြေကြီးသည် အဘယ်တော့မျှ ယခင်ကကဲ့သို့ ဖြစ်တော့မည်မဟုတ်ပါ။

  12. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “The Future of the Church: Preparing the World for the Savior’s Second Coming,” လီယာဟိုနာ, ဧပြီ၊ ၂၀၂၀၊ ၆-၇။

  13. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊“Pure Truth, Pure Doctrine, and Pure Revelation,” Liahona, နို၊ ၂၀၂၁၊ ၆။

  14. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “ဝိညာဉ်ပကတိအဟုတ်တန်ခိုး၊” လီယာဟိုနာ၊ မေ ၂၀၂၂၊ ၉၉။

  15. မန်တိုင်း၊ ယူတ ဗိမာန်တော်ဆက်ကပ်ခြင်း ဆုတောင်းချက်၊ ၂၁ ဧပြီလ ၂၀၂၄၊” ChurchofJesusChrist.org.

  16. မော်မုန်ကျမ်းတွင်၊ ပရောဖက်မော်မုန်က သူ့သားမော်ရော်နိုင်းအား သူတစ်ဦးတည်းရှိပြီး ရန်သူများမှလိုက်ခံရသောအချိန်တွင် နှစ်သိမ့်ရန်စာတစ်စောင်ရေးခဲ့ပါတယ်။ သူရေးသားခဲ့တာကတော့၊ “ခရစ်တော်သည်သင့်ကိုချီးမြှောက်တော်မူပါစေ။ သူ၏ဒုက္ခဝေဒနာခံစားခြင်းတို့နှင့်… သေခြင်းသည် သင်၏စိတ်၌ကာလအစဥ်အဆက် ကိန်းဝပ်ပါစေ” (မော်ရော်နိုင်း ၉း၂၅)။

  17. ၁၈၈၈ မန်တိုင်း၊ယူတဗိမာန်တော်ဆက်ကပ်ခြင်းမတိုင်မီမှာ၊ ယူတမှာရှိတဲ့တခြား ဗိမာန်တော်နှစ်ခုကို ဆပ်ကပ်ထားပြီးဖြစ်ပါတယ်။ ၁၈၇၇ မှာ စိန့်‌ဂျော့ ယူတ ဗိမာန်တော်နှင့် ၁၈၈၄ မှာ လိုဂန် ယူတ ဗိမာန်တော်တို့ဖြစ်ကြပါတယ်။ ပြန်လည်ဆောင်ယူခြင်းရဲ့ ပထမဆုံးဗိမာန်တော်ကို ကန့်ခ်လန်ဒ်၊ အိုဟိုင်းရို မှာ တည်ဆောက်ခဲ့ပြီး၊ ၁၈၃၆ မှာဆပ်ကပ်ခဲ့ပါတယ်။ ကြီးမြတ်သောဝိညာဉ်ရေးရာဖော်ပြမှုများပါဝင်ပြီး၊ အမှုတော်များ၊ ယဇ်ပုရောဟိတ်အခွင့်သော့များကိုပြန်လည်ဆောင်ယူရန် မောရှေ၊ ဧလိယ နှင့် ဧလိယတို့အား ပေးခဲ့ပါတယ်၊ ထို့မှသာ ဗိမာန်တော်လုပ်ငန်းနှင့် ဣသရေလစုဝေးခြင်းကို လေးနက်စွာစတင်နိုင်မှာဖြစ်ပါတယ်။

    ဂျိုးဇက်စမစ်မှ ဤကဲ့သို့မှတ်တမ်းတင်ခဲ့ပါတယ်၊ “၎င်းသည် ပင်တေကုတ္တေပွဲဖြစ်ပြီး၊ အမှန်ပင် အောက်မေ့ရမည့် လက်ဆောင်မွန်တစ်ခုဖြစ်သည်၊ အကြောင်းမှာ အသံသည် ဤနေရာမှ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး၊ ဤနေ့၏ ဖြစ်ပျက်မှုများသည် ဓမ္မသမိုင်းစာမျက်နှာများပေါ်တွင် မျိုးဆက်အားလုံး လက်ဆင့်ကမ်းရမည်၊ ပင်တေကုတ္တေ ပွဲနေ့ကဲ့သို့၊ ဤနေ့ကို ရေတွက်၍ ဂုဏ်ပြုရမည်။ အမြတ်ဆုံးသောဘုရားသခင်၏ သန့်ရှင်းသူများအတွက် ဂျူဗလီနှစ်နှင့် ရွှင်လန်းရမည့်အချိန်ဖြစ်သည်။” (ဂျိုးဇက်စမစ်နေ့စဥ်မှတ်တမ်း ၊ ၁၈၃၅- ၁၈၃၆၊ ပီ၊ ၁၈၉-၁၉၀၊ josephsmithpapers.org၊ စာလုံးပေါင်း၊ စာလုံးကြီးနှင့် သတ်ပုံတို့ကို ခေတ်မီအောင် ပြုလုပ်ထားသည်)။ ၁၈၄၆ မေလမှာ နာဗူး ဗိမာန်တော်ကို တရားဝင်ဆက်ကပ်ခဲ့ပါတယ်၊ သန့်ရှင်းသူအများစုက သူတို့ရဲ့အိမ်တွေနဲ့ ရပ်ရွာကိုစွန့်ပစ်သွားခဲ့ကြပြီး နောက်ပိုင်းဖြစ်ပါတယ်။ ၆၀၀၀ ကျော်သန့်ရှင်းသူတွေဟာ အနောက်ဘက်ကို ထွက်မပြေးသွားကြခင်မှာ၊ ဗိမာန်တော်ပဋိညာဥ်တွေပြုခဲ့ကြပါတယ်။ (ရှု အသင်းတော်သမိုင်းကြောင်း ခေါင်းစဉ်များ၊“Nauvoo Temple၊” ဧဝံဂေလိတရားတော်စာကြည့်တိုက်။)

  18. ရမ်ဆဲလ် အမ်၊ နယ်လဆင်၊ တွင် “President Nelson Rededicates Manti Utah Temple,” ဧပြီ ၂၁၊၂၀၂၄၊ newsroom.ChurchofJesusChrist.org.

  19. ရှု စကော့တေလာ၊“A by-the-numbers look at the 168 temples announced by President Nelson,” အသင်းတော်သတင်းများ၊ ဧပြီလ ၁၄၊ ၂၀၂၄၊ thechurchnews.com။

  20. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “The Future of the Church,” ၈-၉။

  21. ရမ်ဆဲ အမ် နယ်လ်ဆင်၊ “The Temple and Your Spiritual Foundation,” လီယာဟိုနာ, နို၊ ၂၀၂၁၊ ၉၃-၉၆။

  22. ရပ်ဆဲလ် အမ် နယ်လဆင်၊ “ယဇ်ပရောဟိတ်အခွင့်သော့များ၏ဆုကျေးဇူး၌ ပျော်မွေ့ခြင်း၊လီယာဟိုနာ၊ မေ ၂၀၂၄၊ ၁၂၁။

  23. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “The Atonement,” Ensign, နို၊ ၁၉၉၆၊၃၅။

  24. ရှင်လုကာခရစ်ဝင် ၂၂:၄၂-၄၃

  25. ရပ်ဆဲလ် အမ် ၊နယ်လဆင်၊ “The Temple and Your Spiritual Foundation,” ၉၆။

  26. ၃ နီဖိုင်း ၁၈:၂၄

  27. ၃ နီဖိုင်း ၁၁:၁၁

  28. ၃ နီဖိုင်း ၁၁:၁၁