ယာရက်အမျိုးသားတို့သည် ကတိတော်မြေသို့သွားမည့် သူတို့၏လမ်းခရီးအတွက် ပြင်ဆင်ကြ၏—ထိုပြည်သည်ကား၊ လူသားတို့ ခရစ်တော်ကို အစေခံရမည့် သို့မဟုတ်လျှင် ပယ်ရှင်းပစ်ခံရမည့် အမြတ်ဆုံးပြည်ဖြစ်၏—ကိုယ်တော်ရှင်သည် ယာရက်၏အစ်ကိုနှင့် သုံးနာရီကြာအောင် စကားဆို၏—ယာရက်အမျိုးသားတို့သည် သမ္ဗန်များကို တည်ဆောက်ကြ၏—ကိုယ်တော်ရှင်သည် ယာရက်၏အစ်ကိုအား သမ္ဗန်များကို အဘယ်သို့အားဖြင့် အလင်းပေးရမည်ကို အဆိုပြုစေခြင်းငှာ မေးတော်မူ၏။