အထွေထွေညီလာခံ
လူသားအားချီး‌မွမ်းလော့
အောက်တိုဘာ ၂၀၂၃ အထွေထွေညီလာခံ


13:10

လူသားအားချီး‌မွမ်းလော့

ကျွန်တော်တို့သိတာတွေအကုန်လုံးဟာ ဒီနောက်ဆုံးကာလရဲ့ ပရောဖက်ဖြစ်တဲ့ ဂျိုးဇက်စမစ်ကြောင့်ဆိုတာ သိရတာဘယ်လောက်တောင်များတဲ့ကောင်းချီးဖြစ်လိုက်ပါသလဲ။

ချစ်ရတဲ့ ညီအကိုမောင်နှမများခင်ဗျာ၊ ဒီနေ့မနက်ပိုင်းမှာ သင်တို့နဲ့အတူရှိရတာအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော့်ကို ဘုရားသခင်ကောင်းချီးပေးဖို့ ကျွန်တော်ဆုတောင်းပါတယ်။

ကျွန်တော့်ရဲ့မျက်လုံးတွေက အရင်ကလိုမဟုတ်တော့ပါဘူး။ ကျွန်တော် မျက်စိဆရာဝန်ဆီ သွားတွေ့ခဲ့ပါတယ်၊ ကျွန်တော်က သူ့ကို “ကျွန်တော် စကားထောက်ကိရိယာကို ကြည့်လို့မရဘူး“ လို့ပြောပါတယ်။

သူမပြန်ပြောပါတယ်၊ “သင်ရဲ့မျက်လုံးတွေကအိုနေပြီ၊ သူတို့ကပြောင်းလဲတော့မှာမဟုတ်ပါဘူး။”

ဒါကြောင့် ကျွန်တော်အတတ်နိုင်ဆုံးလုပ်ပါမယ်။

ကျွန်တော့်စိတ်ထဲမှာ ရှိနေတဲ့အရာတချို့ကို သင်တို့နဲ့ ဝေငှချင်ပါတယ်။ လွန်ခဲ့တဲ့လတွေထဲက ကျွန်တော့်စိတ်ထဲမှာ ပရောဖက် ဂျိုးဇက်စမစ် ရှိနေပုံရပါတယ်။ ဒီစုံလင်ခြင်းအုပ်စိုးမှုရှိတဲ့ကာလမှာ၊ ပရောဖက်ဖြစ်လာခဲ့တဲ့ သူရဲ့ တောက်ပတဲ့တာဝန်ဝတ္တရား အကြောင်းကို ကျွန်တော်ထိုင်ပြီး အာရုံပြု ဆင်ခြင်ခဲ့မိပါတယ်။

ဂျိုးဇက်စမစ်၊ သူ့ရဲ့အပြစ်တွေအတွက် ခွင့်လွှတ်ခြင်းရရှိဖို့ ဘာလုပ်ရမလဲဆိုတာ သိဖို့ဆန္ဒရှိခဲ့တဲ့ ကောင်လေးတစ်ယောက်၊ ပိုင်းမဲယာရ် နယူးယောက်မှာရှိတဲ့ သူ့အိမ်နားက တောအုပ်ထဲကို ဝင်သွားဖို့ ရဲရင့်ခြင်းရှာတွေ့ခဲ့ကာ၊ အဲ့ဒီမှာ ဒူးထောက်ဆုတောင်းခဲ့ပြီး၊ သူ့ရဲ့ ကိုယ်ပိုင် ‌ဖော်ပြချက်အရ ပထမဆုံးအကြိမ်အသံထွက်ဆုတောင်းခြင်းပြုလုပ်ခဲ့ပါတယ်၊(ရှု ဂျိုးဇက်စမစ်၊ သမိုင်း ၁း၁၄)၊ အဲ့ဒါအတွက် ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်ရဲ့ အသင်းသားတွေအနေနဲ့ ကျွန်တော်တို့ဘယ်လောက်တောင်ကျေးဇူးတော်ချီးမွမ်းကြောင်းကျွန်တော်စဥ်းစားခဲ့ပါတယ်။

ထိုဖြစ်ရပ်မှာ၊ ကျွန်တော်တို့ မြင့်မြတ်သောတောအုပ်လို့ ခေါ်တဲ့ နေရာမှာ ဂျိုးဇက်ကဒူးထောက်လိုက်တဲ့အခါမှာ၊ ကောင်းကင်ဖွင့်တော်မူလာခဲ့ပါတယ်။ နေ့ဘက်၏နေအလင်းထက်တောက်ပသော ပုဂ္ဂိုလ်နှစ်ဦးက သူ့ရဲ့ရှေ့မှာ ပေါ်လာခဲ့ပါတယ်။ တစ်ပါးတည်းသောသူက ၊”[ဂျိုးဇက်]၊ သူသည် ငါ၏ချစ်လှစွာသောသားဖြစ်ပါတယ်။ သူ့ကို နားထောင်လော့။ (ဂျိုးဇက်စမစ်သမိုင်း ၁း၁၇)။ ထိုမှ ယေရှုခရစ်တော်၏ ထာဝရတိုင်ရှိသည့် စုံလင်သောဧဝံဂေလိတရားတော်ကို ပြန်လည်ဆောင်ယူခြင်းစတင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင် ယေရှုက ငယ်ရွယ်သောဂျိုးဇက်အားစကားပြောတော်မူခဲ့ပြီး၊ ကျွန်တော်တို့ ယခုနေထိုင်သောကာလကို ဖွင့်ပြပေးတော်မူခဲ့တာကြောင့်၊ ကျွန်တော်တို့အခု “ယေဟောဝါနှင့် ဆက်သွယ်သည့် လူသားအားချီးမွမ်းလော့” လို့သီဆိုနိုင်ကြပါတယ်။ (“Praise to the Man,” ဓမ္မသီချင်းများ, နံပါတ်၊၂၇)။ ကျွန်တော်တို့ က ကိုယ်တော်ရှင်ကို ဂျိုးဇက်စမစ်အတွက်နဲ့ ၊ ၁၈၂၀မှာ ပိုင်းမဲယာရ် နယူးယောက်က သူ့အိမ်နားမှာရှိတဲ့ တောအုပ်ထဲကို ဝင်သွားဖို့ သူရဲရင့်ခြင်းရှိခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့မှာရှိတဲ့အရာတွေအားလုံးနဲ့ ကျွန်တော်တို့သိတဲ့ အင်မတန်ကောင်းမွန်သောအရာတွေအကြောင်း ကျွန်တော်စဥ်းစားနေခဲ့ပါတယ်။ ကျွန်တော်ချစ်ရတဲ့ညီအကိုမောင်နှမများခင်ဗျာ၊ ဒီမနက်အတွက် ကျွန်တော်ရဲ့ သက်သေခံချက်ကတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့သိတာမှန်သမျှကို သိဖို့အလွန်များစွာကောင်းချီးခံစားရတဲ့အကြောင်းပဲဖြစ်ပါတယ်၊ ကျွန်တော်တို့မှာ ဒီနောက်ဆုံးကာလရဲ့ ပရောဖက်ဖြစ်တဲ့ ဂျိုးဇက်စမစ်ရှိလို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့မှာ ဘဝရဲ့ရည်ရွယ်ချက်အကြောင်း၊ ကျွန်တော်တို့ဘယ်သူတွေဖြစ်တယ်ဆိုတဲ့အကြောင်း နားလည်မှုရှိကြပါတယ်။

ဘုရားသခင်ဘယ်သူဖြစ်တယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်၊ ကယ်တင်ရှင်ဟာ ဘယ်သူဖြစ်တယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်၊ ကျွန်တော်တို့မှာ ဂျိုးဇက်ရှိလို့ပါ၊ သူဟာ ကောင်လေးတစ်ယော်ကအဖြစ် တောအုပ်ထဲကို သွားခဲ့ပါတယ်၊ သူ့ရဲ့အပြစ်တွေကနေ ခွင့်လွှတ်ခြင်းကိုလည်းရှာခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖနဲ့ ကိုယ်တော်ရှင်ယေရှု တို့က ဒီနောက်ဆုံးကာလမှာ သူတို့ကိုယ်သူတို့ဖော်ပြပြီးတော့ ဂျိုးဇက်က ယေရှုခရစ်တော်၏ ထာဝရတည်သည့် စုံလင်သော ဧဝံဂေလိတရားတော်ကိုပြန်လည်ဆောင်ယူဖို့ ကြီးပျင်းလာခဲ့တယ် ဆိုတာဟာ ကမ္ဘာပေါ်ကလူတိုင်းသိတဲ့အရာတွေအားလုံးထဲက ‌အကောင်းမွန်ဆုံး၊ အသရေအရှိဆုံးဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့မှာ မော်မုန်ကျမ်းရှိပါတယ်။ အသင်းတော်ရဲ့ အသင်းသားများအတွက် မော်မုန်ကျမ်းက ဘယ်လောက်တောင်ကောင်းမြတ်ပြီး ကြီးမားလိုက်တဲ့ဆုကျေးဇူးဖြစ်ပါသလဲ။ အဲ့ဒါဟာ၊ ယေရှုက ခရစ်တော်ဖြစ်တယ်ဆိုတဲ့ တခြားသောသက်သေခံချက်၊ အထောက်အထားတစ်ခုဖြစ်ပါတယ်။ ပုရပိုက်ပြားတွေကိုသွားယူဖို့ ဂျိုးဇက်ကထိုက်တန်မှုရှိခဲ့တာကြောင့်၊ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ဆုကျေးဇူးအားဖြင့် ဘာသာပြန်ခဲ့ပြီးတော့၊ လောကကိုပေးခဲ့တဲ့အတွက် ကျွန်တော်တို့မှာဒီစာအုပ်ရှိပါတယ်။

ဒီမနက်မှာ ကျွန်တော်ရဲ့ သတင်းစကားကရိုးရှင်းပေမယ့်၊ နက်ရှိုင်းပါတယ်၊ ပရောဖက်ဂျိုးဇက်စမစ်နဲ့ သူ့ကိုထောက်ခံပေးခဲ့တဲ့၊ သူ့ရဲ့ငယ်ရွယ်စဥ်အချိန်မှာထောက်ခံပေးခဲ့တဲ့ ကျွန်တော်ရဲ့ချစ်ရသောညီအကို မောင်နှမများအတွက် ပြည့်ဝတဲ့ချစ်ခြင်းရှိပါတယ်။

ဒီမနက်မှာ ကျွန်တော်သူ့ရဲ့အမေကို ‌ချီးကျူး‌ဂုဏ်ပြုချင်ပါတယ်။ မြင့်မြတ်တဲ့ တောအုပ်ကနေ ရခဲ့တဲ့ထိုအတွေ့အကြုံပြီးနောက်မှာ ဂျိုးဇက်ကအိမ်ကိုပြန်လာပြီး သူ့အမေကိုဘာဖြစ်ခဲ့လဲပြောတဲ့အခါ၊ လူစီ မက်ခ် စမစ်က သူ့ကိုယုံကြည်ခဲ့တာဟာ ဘယ်လောက်တောင်ကောင်းမြတ်လိုက်သလဲဆိုတာကိုကျွန်တော်အမြဲစဥ်းစားပါတယ်။

ယေရှုခရစ်တော်၏ ထာဝရတည်သော စုံလင်သည့်ဧဝံဂေလိတရားတော်ကို ကမ္ဘာမြေပေါ်မှာတဖန်ပြန်လည်ဆောင်ယူရာမှာ သူ့ကို ပရောဖက်တစ်ဦးဖြစ်လာစေခဲ့ပြီး ဒီကြီးမားတဲ့ တာဝန်ပေးတဲ့အခါမှာ ထောက်ခံပေးခဲ့ကြတဲ့ သူ့ရဲ့ဖခင်၊ ညီကိုမောင်နှမတွေနဲ့၊ သူ့ရဲ့မိသားစုအတွက် ကျွန်တော်ကျေးဇူးတော်ချီးမွမ်းပါတယ်။

ဒါကြောင့် ဒီမနက်မှာ ကျွန်တော်ရဲ့ သက်သေခံချက်ကတော့ ယေရှုခရစ်တော်ဟာ ဤကမ္ဘာ၏ ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်ဖြစ်တယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘ နဲ့ ကိုယ်တော်ရှင် ယေရှုခရစ်တော်ဟာ ‌ဂျိုးဇက်စမစ်ရှေ့မှာပေါ်လာခဲ့ပြီးတော့ သူ့ကိုပရောဖက်ဖြစ်ဖို့ ပြင်ဆင်ပေးခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။

ကျွန်တော်တို့ဘဝရဲ့ ရည်ရွယ်ချက်ကိုသိရှိခြင်း၊ ဒီမှာဘာကြောင့်ရှိနေလဲဆိုတာ နှင့် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာပြီးမြောက်အောင်မြင်ဖို့ ဘာလုပ်ရမလဲဆိုတာ သိခြင်းတို့အတွက် ကျွန်တော်အလွန်အံ့သြချီးမွမ်းမိပါတယ်၊ သင်တို့တော်တော်များများလည်း အဲ့လိုခံစားရမယ်ဆိုတာသေချာပါတယ်။ ကောင်းကင်ဘုံရှင်အဘ နှင့် ကိုယ်တော်ရှင်ယေရှုခရစ်တော်တို့ ရဲ့မျက်မှောက်တော်ကိုရောက်ဖို့ သေချာစွာလာမယ့် ထိုနေ့အတွက်ပြင်ဆင်ဖို့ရာ တစ်နေ့တစ်ခုချင်းဖြင့် နည်းနည်းပိုကောင်းလာစေရန်၊ ပိုကြင်နာတတ်လာစေရန် နှင့် ထိုနေ့အတွက် အနည်းငယ်ပိုပြင်ဆင်နိုင်ရန်ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။

အဲ့ဒါက ကျွန်တော့်အတွက်တော့ နည်းနည်းပိုနီးကပ်လာပါပြီ။ မကြာခင်မှာ ကျွန်‌တော် ၉၅ နှစ်ပြည့်ပါတော့မယ်။ ကျွန်တော့်သားသမီးတွေက တချို့နေ့တွေမှာ ကျွန်တော်အဲ့ထက် ပိုအသက်ကြီးတယ်ထင်ရတယ်လို့ပြောပါတယ်၊ ဒါပေမယ့်အဆင်ပြေပါတယ်။ ကျွန်တော်လုပ်နိုင်တာအကောင်းဆုံးလုပ်နေပါတယ်။

ဒါပေမယ့်၊ ညီအကိုမောင်နှမများခင်ဗျာ၊ အသင်းတော်ရဲ့ အထွေထွေအခွင့်အာဏာရှိသူတစ်ဦးအနေနဲ့ နှစ်၅၀နီးပါး အမှုတော်ဆောင်ခြင်းတာဝန်တွေကိုလုပ်ရင်း ကျွန်တော်ကမ္ဘာတစ်ဝှမ်းကိုရောက်ဖို့ အခွင့်ထူးရရှိခဲ့ပါတယ်။ အဲ့ဒါက အလွန်ကောင်းမွန်တဲ့ ကောင်းချီးဖြစ်ခဲ့ပါတယ်။ ကမ္ဘာနေရာတိုင်းစီ နီးနီးရောက်ခဲ့ဖူးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အသင်းတော်ရဲ့ အသင်းသားတွေနဲ့ကျွန်တော်တွေ့ခဲ့ပါတယ်။

အို၊ သင်တို့ကိုကျွန်တော် အရမ်းချစ်ပါတယ်။ သင်တို့ရဲ့မျက်နှာတွေကိုကြည့်ပြီး၊ သင်တို့ဆီမှာရှိနေရပြီး၊ ကိုယ်တော်ရှင်နှင့် ယေရှုခရစ်တော်၏ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်အတွက် သင်တို့ရဲ့ချစ်ခြင်းကို ခံစားရတာဟာ အလွန်မွန်မြတ်တဲ့ အတွေ့အကြုံပါ။

ကောင်းကင်ဘုံရှင်အဖ ကျွန်တော်တို့ကိုယခုကောင်းချီးပေးတော်မူပြီး၊ အထွေထွေညီလာခံ အစည်းအဝေးများအားလုံးကိုလည်း ကောင်းချီးပေးတော်မူပါစေ။ ကိုယ်တော်ရှင်ရဲ့ သန့်ရှင်းသောဝိညာဥ်တော်က ကျွန်တော်တို့ရဲ့ နှလုံးသားတွေထဲမှာကောင်းစွာရှိနေပါစေ၊ ပြီးတော့ ကိုယ်တော်အားအစေခံရန်နှင့် သူရဲ့ ပညတ်တော်များကိုလိုက်လျှောက်ပြီး၊ ဒီအထွေထွေညီလာခံတက်ရတဲ့ ရလဒ်အနေနဲ့ ကိုယ်တော်နဲ့ တူလာ‌အောင်ကျွန်တော်တို့ ကြိုးစားကြသည်နှင့်အမျှ၊ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ယေရှုခရစ်တော်၏ ဧဝံ‌ဂေလိတရားတော်ကို ချစ်ခြင်းတိုးတက်နိုင်ကြပါစေ။ ကမ္ဘာရဲ့ဘယ်နေရာမှာပဲသင်ရှိနေနေ၊ ဘုရားသခင်ကောင်းချီးပေးပါစေ။ ကိုယ်တော်ရှင်ရဲ့ ဝိညာဥ်တော်ဟာ ကျွန်တော်တို့နှင့်အတူရှိပါစေ။ ညီလာခံရဲ့ ဒီကဏ္ဍမှာ အတူတကွဝတ်ပြုကြတာနဲ့အမျှ ကောင်းကင်ရဲ့ တန်ခိုးကို ကျွန်တော်တို့ခံစားနိုင်ကြပါစေ။

ယေရှုက ခရစ်တော်ဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ်ဆိုတဲ့ သက်သေခံချက်ကို သင်တို့နဲ့အတူဝေငှပါတယ်။ သူက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနုတ်ရှင်ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်တဲ့နာမတော်အားဖြင့်၊ အာမင်။