ကျမ်းစာများ
၁ နီဖိုင်း ၁၃


အခန်းကြီး ၁၃

တ​ပါး​အမျိုး​သား​တို့​၌ နတ်​ဆိုး​၏​အသင်း​တော် တည်​ထောင်​ခြင်း၊ အမေရိက​တိုက်​ကို​ရှာ​ဖွေ​တွေ့​ရှိ​ခြင်း​နှင့် ကိုလိုနီ​နယ်​မြေ​ထူ​ထောင်​ခြင်း၊ သမ္မာ​ကျမ်း​စာ​မှ ရှင်​လင်း​ပြီး အဖိုး​ထိုက်​သည့် အစိတ်​အပိုင်း​များ​စွာ ပျောက်​ဆုံး​ခြင်း၊ တပါး​အမျိုး​သား​တို့ ဖောက်​ပြန်​သင်း​ကွဲ​ခြင်း​၏ အကျိုး​ဆက်​ဖြစ်​ဟန်၊ ဧဝံဂေလိ​တရား​တော် ပြန်​လည်​ဆောင်​ယူ​ခြင်း၊ နောက်​ပိုင်း​ကာ​လ​ကျမ်း​စာ ထွက်​ပေါ်​လာ​ခြင်း၊ ဇိအုန်​ကို တည်​ဆောက်​အား​ဖြည့်​ခြင်း​တို့​ကို နီဖိုင်း​သည် ရူပါရုံ​၌​မြင်​၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကောင်း​ကင်​တမန်​က ကြည့်​ရှု​လော့​ဟု ငါ့ကို မြွက်ဆိုလျှင်၊ ငါသည်လည်း ကြည့်ရှု​ရာ များစွာသော​လူမျိုး​များ​နှင့် နိုင်ငံများကို မြင်​၏။

ကောင်း​ကင်​တ​မန်​က ငါ့​ကို သင်​သည် အဘယ်​အရာ​ကို မြင်​သ​နည်း​ဟု မေး​၏။ ငါ​က​လည်း များ​စွာ​သော​လူ​မျိုး​များ​နှင့် နိုင်​ငံ​များ​ကို အကျွန်ုပ်​မြင်​ပါ​၏​ဟု ဖြေ​၏။

သူ​က​လည်း ဤ​အရာ​တို့​သည် တပါး​အမျိုး​သား​တို့​၏ လူ​မျိုး​များ​နှင့် နိုင်​ငံ​များ​ဖြစ်​ကြ​၏​ဟု ငါ့​ကို မြွက်​ဆို​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ တ​ပါး​အမျိုး​သား​တို့​၏ လူ​မျိုး​များ​၌ အသင်း​တော်​ကြီး​တစ်​ခု တည်​ထောင်​ခြင်း​ကို ငါ​မြင်​၏။

ကောင်း​ကင်​တ​မန်​က ငါ့​ကို မြွက်​ဆို​သည်​ကား၊ ရှု​လော့၊ ဘုရားသခင်​၏​သန့်​ရှင်း​သူ​များ​ကို ကွပ်​မျက်​သည့်၊ အထူး​သဖြင့် သူ​တို့​ကို နှိပ်​စက်​ညှဉ်း​ပန်း​၍ ချည်​နှောင်​လျက် သံ​ထမ်း​ပိုး​ကို ထမ်း​စေ​၍ ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​သို့ ဆောင်​ယူ​သွား​သည့်၊ အခြား​သော​အသင်း​တော်​များ​အား​လုံး​ထက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အကောင်း​ဆုံး​ဖြစ်​သည့် အသင်း​တော်​တစ်​ခု တည်​ထောင်​ခြင်း​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အသင်း​တော်​ကြီး​ကို ငါ​မြင်​၏။ နတ်​ဆိုး​သည်​ကား ထို​အသင်း​တော်​ကို တည်​ထောင်​သူ​ဖြစ်​ကြောင်း​ကို​လည်း ငါ​သိ​မြင်​၏။

ငါ​သည် ရွှေ၊ ငွေ၊ ဖဲ၊ ကတ္တီ​ပါနီ၊ ပိတ်​ချော​နှင့် အမျိုး​မျိုး​သော​အဖိုး​ထိုက်​သည့် အဝတ်​တန်​ဆာ​များ​ကို​လည်း မြင်​၏။ များ​စွာ​သော​ပြည့်​တန်​ဆာ​တို့​ကို​လည်း ငါ​မြင်​၏။

ကောင်း​ကင်​တ​မန်​က ငါ့​ကို မြွက်​ဆို​လေ​သည်​ကား၊ ကြည့်​ရှု​ဆင်​ခြင်​လော့၊ ရွှေ၊ ငွေ၊ ဖဲ၊ ကတ္တီ​ပါနီ၊ ပိတ်​ချော၊ အဖိုး​ထိုက်​သည့် အဝတ်​တန်​ဆာ​များ​နှင့် ပြည့်​တန်​ဆာ​တို့​သည် ဤ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အသင်း​တော်​ကြီး​၏ အလို​ဆန္ဒ​များ​ပေ​တည်း။

လော​က​၏ ချီး​မွမ်း​ခြင်း​အတွက်​လည်း သူ​တို့​သည် ဘုရားသခင်​၏​သန့်​ရှင်း​သူ​များ​ကို ဖျက်​ဆီး​၍၊ ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​သို့ ဆောင်​ယူ​သွား​ကြ​၏။

၁၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည်​လည်း​ကြည့်​ရှု​ရာ၊ များစွာသောရေတို့ကို မြင်​၏။ ၎င်း​တို့​က တ​ပါး​အမျိုး​သား​များ​နှင့် ငါ့​အစ်​ကို​တို့​၏​အမျိုး​အနွယ်​များ​ကို ပိုင်း​ခြား​ထား​၏။

၁၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကောင်း​ကင်​တ​မန်​က ရှု​လော့၊ ဘုရားသခင်​၏​အမျက်​တော်​သည် သင့်​အစ်​ကို​တို့​၏​အမျိုး​အနွယ်​များ​အပေါ်​၌၊ တည်​နေ​သည်​ဟု ငါ့​ကို မြွက်​ဆို​၏။

၁၂ ငါ​သည်​လည်း ကြည့်​ရှု​၍၊ ငါ့​ညီ​အစ်​ကို​တို့​၏ အမျိုး​အနွယ်​များ​နှင့် များစွာသောရေတို့​အား​ဖြင့် ခွဲ​ခြား​ခံ​ရ​သော လူ​တစ်​ဦး​ကို တ​ပါး​အမျိုး​သား​တို့​၌ မြင်​၏။ ဘုရားသခင်​၏​ဝိညာဉ်​တော် ဆင်း​လာ​တော်​မူ​၍၊ ထို​လူ​အပေါ်၌ အရှိန်​ဩဇာ​သက်​ရောက်​တော်​မူ​သည်​ကို ငါ​မြင်​၏။ ထို​သူ​သည် များစွာသောရေတို့​ကို​ဖြတ်​၍၊ ကတိ​တော်​မြေ​ရှိ ငါ့​အစ်​ကိုတို့​၏ အမျိုး​အနွယ်​များ​ထံ​သို့​ပင် ထွက်​သွား​၏။

၁၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ဘုရားသခင်​၏​ဝိညာဉ်​တော်​က အခြား​သော​တပါး​အမျိုး​သား​တို့​အပါ်​တွင်၊ အရှိန်​ဩဇာ​သက်​ရောက်​တော်​မူ​၍၊ သူ​တို့​သည် ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ​ထွက်​မြောက်​လျက်၊ များစွာသောရေတို့​ကို ဖြတ်​၍ သွား​ကြ​လေ​သည်​ကို ငါ​မြင်​၏။

၁၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် တပါး​အမျိုး​သား အစု​အဝေး​များ​စွာ​တို့​ကို ကတိ​တော်​မြေ​ပေါ်​၌ မြင်​ရ​၏။ ဘုရားသခင်​၏​အမျက်​တော်​မှာ ငါ့​အစ်​ကို​တို့​၏ အမျိုး​အနွယ်​များ​အပေါ်​၌ တည်​လျက်​ရှိ​သည်​ကို​လည်း ငါ​မြင်​၏။ သူ​တို့​သည်​လည်း တ​ပါး​အမျိုး​သား​များ​၏​ရှေ့​၌ ကွဲ​ပြား​ပြန့်​ကျဲ​လျက် တိုက်​ခိုက်​ခံ​ရ​၏။

၁၅ ကိုယ်​တော်​ရှင်​၏​ဝိညာဉ်​တော်​သည် တ​ပါး​အမျိုး​သား​တို့​အပေါ်​၌ ရှိ​သည်​ကို​လည်း ငါ​မြင်​၏။ သူ​တို့​သည်​လည်း အောင်မြင်​၍၊ သူ​တို့​၏​အမွေ​ခံ​ရာ​အဖြစ် ထို​မြေ​ကို​ရ​ရှိ​ကြ​၏။ သူ​တို့​သည် ငါ​၏​အမျိုး​အနွယ်​များ ကွပ်​မျက်​မ​ခံ​ရ​မီ​က​ကဲ့​သို့​ပင် အသား​ဖြူ​လျက်၊ အလွန်​ချော​မော​ကြ​သည်​ကို​လည်း ငါ​မြင်​၏။

၁၆ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း မြင်​ရ​သည်​ကား၊ ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ ထွက်​မြောက်​ကြ​သော တ​ပါး​မျိုး​သား​များ ကိုယ်​တော်​ရှင်​ရှေ့​၌ သူ​တို့​ကိုယ်​သူ​တို့ နှိမ့်​ချ​ကြ​ကြောင်း​ပေ​တည်း။ ကိုယ်​တော်​ရှင်​၏​ဘုန်း​တန်​ခိုး​တော်​သည်​လည်း သူ​တို့​နှင့်​အတူ​ရှိ​လေ​၏။

၁၇ မူရင်း​တ​ပါး​အမျိုး​သား​တို့​သည် သမုဒ္ဒရာ​များ​ပေါ်၌၊ ထို့အတူ မြေပေါ်၌လည်း ၎င်း​တို့​နှင့် ဆန့်​ကျင်​၍ စစ်​တိုက်ရန် အတူ​တ​ကွ စု​ဝေး​ကြ​သည်​ကို ငါ​မြင်​၏။

၁၈ ဘုရားသခင်​၏​တန်​ခိုး​တော် ထို​သူ​တို့​နှင့် အတူ​ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထို​သူ​တို့​ကို ဆန့်​ကျင်​စစ်​တိုက်​ဖို့ အတူ​တ​ကွ​စု​ဝေး​ကြ​သူ​ခပ်သိမ်း​တို့​အပေါ်​၌ ဘုရားသခင်​၏​အမျက်​တော် တည်​တော်​မူ​သည်​ကို​လည်း​ကောင်း ငါ​မြင်​၏။

၁၉ ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ ထွက်​မြောက်​ကြ​လေ​သော​တပါး​အမျိုး​သား​တို့​သည် အခြား​ခပ်သိမ်းသော ပြည်သား​တို့​၏​လက်​မှ ဘုရားသခင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကယ်​လွှတ်​ခံ​ရ​ကြသည်​ကို​လည်း ငါ​နီဖိုင်း​မြင်​၏။

၂၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​မြင်​ရ​သည်​ကား၊ ထို​ပြည်​၌ သူ​တို့အောင်မြင်​ကြ​ကြောင်း​ပေ​တည်း။ ငါသည် စာအုပ်ကိုလည်း​မြင်​ရ​ပြီး၊ ထို​စာအုပ်ကို သူ​တို့​၌ သယ်​ဆောင်​သွား​ကြ​၏။

၂၁ ထို​စာအုပ်၏​အနက်​ကို သင်​သိ​သ​လော​ဟု ကောင်း​ကင်​တမန်​က ငါ့​ကို မေး​၏။

၂၂ အကျွန်ုပ်​မ​သိ​ပါ​ဟု သူ့ကို ငါ​ဖြေ​၏။

၂၃ သူ​က​လည်း ထို​အရာ​သည် ယုဒ​လူ​မျိုး​တစ်​ဦး​၏​နှုတ်​မှ​ထွက်​လေ​သည်​ကို ရှု​မြင်​လော့​ဟု မြွက်​ဆို​၏။ ငါ​နီဖိုင်း​သည်​လည်း ရှု​မြင်​၏။ ငါ့​ကို မြွက်​ဆို​သည်​ကား၊ သင်​ရှု​မြင်​သော​စာအုပ်သည် ဣသရေလ​အမျိုး​သားများသို့ ပြု​လေ​သည့် ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်​များ​ပါ​ဝင်​သည့် ယုဒ​လူ​မျိုး​တို့​၏​မှတ်​တမ်း​တစ်​ခု​ဖြစ်​၏။ ထို​မှတ်​တမ်း​၌ သန့်​ရှင်း​သော​ပရောဖက်​တို့​၏ ပရောဖက်​ပြု​ဟော​ချက်​များ​စွာ​လည်း ပါ​ဝင်​၏။ ထို​မှတ်​တမ်း​သည် အလွန်​မ​များ​လှ​ခြင်း​မှ​တစ်​ပါး၊ ကြေး​ပုရပိုက်​ပြား​များ​ပေါ်​ရှိ​ရေး​ထွင်း​ထား​ခြင်း​များ​ကဲ့​သို့​သော မှတ်​တမ်း​တစ်​ခု​ဖြစ်​၏။ အဘယ်​သို့​ပင်​ဖြစ်​စေ၊ ထို​မှတ်​တမ်း​များ​တွင် ဣသရေလ​အမျိုး​သား​များထံ ပြု​လေ​သည့် ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်​များ ပါ​ဝင်​၏။ သို့​ဖြစ်​၍၊ ထို​မှတ်​တမ်း​များ​သည် တပါး​အမျိုး​သား​တို့​အတွက် ကြီး​စွာ​အဖိုး​ထိုက်​၏​ဟု မိန့်​တော်​မူ​၏။

၂၄ ထို့​အတူ၊ ကိုယ်​တော်​ရှင်​၏​ကောင်း​ကင်​တမန်​က ငါ့​ကို မြွက်​ဆို​သည်​ကား၊ သင်​သည် ယုဒ​လူ​မျိုး​တစ်​ဦး​၏​နှုတ်​မှ​ထွက်​သော ကျမ်း​ကို မြင်​လေ​ပြီ။ ထို​ကျမ်း ယုဒ​လူ​မျိုး​တစ်​ဦး​၏​နှုတ်​မှ​ထွက်​စဉ်တွင် တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​က သက်​သေ​ခံ​သည့် ကိုယ်​တော်​ရှင်​၏​ဧဝံဂေလိ​တရား​တော်​အပြည့်​အစုံ ပါ​ဝင်​၏။ သူ​တို့​က​လည်း ဘုရားသခင်​၏​သိုး​သ​ငယ်​၌​ရှိ​သည့်​အမှန်​တရား​အတိုင်း၊ သက်​သေ​ခံ​ကြ​၏။

၂၅ သို့​ဖြစ်​၍၊ ဤ​အရာ​တို့​သည် ဘုရားသခင်​၌​ရှိ​တော်​မူ​သည့် သမ္မာ​တရား​အတိုင်း၊ ယုဒ​လူ​မျိုး​များ​ထံ​မှ တပါး​အမျိုး​သား​များ​ဆီ​သို့ အစစ်​အမှန်​အဖြစ် ထွက်​သွား​ကြ​၏။

၂၆ ထို​အရာ​တို့​သည် သိုး​သ​ငယ်​၏ တမန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​အား​ဖြင့် ယုဒ​လူ​မျိုး​များ​ထံ​မှ တပါး​အမျိုး​သား​များ​ဆီ​သို့ ရွေ့​လျား​သွား​ပြီး​နောက်၊ အခြား​သော​အသင်း​တော်​များ​အား​လုံး​ထက် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အကောင်း​ဆုံး​ဖြစ်​သည့် ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အသင်း​တော်​ကြီး​တည်​ထောင်​ခြင်း​ကို သင်​မြင်​၏။ အကြောင်း​မူ​ကား၊ သူ​တို့​သည် သိုး​သ​ငယ်​၏ ဧဝံဂေလိ​တရား​တော်​မှ ရှင်း​လင်း​ပြီး၊ အဖိုး​အထိုက်​ဆုံး​ဖြစ်​သည့် အစိတ်​အပိုင်း​များ​စွာ​တို့​ကို ပယ်​ဖျောက်​ကြ​လေ​ပြီ။ ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်​များ​စွာ​တို့​ကို​လည်း သူ​တို့​ပယ်​ဖျောက်​ကြ​၏။

၂၇ ခပ်သိမ်းသော ဤ​အမှုများ​ကို သူ​တို့​ပြု​ခြင်း​မှာ ကိုယ်​တော်​ရှင်​၏ မှန်​သော​လမ်း​စဉ်များ​ကို မှောက်​လှန်​နိုင်​ခြင်း​ငှာ၊ လူ​သား​တို့​၏​မျက်​စိ​ကို ကွယ်​စေ​နိုင်​ခြင်း​ငှာ​နှင့် စိတ်​နှလုံး​ကို မာ​ကျော​စေ​နိုင်​ခြင်း​ငှာ​ဖြစ်၏။

၂၈ သို့​ဖြစ်​၍၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အသင်း​တော်​ကြီး​အား​ဖြင့် ထို​ကျမ်း​ရွေ့​လျား​သွား​လေ​ပြီး​နောက်၊ ဘုရားသခင့်​သိုး​သ​ငယ်​၏​ကျမ်း​ဖြစ်​သည့် ကျမ်း​မှ ရှင်း​လင်း​ပြီး အဖိုး​ထိုက်​သည့် အရာ​များ​စွာ​တို့​ကို ပယ်​ဖျောက်​ထားကြောင်း သင်​မြင်​၏။

၂၉ ဤ​ရှင်း​လင်း​ပြီး အဖိုး​ထိုက်​သည့်​အရာ​များ​ကို ပယ်​ဖျောက်​ပြီး​နောက်၊ ထို​ကျမ်း​သည် တပါး​အမျိုး​သား​တို့​၏ ခပ်သိမ်း​သော​လူ​မျိုး​များ​ဆီ​သို့ ရွေ့​လျား​သွား​၏။ ထို​ကျမ်း​သည် တပါး​အမျိုး​သား​တို့​၏ ခပ်သိမ်း​သော လူ​မျိုး​များ​ဆီ​သို့ အထူး​သ​ဖြင့်၊ သင်​မြင်​လေ​သည့် ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ ထွက်​မြောက်​ကြ​သော တပါး​အမျိုး​သား​များ​နှင့် များစွာသောရေတို့​ကို ဖြတ်​၍​ပင် ရွေ့​လျား​သွား​ပြီး​နောက်—ဘုရားသခင်​၏ သိုး​သ​ငယ်​၌​ရှိ​သည့် ရှင်း​လင်း​တော်​မူ​ခြင်း​အတိုင်း လူ​သား​တို့​အတွက် နား​လည်ရန် ရှင်း​လင်း​သည့် အရာ​များ​တည်း​ဟူ​သော၊ ထို​ကျမ်း​မှ ပယ်​ဖျောက်​ထား​လေ​ပြီး​သည့် ရှင်​လင်း​ပြီး အဖိုး​ထိုက်​သည့် အရာ​များ​စွာ​တို့​ကြောင့်​လည်း​ကောင်း—သိုး​သ​ငယ်​၏​ဧဝံဂေလိ​တရား​တော်​မှ ပယ်​ဖျောက်​ထား​သည့် ဤ​အရာ​များ​ကြောင့်​လည်း​ကောင်း၊ အလွန်​များ​စွာ​သော​သူ​တို့ ထိမိ၍​လဲ​လေ​ရ​ကား၊ အထူး​သ​ဖြင့်၊ ထို​သူ​တို့​အပေါ်​၌ စာတန်​ကြီး​စွာ​သောတန်ခိုး​ရှိ​ကြောင်း သင်​မြင်​၏။

၃၀ သို့​သော်​လည်း၊ ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ ထွက်​မြောက်​ကြ​ပြီး၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​က သင်​၏​အဘ​အား၊ သူ​၏​အမျိုး​အနွယ်တို့ သူ​တို့​၏​အမွေ​ခံ​ရာ​မြေ​အဖြစ် ရ​ရှိ​ကြ​စေ​ခြင်း​ငှာ ပဋိညာဉ်​ပြု​ထား​လေ​သည့်​ပြည်​တည်း​ဟူ​သော၊ အခြား​သော​ပြည်​များ​အား​လုံး​ထက် အမြတ်​ဆုံး​ဖြစ်​သည့် ပြည်​၏​မျက်​နှာ​ပြင်​ပေါ်၌ အခြား​သော​လူ​မျိုး​ခပ်သိမ်း​တို့​ထက် ဘုရားသခင်​၏​တန်ခိုး​တော်​အား​ဖြင့် ချီး​မြှောက်​ခံ​ထား​ရ​လေ​သူ တပါး​အမျိုး​သား​တို့​ကို သင်​သိ​နား​လည်​၏။ သို့​ဖြစ်​၍၊ သင့်​အစ်​ကို​တို့​ကြား​၌​ရှိ​သော သင့်​အမျိုး​အနွယ်​များ​နှင့် သွေး​နှော​ထား​သူ​များ​ကို တပါး​အမျိုး​သား​တို့ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ​မည်​ကို ကိုယ်​တော်​ရှင်​ဘုရားသခင် အခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​ကြောင်း သင်​သိ​မြင်​၏။

၃၁ သင့်အစ်ကိုတို့၏​အမျိုး​အနွယ်​များ​ကို တပါး​အမျိုး​သား​တို့​ဖျက်​ဆီး​မည်​ကို​လည်း သူ​အခွင့်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

၃၂ တည်​ထောင်​ခြင်း​ကို သင်​မြင်​လေ​ပြီး​ဖြစ်​သည့် ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အသင်း​တော်​မှ ထိမ်​ဝှက်​ထား​သော ရှင်း​လင်း​ပြီး အဖိုး​အထိုက်​ဆုံး​ဖြစ်​သည့် သိုး​သ​ငယ်​၏​ဧဝံဂေလိ​တရား​တော်​မှ အစိတ်​အပိုင်း​များ​ကြောင့်၊ တပါး​အမျိုး​သား​တို့ ကျ​ရောက်​လျက်​ရှိ​သည့်၊ သင်​မြင်​သည့် အသိ​စိတ်​ကွယ်​ခြင်း​၏ အလွန်​ဆိုး​ရွား​သော​အခြေ​အနေ​၌ ကာ​လ​အစဉ်​အဆက် ရှိ​နေ​မည်​ကို​လည်း ကိုယ်​တော်​ရှင်​ဘုရားသခင်​အခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်။

၃၃ သို့​ဖြစ်​၍၊ ဘုရားသခင်​၏​သိုးသငယ် မိန့်​တော်​မူ​သည်​ကား၊ ဣသရေလ​အမျိုး​သား​တို့​၏ ကျန်​ကြွင်း​သော​သူ​တို့​ကို ကြီး​စွာ​သော​တရား​စီရင်​တော်​မူ​ခြင်း​နှင့် ဆုံး​မ​ခြင်း​အား​ဖြင့်၊ တ​ပါး​အမျိုး​သား​တို့​ကို ငါ​ကရုဏာကြီး​တော်​မူ​မည်​ဟု ဖြစ်​လေ​သ​တည်း။

၃၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​၏​ကောင်း​ကင်​တမန်​က ငါ့​ကို မြွက်​ဆို​၍​မိန့်​တော်​မူ​သည်​ကား၊ ရှု​လော့၊ ဘုရားသခင်​၏​သိုး​သ​ငယ်​မိန့်​တော်​မူ​သည်​ကား၊ ဣသရေလ​အမျိုး​သား​တို့​၏ ကျန်​ကြွင်း​သော​သူ​တို့​ကို ငါ​သည်​ဆုံး​မ​လေ​ပြီး​နောက်—ငါ​ပြော​သည့် ဤ​ကျန်​ကြွင်း​သော​သူတို့သည် သင့်​အဘ​၏​အမျိုး​အနွယ်​ဖြစ်​၏—သို့​ဖြစ်​၍၊ ငါ​သည် သူ​တို့​ကို တရား​စီရင်​တော်​မူ​ခြင်း​နှင့်​ဆုံး​မ​လေ​၍၊ တ​ပါး​အမျိုး​သား​တို့​၏​လက်​ဖြင့် ဒုက္ခ​ရောက်​စေ​ပြီး​နောက်၊ တပါး​အမျိုးသားတို့​သည်လည်း ပြည့်​တန်​ဆာ​တို့​၏ အ​မိ​ဖြစ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် ထို​အသင်း​တော်​က ထိမ်​ဝှက်​ထား​သော၊ သိုး​သ​ငယ်​၏​ဧဝံဂေလိ​တရား​တော်​မှ ရှင်း​လင်း​ပြီး အဖိုး​ထိုက်​ဆုံး​ဖြစ်​သည့်​အစိတ်​အပိုင်း​များ​ကြောင့် လွန်​စွာထိမိ၍​လဲ​ကြ​ပြီး​နောက်၊ သိုး​သ​ငယ်​မိန့်​တော်​မူ​လေ​သည်​မှာ—ထို​ကာ​လ​၌ ငါ​သည် တပါး​အ​မျိုး​သား​တို့​ကို ကရုဏာကြီး​တော်​မူ​သ​ဖြင့်၊ ရှင်း​လင်း​၍ အ​ဖိုး​ထိုက်​လိမ့်မည့် ငါ​၏​ဧဝံဂေလိ​တ​ရား​တော်​မြောက်​မြား​စွာ​တို့​ကို ငါ​၏​တန်​ခိုး​တော်​အား​ဖြင့် ဖော်​ပြ​မည်​ဟု သိုး​သငယ်​မိန့်​တော်​မူ​၏။

၃၅ အ​ကြောင်း​မူ​ကား၊ ရှု​လော့၊ သိုး​သငယ်​မိန့်​တော်​မူ​လေ​သည်​ကား ရှင်း​လင်း​ပြီး အဖိုး​ထိုက်​လိမ့်​မည်​ဖြစ်​သော ငါ​အမှု​တော်​ဆောင်​မည့် များ​စွာ​သော​အရာ​များ​ကို သင့်​အမျိုး​အနွယ်​တို့ ရေး​ကြ​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ငါ​ကိုယ်​တိုင် ထင်​ရှား​စွာ​ပြ​တော်​မူ​မည်။ သင်​၏​အမျိုး​အနွယ်​တို့​နှင့် သင့်​ညီ​အစ်​ကို​တို့​၏ အ​မျိုး​အ​နွယ်​တို့​ဖျက်​ဆီး​ခံ​ရ​ကြ​၍၊ ယုံ​ကြည်​မှု လျော့​ပါး​ဆုတ်​ယုတ်​လာ​ကြ​ပြီး​နောက်၊ ရှု​လော့၊ ဤ​အရာ​တို့​ကို သိုး​သ​ငယ်​၏​ဆု​ကျေး​ဇူး​နှင့် တန်​ခိုး​တော်​အား​ဖြင့်၊ တ​ပါး​အ​မျိုး​သား​များ​ဆီ​သို့ ရောက်​ရှိ​စေရန် ဝှက်​ထား​လိမ့်​မည်။

၃၆ ငါ​၏​ကျောက်​နှင့် ငါ​၏​ကယ်​တင်​ခြင်း​ဖြစ်​သည့် ငါ​၏​ဧဝံဂေလိ​တ​ရား​တော်​ကို ထို​အ​ရာ​တို့​၌ ရေး​ထား​လိမ့်​မည်​ဟု သိုး​သ​ငယ်​မိန့်​တော်​မူ​၏။

၃၇ မင်္ဂလာ​ရှိ​သော​သူ​တို့​သည်​ကား၊ ထို​ကာ​လ​၌ ငါ​၏​ဇိအုန်​ကို​ထူ​ထောင်ရန် ကြိုး​စား​သော​သူ​တို့ ပေ​တည်း။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သန့်​ရှင်း​သော​ဝိညာဉ်​တော်​၏​ဆု​ကျေး​ဇူး​နှင့် တန်​ခိုး​ကို ရ​ရှိ​ကြ​လိမ့်မည်။ ထို့​အ​တူ၊ သူ​တို့​သည် အ​ဆုံး​တိုင်​အောင်​တည်​ကြည်​လျှင်၊ နောက်​ဆုံးသော​နေ့​၌၊ ချီး​မြှောက်​ခံ​ရ​ကြလိမ့်​မည်၊ သိုး​သ​ငယ်​၏ ထာဝရ​တည်​မြဲ​သော နိုင်​ငံ​တော်၌​လည်း၊ ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်မည်။ ငြိမ်း​ချမ်း​ခြင်း၊ အမှန်​စင်​စစ်၊ ကြီး​စွာ​သော​ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ပြော​ကြား​သော​သူ​မှန်​သ​မျှ​သည် တောင်​ပေါ်​မှာ၊ အ​လွန်​တင့်​တယ်​လှ​ပေ​စွ​တ​ကား။

၃၈ ဤ​သို့​အား​ဖြင့်​အ​ချိန်​တန်​လာ​သော​အခါ၊ ငါ့​အစ်​ကို​တို့​၏အ​မျိုး​အ​နွယ်​များ​၏ ကျန်​ကြွင်း​သော​သူ​များ​ကို ငါ​မြင်​၏။ ထို့​အ​တူ၊ ယုဒ​လူ​မျိုး​၏​နှုတ်​မှ​ထွက်​လေ​သည့် ဘုရားသခင့်​သိုး​သ​ငယ်​၏​ကျမ်း​ကို​လည်း ငါ​မြင်​၏။ ထို​ကျမ်း​သည် တ​ပါး​အ​မျိုး​သား​တို့​ထံ​မှ ငါ့​အစ်​ကို​တို့​၏အမျိုး​အနွယ်​များ​၏ ကျန်​ကြွင်း​သော​သူ​များ​ဆီ​သို့ ရောက်​ရှိ​လာ​၏။

၃၉ ထို​ကျမ်း သူ​တို့​ထံ ထွက်​ပေါ်​လာ​ပြီး​နောက်၊ ပရောဖက်​များ​နှင့် သိုး​သ​ငယ်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​မှတ်​တမ်း​များ ဟုတ်​မှန်​ကြောင်း မြေ​ကြီး​မျက်​နှာ​ပြင်​တစ်​ခု​လုံး​ပေါ်​၌ ကွဲ​ပြား​ပြန့်​ကျဲ​လျက်​ရှိ​သော​ယုဒ​လူ​မျိုး​များ​အ​ပါ​ဝင် တ​ပါး​အ​မျိုး​သား​များ​နှင့် ငါ့​အစ်​ကို​တို့၏​အ​မျိုး​အ​နွယ်​များ​၏ ကျန်​ကြွင်း​သော​သူ​တို့​ကို နား​သွင်း၍ တ​ပါး​အ​မျိုး​သား​တို့​ထံ​မှ သူ​တို့​ဆီ​သို့ သိုး​သငယ်​၏​တန်​ခိုး​တော်​အား​ဖြင့် ပေါ်​ထွက်​လာ​သည့် အ​ခြား​ကျမ်း​များ​ကို ငါ​မြင်​၏။

၄၀ ကောင်း​ကင်​တ​မန်​က​လည်း ငါ့​ကို မြွက်​ဆို​လေ​သည်​ကား၊ တ​ပါး​အ​မျိုး​သား​တို့​၌ သင်​မြင်​လေ​သော ဤ​နောက်​ဆုံး​မှတ်​တမ်း​များ​က သိုး​သငယ်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏ ပ​ထ​မ​ကျမ်း​မှန်​ကန်​ခြင်း​ကို အ​တည်​ပြု​ပြီး၊ ၎င်းတို့​မှ ပယ်​ဖျောက်​ထား​သော ရှင်း​လင်း​ပြီး အ​ဖိုး​ထိုက်​သည့် အ​ရာ​များ​ကို ဖော်​ပြ​လိမ့်​မည်။ ခပ်သိမ်း​သော​အ​မျိုး​စု၊ အ​သီး​သီး​သော​ဘာ​သာ​စ​ကား​ကို​ပြော​သူ၊ လူ​မျိုး​တို့​အား ဘုရားသခင်​၏​သိုး​သ​ငယ်​သည်၊ ထာဝရအဘ​၏​သားတော်​နှင့် လောက၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ လူ​သား​အား​လုံး​တို့ သူ့​ထံ​သို့ လာ​ရ​ကြ​မည့်​အ​ကြောင်း​နှင့် သို့​မ​ဟုတ်​လျှင်၊ ကယ်​တင်​ခြင်း​သို့ မ​ရောက်​နိုင်​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​လိမ့်​မည်။

၄၁ ထို​ကျမ်းများ​သည် သိုး​သ​ငယ်​၏​နှုတ်​မှ​တည်​စေ​လိမ့်​မည့် နှုတ်​က​ပတ်​တော်​အ​တိုင်း ဖြစ်​ရ​ပေ​မည်။ သိုး​သ​ငယ်​၏​နှုတ်​က​ပတ်​တော်​ကို သင့်​အ​မျိုး​အ​နွယ်​တို့​၏​မှတ်​တမ်း​များ​နှင့် သိုး​သ​ငယ်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​လည်း ဖော်​ပြ​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍၊ ထို​ကျမ်း​နှစ်​ကျမ်း​စ​လုံး​သည် တစ်​လုံး​တစ်​ဝ​တည်း​တည်​ပေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တစ်​ခု​လုံး​ပေါ်​တွင် ဘုရားသခင်​တစ်​ပါး​တည်း​နှင့် သိုး​ထိန်း​တစ်ပါး​တည်း ရှိ​လေ​၏။

၄၂ ခပ်သိမ်း​သော​ပြည်​သား​များ၊ ယုဒ​လူ​မျိုး​များ​နှင့် တ​ပါး​အ​မျိုး​သား​နှစ်​ပါး​စ​လုံး​သို့ သူ​ကိုယ်​တိုင် ထင်​ရှား​စွာ​ပြ​တော်​မူ​မည့် အ​ချိန်​ကျ​ရောက်​လာ​ပေ​၏။ သူ​သည် ယုဒ​လူ​မျိုး​များ​နှင့် တ​ပါး​အ​မျိုး​သား​များ​သို့ သူ​ကိုယ်​တိုင် ထင်​ရှား​စွာ​ပြ​တော်​မူ​ပြီး​နောက်၊ တ​ပါး​အ​မျိုး​သား​များ​နှင့် ယုဒ​လူ​မျိုး​များ​သို့ သူ​ကိုယ်​တိုင် ထင်​ရှား​စွာ​ပြ​တော်​မူ​လိမ့်​မည်​ဖြစ်​၍၊ နောက်​ကျ​သော​သူ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်။

ပုံနှိပ်သည်