ဘုရားသခင်၏မိသားစုကို ခြုံငုံသုံးသပ်ရှုထောင့်ဖြင့် မြင်ခြင်း
ယုံကြည်ခြင်းမျက်စိနဲ့ ကျွန်မတို့နှင့် ကျွန်မတို့မိသားစုများကို မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေနဲ့ ဖြန့်ကြည့်နိုင်တယ်လို့၊ ကျွန်မယုံကြည်ပါတယ်။
ကျွန်မတို့ရဲ့သမီးအငယ်ဆုံး၊ ဘာကလေ၊ ငယ်ငယ်တုန်းက၊ အရာတိုင်းကို ကပ်ကြည့်လို့ရပြီးပုံချဲ့ပေးတဲ့စာကြည့်မျက်မှန်မျိုးကိုကျွန်မ စသုံးခဲ့ပါတယ်။ တစ်နေ့၊ ကျွန်မတို့အတူထိုင်ပြီး စာအုပ်တစ်အုပ်ဖတ်နေတုန်း၊ သူ့ကို ချစ်ခြင်းတွေနဲ့ ကြည့်လိုက်ရင်း ဝမ်းလည်းဝမ်းနည်းသွားပါတယ်၊ သူက ရုတ်တရက် အရမ်းအရွယ်ကြီးလာနေပါပြီ။ ကျွန်မ “အချိန်တွေ ဘယ်လိုကုန်သွားလဲ၊ လို့ တွေးမိခဲ့ပါတယ်။ သူမ အရမ်းကြီးလာတယ်။”
မျက်ရည်သုတ်ဖို့ မျက်မှန်ကို အပေါ်တင်လိုက်တဲ့အခါမှာတော့၊ “အို ခဏလေး—သူမ ပိုကြီးလာတာမဟုတ်ဘူးပဲ၊ အဲဒါ ဒီမျက်မှန်တွေကြောင့်ပဲ၊ ဆိုတာကျွန်မသိလိုက်ရပါတယ်။ ကိစ္စတော့မရှိပါဘူး။”
တစ်ခါတရံ ကျွန်မတို့ မြင်နိုင်တာကတော့ ကျွန်မတို့ ချစ်မြတ်နိုးရသူများအပေါ် အနီးကပ် ချဲ့ထွင်ထားတဲ့ မြင်ကွင်းပါပဲ။ ယနေ့ညမှာ၊ ကွဲပြားတဲ့ရှုထောင့်တစ်ခုကနေ—ကြီးတဲ့ပုံရိပ်၊ သင်တို့ရဲ့ ပိုကြီးတဲ့အကြောင်းအရာတွေကို စူးစိုက်နိုင်ဖို့ ထာဝရရှုထောင့်တစ်ခုနဲ့ ဖြန့်ကြည့်ဖို့ ကျွန်မဖိတ်ခေါ်ပါတယ်။
အစောပိုင်းကာလတွေမှာ အာကာသထဲ လူသားတွေဝင်တုန်းက၊ မောင်းသူမဲ့ ဒုံးပျံတွေမှာ ပြတင်းပေါက်တွေ မရှိပါဘူး။ ဒါပေမယ့် အပိုလို ၈ လကမ္ဘာကို ပျံသန်းတဲ့ ခရီးစဉ်မှာတော့၊ အာကာသယာဉ်မှူးတွေမှာ တစ်ခုရှိခဲ့ပါတယ်။ အာကာသမှာ လွင့်မျောနေတုန်းမှာ၊ ကမ္ဘာမြေကို မြင်တွေ့နိုင်ခဲ့တာကို သူတို့အံ့သြခဲ့ကြပြီး၊ အဲ့ဒီအံ့မခန်းပုံရိပ်တွေကို ယူပြီး ကမ္ဘာတစ်ဝန်းလုံးရဲ့အာရုံစိုက်မှုကို ဖမ်းစားခဲ့ကြပါတယ်။ အဆိုပါ အာကာသယာဉ်မှူးများဟာ အလွန်အားကောင်းတဲ့ အာရုံကို ကြုံတွေ့ခံစားခဲ့ကြရပြီး ၎င်းကို ကိုယ်ပိုင်အမည်အဖြစ်၊ ခြုံငုံသုံးသပ်ချက်အကျိုးအာနိသင် လို့အမည်ပေးထားခဲ့ကြပါတယ်။
အပေါ်စီးက ကြည့်ရှုခြင်းက အရာရာကို ပြောင်းလဲစေပါတယ်။ အာကာသခရီးသည်တစ်ဦးက၊ ၎င်းဟာ “အရာကိစ္စတွေကို သင်စီမံနိုင်တဲ့အရွယ်အထိ လျှော့ချပေးပါတယ်။ … ကျွန်မတို့ ဒါကိုလုပ်နိုင်ပါတယ်။ ကမ္ဘာ ငြိမ်းချမ်းရေးဆိုလည်း—ပြဿနာမရှိပါဘူး။ အပေါ်စီးကကြည့်ခြင်းက လူတွေကို အဲလိုစွမ်းအင်မျိုး၊ အဲလိုအင်အားမျိုးပေးတာပါ။”လို့ ပြောခဲ့ပါတယ်။၁
လူသားများအနေနှင့်၊ ကျွန်မတို့ဟာ ကမ္ဘာကနေကြည့်တဲ့ ရှုထောင့်ရှိပါတယ်၊ ဒါပေမယ့် စကြဝဠာ၏ ကြီးကျယ်ခမ်းနားသော ခြုံငုံသုံးသပ်ချက်ကို ဘုရားသခင်မြင်တော်မူပါတယ်။ ကိုယ်တော်ဟာ ကျွန်မတို့အားလုံး၊ ဖန်ဆင်းခြင်းအရာခပ်သိမ်းတို့ကို မြင်တော်မူပြီး မျှော်လင့်ချက်နှင့်ပြည့်စုံတော်မူပါတယ်။
ကမ္ဘာဂြိုဟ်၏မျက်နှာပြင်ပေါ်မှာ အသက်ရှင်နေစဉ်မှာ—ဤ ခြုံငုံသုံးသပ် ခံစားချက်ကို ခံစားဖို့ ဘုရားသခင်မြင်တော်မူတဲ့အတိုင်း ကျွန်မတို့စမြင်နိုင်ဖို့ဖြစ်နိုင်ပါသလား။ ယုံကြည်ခြင်းမျက်စိနဲ့ ကျွန်မတို့နှင့် ကျွန်မတို့မိသားစုများကို မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေနဲ့ ဖြန့်ကြည့်နိုင်တယ်လို့၊ ကျွန်မယုံကြည်ပါတယ်။
ကျမ်းစာတွေက ထောက်ခံထားပါတယ်။ မော်ရော်နိုင်းက “ဟန့်တားမထားနိုင်ဘဲ” ယုံကြည်ခြင်းရှိခဲ့သူတို့အကြောင်းကို “ယုံကြည်ခြင်းမျက်စိဖြင့် အမှန်ပင်မြင်ကြသူ၊ သူတို့ဝမ်းသာကြ၏၊”၂ လို့ပြောခဲ့ပါတယ်။
ကယ်တင်ရှင်ကို ယုံကြည်ခြင်းမျက်စိဖြင့်အာရုံစိုက်ပြီး၊ သူတို့ဟာ ဝမ်းမြောက်မှုကိုခံစားခဲ့ရပြီးနောက်၊ ဒီသမ္မာတရားကိုသိခဲ့ကြပါတယ်၊ အဲ့ဒါကတော့ ခရစ်တော်ကြောင့်၊ အရာအားလုံးအဆင်ပြေပါမယ်ဆိုတာပါပဲ။ သင်၊ သင်တို့ နှင့် သင်တို့အားလုံး စိုးရိမ်နေသမျှအရာတွေ—အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ ပြီးတော့ ယုံကြည်ခြင်းမျက်စိနဲ့ ကြည့်နေသူတွေဟာ အခု အဆင်ပြေသွားလိမ့်မယ်လို့ ခံစား ရနိုင်ပါတယ်။
ကောင်းတဲ့ရွေးချယ်မှုတွေမလုပ်ခဲ့တဲ့ အထက်တန်းကျောင်းကာလမှာ ကျွန်မရဲ့ စီနီယာနှစ်ကို ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်မအမေ ငိုနေတာကို မြင်ခဲ့ပြီး၊ သူမကို ကျွန်မစိတ်ပျက်စေခဲ့မိသလားလို့ တွေးမိတာ မှတ်မိပါသေးတယ်။ အဲ့ဒီအချိန်တုန်းက၊ သူမရဲ့ မျက်ရည်တွေက ကျွန်မအတွက် သူမျှော်လင့်ချက်မရှိတော့ဘူးဖြစ်မှာကို ကျွန်မစိုးရိမ်ခဲ့ပါတယ်၊ သူမကျွန်မအတွက် မျှော်လင့်ချက်သာမရှိခဲ့ဘူးဆိုရင်၊ ပြန်လာရာလမ်းလည်းရှိခဲ့မှာမဟုတ်ပါဘူး။
ဒါပေမဲ့ ကျွန်မအဖေက ဖြန့်ကြည့်ခြင်းနဲ့ ရေရှည်အတွက်ကြည့်တတ်ပါတယ်။ အတွေ့အကြုံတွေအားဖြင့် စိုးရိမ်ပူပန်မှုဟာ ချစ်ခြင်းနဲ့ အတော်ဆင်တယ်လို့ သူသိခဲ့ရပါတယ်၊ ဒါပေမယ့်အဲဒါက မတူပါဘူး။၃ အရာကိစ္စတွေအားလုံး ပြေလည်လာမယ်ဆိုတာဖို့ ကြည့်ဖို့ ယုံကြည်ခြင်းမျက်စိကို သူအသုံးပြုခဲ့ပြီးတော့၊ သူ့ရဲ့မျှော်လင့်ချက်ရှိတဲ့ ချဉ်းကပ်နည်းက ကျွန်မကို ပြောင်းလဲစေခဲ့တယ်။
အထက်တန်းကျောင်းပြီးပြီး ဘီဝိုင်ယူကို ရောက်လာတဲ့အခါ၊ အဖေက စာတွေပို့ခဲ့ပြီး ကျွန်မ ဘယ်သူဖြစ်တယ်ဆိုတာ အမှတ်ရစေခဲ့ပါတယ်။ သူဟာ ကျွန်မရဲ့ ကြွေးကြော်အားပေးသူဖြစ်လာခဲ့ပါတယ်၊ “မင်းပြေးနေတာကလည်းမမြန်ဘူး” လို့ ကျွန်မတို့ကိုမပြောမယ့်လူမျိုးတစ်ယောက်၊ သင်လုပ်နိုင်တယ်ဆိုတာကို အမြဲသတိပေးနေမယ့်—ကြွေးကြော်အားပေးသူတစ်ယောက် လူတိုင်းမှာလိုအပ်ပါတယ်။
အဖေက လေဟိရဲ့ အိပ်မက်ကို စံနမူနာပြုခဲ့ပါတယ်။ လေဟိလိုပဲ၊ ပျောက်ဆုံးနေတယ်လို့ခံစားရတဲ့ သင်ချစ်တဲ့သူတွေနောက်ကို ပြေးမလိုက်ရဘူးဆိုတာ သူသိခဲ့ပါတယ်။ “သင်နေတဲ့နေရာမှာသာနေပြီး သူတို့ကိုခေါ်လိုက်ပါ။ သင်က အသက်ပင် သို့သွား၍ သစ်ပင်၌နေ၍ အသီးကိုစားလျက်၊ သင်မျက်နှာ၌ အပြုံးဖြင့် သင်ချစ်သောသူတို့ကို လက်ယပ်ခေါ်ကာ နှစ်လိုဖွယ်ကောင်းသောအသီးကိုစားခြင်းဟာ ပျော်ရွှင်စရာဖြစ်ကြောင်း ဥပမာပြပါ။”၄
ဒီစိတ်ကူးမြင်ကွင်းက ကျွန်မရဲ့အဆင်မပြေတဲ့အခိုက်အတန့်တွေမှာကူညီပေးခဲ့ပါတယ်၊ကျွန်မကိုယ့်ကိုယ်ကိုယ် အပင်ရဲ့အောက်မှာ အသီးကိုစားရင်းငိုတယ်လို့ မြင်ပါတယ်၊ဘာကြောင့်လဲဆိုတော့ ကျွန်မစိုးရိမ်လို့ပါ၊ တကယ်ပဲ၊ ဒါကဘယ်လောက်အကူအညီဖြစ်လိုက်ပါသလဲ။ ၎င်းအစား၊ ကျွန်မတို့ရဲ့ဖန်ဆင်းရှင်နှင့်အချင်းချင်းမှာ မျှော်လင့်ခြင်းထားပြီး၊ မျှော်လင့်ချက်ကို ရွေးချယ်ကြရအောင်၊ အခုထက် ပိုကောင်းဖို့ ကျွန်မတို့ရဲ့စွမ်းရည်ကို အားဖြည့်ပေးကြရအောင်။
အသင်းလူကြီး နီရယ် အေ မက်စ်ဝဲလ်ကွယ်လွန်ပြီးမကြာမီမှာ သတင်းထောက်တစ်ဦးက သူရဲ့သားကို ဘယ်အရာကိုလွမ်းဆွတ်ဆုံးလဲလို့ မေးခဲ့ပါတယ်။ သူက သူ့မိဘအိမ်မှာ ညစာစားခဲ့တာတွေကိုလို့ ပြောခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူ့အဖေက သူ့ကိုယုံကြည်တယ်လို့ အိမ်ကထွက်လာတိုင်း ခံစားမိခဲ့လို့ပါပဲ။
ဒီအချိန်က ကျွန်မရဲ့ အရွယ်ရောက်ကလေးတွေ သူတို့ရဲ့အိမ်ထောင်ဖက်တွေနဲ့အတူ တနင်္ဂနွေနေ့ညစာစားဖို့ အိမ်ပြန်လာတဲ့အချိန်ဖြစ်ပါတယ်။ တစ်ပတ်တာအတွင်း၊ ကျွန်မသူတို့ကို သတိပေးနိုင်တဲ့အရာတွေဖြစ်တဲ့ “အိမ်ပြန်ရောက်တဲ့အခါ ကလေးတွေကိုကြိုးစားပြီးကူညီပေးနော်” သို့မဟုတ် “နားထောင်သူကောင်းတစ်ယောက်ဖြစ်ဖို့ မမေ့နဲ့” ဆိုတာတွေကို ကျွန်မစိတ်ထဲမှာ စာရင်းတွေ ရေးနေမိပါတယ်။
ညီအစ်ကိုမက်စ်ဝဲလ်ရဲ့ မှတ်ချက်ကို ကြားတဲ့အခါမှာ၊ အဲ့ဒီစာရင်းတွေကို စွန့်ပစ်ပြီး ဝေဖန်သံကို နှုတ်ပိတ်လိုက်ပါတယ်၊ အပတ်တိုင်း အချိန်တိုလေးအတွင်းမှာပဲ ကျွန်မအရွယ်ရောက်လာတဲ့ ကလေးတွေကို မြင်တဲ့အခါ၊ သူတို့လုပ်ဆောင်ပြီးသား ကောင်းတဲ့အရာတွေကိုပဲအာရုံစိုက်လိုက်ပါတယ်။ နှစ်အနည်းငယ်အကြာမှာ၊ ကျွန်မတို့ရဲ့သားကြီး ရိုင်ယန်၊ ကွယ်လွန်သွားတဲ့အခါ အတူရှိနေတဲ့အချိန်တွေဟာ ပိုပျော်ရွှင်ပြီး အပြုသဘောပိုရှိလာတာအတွက် ကျေးဇူးတော်ချီးမွမ်းမိတာကိုမှတ်မိပါသေးတယ်။
ချစ်မြတ်နိုးရသူတစ်ဦးနှင့် အပြန်အလှန်ဆက်ဆံမှုမပြုခင်မှာ၊ “ကျွန်မတို့လုပ်မယ့်အရာက အထောက်အကူဖြစ်စေမလား သို့မဟုတ် နစ်နာစေမလား” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်မေးကြည့်ကြပါ။ စကားတွေက ကျွန်မတို့ရဲ့အင်အားကြီးတန်ခိုးတွေထဲကတစ်ခုဖြစ်ပြီး၊ မိသားစုဝင်တွေက လူသားသင်ပုန်းတွေလိုပဲ “သူတို့ကို ဘယ်လိုထင်သလဲဆိုတာရေးပါ“လို့ ရှေ့မှာရပ်ပြီးပြောနေကြပါတယ်။ တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ ပြောတဲ့စကားများဟာ မျှော်လင့်ချက်ရှိသင့်ပြီး အားပေးမှုသာဖြစ်သင့်ပါတယ်။၅
ကျွန်မတို့ရဲ့ အလုပ်က ကြမ်းတမ်းတဲ့ခရီးတစ်ခုကို ဖြတ်သန်းနေတဲ့သူတစ်ယောက်ကို သူတို့ဟာ ဆိုးတယ် သို့မဟုတ် စိတ်ပျက်စရာကောင်းတယ်ဆိုတာ သင်ပေးဖို့ မဟုတ်ပါဘူး။ တချို့ထူးခြားတဲ့အခြေအနေမှာ၊ ကျွန်မတို့ဟာ အမှားပြင်ပေးဖို့လှုံ့ဆော်ခံရတယ်လို့ ခံစားရနိုင်ပါတယ်၊ သို့သော် အများအားဖြင့် ကျွန်မတို့ချစ်မြတ်နိုးရသူများကို သူတို့ကြားလိုတဲ့ စကားများကို မကြာခဏပြောကြရအောင်လားရှင်၊ “ငါတို့မိသားစုဟာ မင်းရှိနေတဲ့အတွက် ပြည့်ဝတယ်လို့ခံစားရတယ်”။ “ဘာပဲဖြစ်ဖြစ်—သင်ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ သင့်ကိုချစ်မှာပါ။”
တစ်ခါတစ်လေကျွန်မတို့ လိုအပ်တာကအကြံပေးတာထက် ကိုယ်ချင်းစာမှုပါ၊ သင်ကြားပေးတာထက် နားထောင်ပေးတာပါ၊ “သူတို့ပြောခဲ့သလိုပြောဖို့ ဘယ်လိုတောင်ခံစားရမလဲ” ဆိုတဲ့ သိချင်ပြီး ကြားနိုင်တဲ့သူတစ်ဦးပါ။
မိသားစုတွေဟာ ကျွန်မတို့ ကိစ္စရပ်တွေကို ဖော်ထုတ်ဖို့ ဘုရားသခင် ပေးထားတဲ့ ဓာတ်ခွဲခန်းတစ်ခုဖြစ်တယ်ဆိုတာ၊ သတိရပါ၊ ဒါကြောင့် မှားတဲ့အဆင့်တွေနဲ့ တွက်ချက်မှုတွေဟာ ဖြစ်နိုင်ရုံသာမက ဖြစ်နိုင်ခြေလည်းရှိပါတယ်။ ကျွန်မတို့အသက်တာရဲ့အဆုံးမှာ ၊ ထိုဆက်ဆံရေးများ၊ စိန်ခေါ်မှုအခိုက်အတန့်များကပင် ကယ်တင်ရှင်နှင့် ပိုတူလာစေဖို့ ကူညီပေးခဲ့တဲ့အရာများဖြစ်ကြောင်း တွေ့မြင်နိုင်တာက စိတ်ဝင်စားစရာ မဟုတ်ပါလားရှင်။ ခက်ခဲတဲ့အပြန်အလှန်ဆက်ဆံပြောဆိုမှုတစ်ခုစီဟာ နက်ရှိုင်းသောအဆင့်—ဘုရားသခင်နှင့်တူသောအဆင့်မှာ ဘယ်လိုချစ်ရမယ်ဆိုတာကို သင်ယူဖို့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။၆
မိသားစုဆက်ဆံရေးတွေဟာ ကျွန်မတို့ ကယ်တင်ရှင်ဆီကိုလှည့်သလို ဒီကိုလာပြီးသင်ယူစရာတွေကို သင်ပေးတဲ့ အားကောင်းတဲ့မော်တော်ယာဥ်တစ်စီးလိုမျိုး တွေးကြည့်ရအောင်။
ကျဆုံးကမ္ဘာမှာ၊ ပြီးပြည့်စုံတဲ့အိမ်ထောင်ဖက်၊ မိဘ၊ သား သို့မဟုတ် သမီး၊ မြေး၊ ဆရာ၊ သို့မဟုတ် မိတ်ဆွေကောင်းတစ်ဦးဖြစ်ဖို့ နည်းလမ်းမရှိပေမယ့်—လူကောင်းတစ်ဦးဖြစ်ရန် နည်းလမ်းပေါင်း သန်းချီရှိတယ်ဆိုတာ ဝန်ခံကြရအောင်။၇ အသက်ပင်မှာနေပြီး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သုံးဆောင်ပြီး ဝေမျှကြရအောင်။ ကျွန်မတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို မြှင့်တင်ပေးခြင်းဖြင့်၊ ကျွန်မတို့လည်း အတူတကွတိုးတက်နိုင်ကြပါတယ်။
ကံမကောင်းစွာပဲ၊ အသီးကိုစားရတယ်လို့သတိရတာတစ်ခုတည်းဟာ မလုံလောက်ပါဘူး၊ ကျွန်မတို့ရှုထောင့်ကို နေရာပြင်ပြီး ထိုအသီးကိုထပ်ခါထပ်ခါစားကာ ကောင်းကင် ခြုံငုံသုံးသပ်ချက်နဲ့ ဆက်သွယ်ဖို့ ကျမ်းစာတွေကိုဖွင့်ကြပါ၊ အဲ့ဒါက အလင်းနဲ့ပြည့်နေပြီးတော့ မှောင်မိုက်ကို နှင်ထုတ်ဖို့၊ သာမန်ဆုတောင်းချက်တွေ အားကြီးခြင်းသို့ ပြောင်းတဲ့အထိ ဖြစ်စေပါတယ်။ ဒါက စိတ်နှလုံးပျော့ပျောင်းလာစေပါတယ်၊ ကျွန်မတို့ ဘုရားသခင်မြင်သလို စမြင်လာပါတယ်။
ဤနောက်ဆုံးသောနေ့ရက်များတွင်၊ ကျွန်မတို့ရဲ့အကြီးမားဆုံးအမှုတော်မှာ ကျွန်မတို့ချစ်မြတ်နိုးရသူများ—ဆိုးသွမ်းသောလောကတွင် နေထိုင်သောလူကောင်းများနှင့်အတူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ရဲ့ မျှော်လင့်ချက်ဟာ မိမိတို့ကိုယ်ကိုရှုမြင်ပုံနှင့် ဘယ်သူဘယ်ဝါဖြစ်တာဆိုတာကို ပြောင်းလဲပေးပါတယ်။ ဒီမေတ္တာရှုထောင့်ကနေ သူတို့ ဘယ်သူဖြစ်လာမယ်ဆိုတာ သိလာရ ပါလိမ့် မယ်။
ဒါပေမယ့် ရန်သူမာနတ်က ကျွန်မတို့ သို့မဟုတ် ကျွန်မတို့ချစ်မြတ်နိုးရသူများကို အိမ်အတူမပြန်စေချင်ပါဘူး။ ပြီးတော့ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ အချိန်နှင့် နှစ်ပေါင်းများစွာ အကန့်အသတ်ရှိသော ကမ္ဘာဂြိုဟ်ပေါ်တွင် နေထိုင်ကြတာကြောင့်၊၈ ကျွန်မတို့ စိတ်ထဲကကြောက်စိတ်တိုးပွားဖို့ သူကြိုးစားပါတယ်။ အနီးကပ်ကြည့်တဲ့အခါ၊ ကျွန်မတို့ဦးတည်ချက်ဟာ ကျွန်မတို့အမြန်နှုန်းထက် ပို၍အရေးကြီးတာကို မြင်ဖို့ ခက်ခဲလှပါတယ်။
“မြန်မြန်သွားချင်ရင်၊ တစ်ယောက်တည်းသွားရတယ် ဆိုတာ၊ သတိရပါ။ ဝေးဝေးသွားချင်ရင်တော့ အတူတကွသွားရပါတယ်။”၉ ကျေးဇူးတင်စရာက၊ ကျွန်မတို့ကိုးကွယ်တဲ့ ဘုရားသခင်ဟာ အချိန်နဲ့ ကန့်သတ်ထားတာ မဟုတ်ဘူး ဆိုတာပါပဲ။ ကျွန်မတို့ချစ်ရတဲ့သူတွေက တကယ်ဘယ်သူဖြစ်တယ်ဆိုတာရယ် ကျွန်မတို့ တကယ်ဘယ်သူဖြစ်တယ်ဆိုတာ သူမြင်ပါတယ်။၁၀ သူက ကျွန်မတို့ကိုစိတ်ရှည်ပါတယ်၊ ကျွန်မတို့အချင်းချင်းစိတ်ရှည်ဖို့လည်းမျှော်လင့်ပါတယ်။
ခေတ္တယာယီနေအိမ်၊ ကမ္ဘာမြေဟာ ဝမ်းနည်းပူဆွေးတဲ့ကျွန်းလိုမျိုး ကျွန်မမှာ ယုံကြည်ခြင်းမျက်လုံးတစ်ဖက်နှင့် အခြားမျက်လုံးတစ်ဖက်လည်း ငိုနေတဲ့အချိန်များရှိခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။၁၁ ဒီခံစားချက်ကို သင်သိပါသလား။
အဲ့လိုခံစားမှု အင်္ဂါနေ့မှာ ကျွန်မရှိခဲ့ပါတယ်။
ကျွန်မတို့ရဲ့မိသားစုတွေမှာ အံ့ဖွယ်အမှုများကို ပရောဖက်က ကတိပြုတဲ့အခါ သူ့ရဲ့သဘောထားကို ကျွန်မတို့ ရွေးချယ်နိုင်ပါသလား။ အဲ့လိုရွေးချယ်တဲ့အခါ၊ ဒုက္ခတွေရှိနေတဲ့အချိန်မှာတောင် ရွှင်လန်းမှုတွေတိုးပွားလာနိုင်မှာပါ။ ကျွန်မတို့၏အခြေအနေများ ဘယ်လိုပင်ရှိစေကာမူ၊ ၁၂ခြုံငုံသုံးသပ်ချက်အကျိုးအာနိသင်ကို ယခု တွေ့ကြုံခံစားနိုင်မယ်ဆိုတာ ကိုယ်တော်ကတိပေးထားပါတယ်။
ယခု မှာ ယုံကြည်ခြင်းမျက်စိရှိခြင်းဟာ ဤကမ္ဘာမြေသို့ ကျွန်မတို့မရောက်မီကရှိခဲ့တဲ့ ယုံကြည်ခြင်းကို ပြန်လည်ဖမ်းယူခြင်း သို့မဟုတ် ပဲ့တင်သံတစ်ခုဖြစ်ပါတယ်။ တစ်ခဏရဲ့ မသေချာမရေရာမှုကို ကျော်လွန်သွားတာကို မြင်ရပြီး “ကျွန်မတို့၏စွမ်းအား၌ရှိသည့် ခပ်သိမ်းသောအရာတို့ကို သာယာသောစိတ်နှင့် ဆောင်ရွက်ကြကုန်အံ့၊ ထို့နောက်ငြိမ်ဝပ်စွာနေနိုင်ကြ၏။”၁၃
အခု သင့်ဘဝမှာ ခက်ခဲတဲ့ အရာတစ်ခုခု ရှိပါသလား၊ မဖြေရှင်းနိုင်သေးတဲ့ စိုးရိမ်နေတဲ့ အရာတစ်ခုခုရှိပါ သလား။ ယုံကြည်ခြင်းမျက်စိမပါဘဲ၊ ဘုရားသခင်က အရာများကို ကြီးကြပ်မှုမရှိတော့သလိုခံစားရနိုင်ပါတယ်၊ အဲ့တာဟာ မှန်ကန်ပါသလား။
ဒါမှမဟုတ် သင်ပိုကြောက်တာက ဒီခက်ခဲတဲ့ အချိန်အားလုံးကို တစ်ယောက်တည်း ဖြတ်သန်းသွားမယ်ဆိုတာလဲဖြစ်နိုင်ပါတယ်၊ အဲ့လိုဆို ဘုရားသခင်က သင့်ကို စွန့်ပစ်လိုက်ပြီလို့ ဆိုလိုနေသလိုပဲပါ၊ အဲ့တာဟာ မှန်ကန်နိုင်ပါသလား။
ကယ်တင်ရှင်က သူ၏အပြစ်ဖြေခြင်းကြောင့်၊ သင်ကြုံတွေ့နေရသော အိပ်မက်ဆိုးမှန်သမျှကို ကောင်းချီးတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိကြောင်း ကျွန်မသက်သေခံပါတယ်။ ကိုယ်တော်က [ကျွန်မတို့]ကို “မပြင်နိုင်သောပဋိညာဉ်နှင့်အတူ”ကတိပေးထားခဲ့ပါတယ်၊ အဲ့ဒါက ကိုယ်တော့်ကိုချစ်ပြီး နောက်လိုက်ဖို့ရန် ကြိုးစားတဲ့အခါ၊ “ခပ်သိမ်းသောအရာတို့ သည်လည်း [ကျွန်မတို့ရဲ့] ကောင်းကျိုးအတွက်”လို့ ကိုယ်တော်ကတိပေးထားပါတယ်။”၁၄ ခပ်သိမ်းသော အရာတို့ ပါ။
ကျွန်မတို့ဟာ ပဋိညာဉ်၏သားသမီးဖြစ်သောကြောင့်၊ ဒီမျှော်လင့်ချက်ရှိသောခံစားချက်ကို ယခု တောင်းခံနိုင်ပါတယ်။
ကျွန်မတို့ဟာ ပြီးပြည့်စုံသောမိသားစုတွေမဟုတ်ပေမယ့် ၊ တခြားသူတွေကိုချစ်တဲ့ချစ်ခြင်းက အစဥ်တဆက်၊မပြောင်းလဲသည်အထိ ပြည့်စုံမှု ရှိနိုင်ပါတယ်၊— ဘယ်လိုချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ် ပြောင်းလဲမှုကိုပံ့ပိုးပေးပြီး တိုးတက်မှုကိုဖြစ်စေတယ့် ချစ်ခြင်းဖြစ်သင့်ပါတယ်။
ကျွန်မတို့ချစ်တဲ့သူတွေကိုပြန်ခေါ်ဆောင်လာဖို့ဆိုတာ ကယ်တင်ရှင်ရဲ့ အမှုတော်ဖြစ်ပါတယ်။ ဒါက သူ့ အမှုတော်နဲ့ သူ့ အချိန်ပါပဲ။ သူတို့ အိမ်ပြန်နိုင်တဲ့ မျှော်လင့်ချက်နဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့က ကျွန်မတို့ ရဲ့ အမှုတော်ဖြစ်ပါတယ်။ “ကျွန်မတို့ဟာ အပြစ်စီရင်ရန် သို့မဟုတ် ရွေးနုတ်ရန် [ဘုရားသခင်၏] အခွင့်အာဏာမရှိပေမယ့်၊ သူ့ရဲ့မေတ္တာကိုကျင့်သုံးဖို့ အခွင့်အာဏာရှိပါတယ်။”၁၅ အခြားသူများဟာကျွန်မတို့ရဲ့ ဝေဖန်ခြင်းထက် မေတ္တာကို လိုအပ်ကြောင်းလည်း ဥက္ကဋ္ဌနယ်လဆင်က သွန်သင်ခဲ့ပါတယ်။ “သင်ရဲ့စကားနဲ့ လုပ်ရပ်တွေမှာ ထင်ဟပ်နေတဲ့ ယေရှုခရစ်တော်ရဲ့ သန့်စင်တဲ့ချစ်ခြင်းမေတ္တာကို သူတို့ ခံစားရန်လိုအပ်ပါတယ်။”၁၆
ချစ်ခြင်းမေတ္တာဆိုတာ နှလုံးသားကို ပြောင်းလဲစေတဲ့အရာပါ။ ဒါဟာ အားလုံးရဲ့ အသန့်ရှင်းဆုံး လှုံဆော်မှုဖြစ်ပြီး၊ အခြားသူတွေလည်း ခံစားနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၅၀ကျာ်က ပရောဖက်ရဲ့စကားတွေကို စွဲကိုင်ထားကြရအောင်၊ “ကြိုးစားတာကိုရပ်လိုက်သူတွေကလွဲပြီး တခြားဘယ်အိမ်ကမှ ရှုံးနိမ့်ခြင်းရှိမှာမဟုတ်ပါဘူး။”၁၇ အသေချာဆုံးကတော့၊ ချစ်ခြင်းအရှိဆုံးနဲ့ အချိန်ကြာအောင်အကြိုးစားဆုံးသူတွေ အနိုင်ရပါတယ်။
လောကမှာရှိတဲ့ ကျွန်မတို့မိသားစုတွေအတွက် ဘုရားသခင်ကျွန်မတို့အပေါ်လုပ်ပေးခဲ့သလိုမျိုးပဲ လုပ်ပေးကြပါတယ်၊ သူတို့မှာ ရွေးချယ်နိုင်တယ့်လမ်းတွေရှိပေမယ့် ကောင်းတဲ့လမ်းကိုညွှန်ပြပြီး သူတို့အဲဒီလမ်းကိုလျှောက်မယ်လို့ မျှော်လင့်ကြပါတယ်။
သူတို့ဟာ ကန့်လန့်ကာရဲ့ တစ်ဖက်ကိုဖြတ်သွားပြီး ကောင်းကင်အိမ်တော်ရဲ့ မေတ္တာပါတဲ့ ဆွဲငင်အားနဲ့ နီးကပ်လာတဲ့အခါ၊ ၁၈ အဲ့ဒီ ခံစားချက်ကိုအကျွမ်းတဝင်ခံစားမိကြဖို့မျှော်လင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီမှာ အဲ့လိုခံစားမှုမျိုးခံစားခဲ့ရလို့ပါပဲ။
ဒီလှပတဲ့ ကမ္ဘာမြေမှာ ခြုံငုံသုံးသပ်တဲ့ အလင်းမှန် နဲ့ သုံးပြီး ကျွန်မတို့ ချစ်ရသူတွေနဲ့ အတူနေထိုင်တဲ့သူတွေကို မျှဝေတဲ့ အပေါင်းအဖော်တွေအဖြစ် ကြည့်ကြရအောင်ပါ။
သင်နှင့်ကျွန်မ လား။ ကျွန်မတို့လုပ်နိုင်ပါတယ်။ ကျွန်မတို့ ဆက်ဆုပ်ကိုင်ပြီး မျှော်လင့်နိုင်ပါတယ်။ အသက်ပင်ရဲ့အောက်မှာ အသီးကိုအပြုံးနဲ့သုံးဆောင်နိုင်ပြီး၊ တခြားသူတွေရဲ့ မှောင်မိုက်တဲ့ကာလတွေမှာ ကျွန်မတို့ရဲ့မျက်လုံးကတောက်ပတဲ့ ခရစ်တော်ရဲ့ အလင်းကို ကိုးစားပြုခံနိုင်ကြပါစေ။ ကျွန်မတို့မျက်နှာမှာ သိသာသောအလင်း ထင်ရှားတာကို သူတို့မြင်လာတာနှင့်အမျှ၊ သူတို့လည်းနီးစပ်လိုက်ပါလာကြပါလိမ့်မယ်။ ထို့နောက် မေတ္တာနှင့်အလင်း၏မူလရင်းမြစ်ဖြစ်တဲ့ “တောက်ပသောမိုးသောက်ကြယ်” ယေရှုခရစ်တော်ထံသို့ ၁၉ သူတို့ရဲ့အာရုံကို ပြန်လည်စိုက်နိုင်စေဖို့ ကျွန်မတို့ကူညီပေးနိုင်ပါတယ်။
ဤအရာအားလုံးဟာ၊ သင်နှင့်ကျွန်မ စိတ်ကူးနိုင်တာထက် များစွာသာလွန်ကောင်းမွန်လိမ့်မယ်ဆိုတာ၊ကျွန်မသက်သေခံပါတယ်။ ယေရှုခရစ်တော်အပေါ် ယုံကြည်ခြင်းမျက်စိဖြင့်၊ အဆုံးမှာ အရာခပ်သိမ်းအဆင်ပြေသွားပါမယ်၊ ယခု အဆင်ပြေလာလိမ့်မယ်လို့ဆိုတာ ကျွန်မတို့နားလည်နိုင်ကြပါစေ။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။