ကျမ်းစာများ
ဟေလမန် ၁၅


အခန်းကြီး ၁၅

ကိုယ်တော်ရှင်သည် နီဖိုင်း​လူမျိုးတို့ကို ချစ်​တော်မူသော​ကြောင့် ဆုံးမ​တော်မူ၏—ပြောင်းလဲသော​လာမန်​အမျိုးသား​တို့သည် ယုံကြည်ခြင်း၌ ခိုင်မာလျက်၊ မြဲမြံစွာ​ရှိကြ၏—ကိုယ်တော်ရှင်သည် လာမန်​အမျိုးသားတို့ကို နောက်ပိုင်း​ကာလများ၌ ကရုဏာကြီး​တော်မူ​လိမ့်မည်။ ဘီစီ ၆ ခန့်။

ယခုမူကား၊ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့၊ ရှုလော့၊ သင်တို့သည် နောင်တ​မရလျှင်၊ သင်တို့​နေအိမ်​များသည် သင်တို့၌ လူ​ဆိတ်ညံ၍ ကျန်​ရစ်မည်​ဖြစ်​ကြောင်း ငါ​ဟော​ကြား၏။

ထိုမှတစ်ပါး၊ သင်တို့သည် နောင်တ​မရလျှင်၊ သင်တို့၏​မိန်းမ​များ​သည် နို့​တိုက်သော​ကာလ၌ ငိုကြွေး​မြည်​တမ်းရန် ကြီးစွာသော အကြောင်းရင်း ရှိလိမ့်မည်။ အကြောင်း​မူကား၊ သင်တို့သည် ထွက်​ပြေးရန် ကြိုးစား​အားထုတ်၍၊ ခိုလှုံရာ​အရပ် မရှိဘဲ​နေလိမ့်မည်။ ထိုမှတစ်ပါး၊ ပဋိသန္ဓေ​တည်သော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သူတို့သည် လေးလံ၍ ထွက်​မပြေးနိုင်ကြ။ ထို့ကြောင့်၊ သူတို့သည် နင်းချေ​ခံရ၍၊ ပျက်စီးစေရန် ချန်​ထား​ခံရလိမ့်မည်။

ထိုမှတစ်ပါး၊ နီဖိုင်း​လူမျိုးဟု​ခေါ်သော ဤ​လူမျိုး​တို့သည် သူတို့​ထံသို့ ပြ​တော်မူမည့် ခပ်သိမ်းသော ဤနိမိတ်​လက္ခဏာ​များနှင့် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများကို မြင်ရသော​အချိန်၌ နောင်တ​မရလျှင် အမင်္ဂလာ​ရှိ၏။ အကြောင်း​မူကား၊ ရှုလော့၊ သူတို့သည် ကိုယ်တော်ရှင်၏ ရွေး​ကောက်​တော်မူသော လူမျိုး​ဖြစ်၏။ ထိုမှတစ်ပါး၊ နီဖိုင်း​လူမျိုး​တို့​ကို​ချစ်​တော်မူ၍၊ ဆုံးမ​တော်မူ၏။ ထိုမှတစ်ပါး၊ သူတို့ကို ချစ်​တော်မူသော​ကြောင့်၊ သူတို့၏​ဒုစရိုက်​ကာလများ၌ ဆုံးမ​တော်မူ၏။

သို့ရာတွင်၊ ငါ၏​ညီအစ်ကိုတို့၊ ရှုလော့၊ လာမန်​အမျိုးသားတို့ကို သူမုန်း​တော်မူ​သည်ကား၊ သူတို့၏​အကျင့်များမှာ အစဉ်​မပြတ်​ဆိုး​လေသော​ကြောင့်​ပင်တည်း။ ဤသို့​ဖြစ်ရ​သည်မှာ၊ သူတို့​ဘိုးဘေးတို့​နည်း​ဥပဒေသ၏ ဒုစရိုက်ကြောင့်​ဖြစ်၏။ သို့ရာတွင်၊ ရှုလော့၊ ကယ်​တင်ခြင်းသည် နီဖိုင်း​အမျိုးသားတို့၏​ဟော​ပြောခြင်း​အားဖြင့် သူတို့ထံသို့ ရောက်​လာ၏။ ဤရည်​ရွယ်ချက်​ကြောင့်​လည်း၊ ကိုယ်တော်ရှင်သည် သူတို့၏​အသက်​တာကို ရှည်စေ​တော်မူ၏။

သူတို့​မှအများ​စုသည် သူတို့တာဝန်၏​လမ်း၌​ရှိပြီး၊ ဘုရားသခင်​ရှေ့၌ စေ့စေ့​မြေ့မြေ့​ကျင့်​ဆောင်၍၊ သူ၏​ပညတ်တော်များ၊ သူ၏​ထုံး​ဥပဒေသများနှင့် သူ၏​စီရင်​တော်မူချက်​များကို မောရှေ၏​ပညတ်​တရား​အတိုင်း​စောင့်​ထိန်းရန် အား​ထုတ်ကြ​ကြောင်း သင်တို့ သတိ​ပြုစေရန် ငါ​အလို​ရှိ၏။

ထိုမှတစ်ပါး၊ သင်တို့ကို ငါဆို​သည်ကား၊ သူတို့​အများ​စုသည် ဤအမှုကို ပြု၍၊ သူတို့၏​ကျန်​ကြွင်းသော​ညီအစ်ကိုတို့ကို သမ္မာ​တရားကို သိခြင်းသို့ ဆောင်​ယူနိုင်ခြင်းငှာ၊ လုံ့လဝီရိယဖြင့် မမော​မပန်း​ကြိုးစား​အားထုတ်လျက်​ရှိကြ၏။ ထို့ကြောင့်၊ သူတို့၏​အရေ​အတွက်သို့ နေ့စဉ်​ထပ်​ပေါင်းသော​သူ များစွာ​ရှိ၏။

ရှုဦးလော့၊ သင်တို့သည် သင်တို့​ကိုယ်တိုင်​အားဖြင့် သိသောကြောင့်၊ သက်သေ​ခံကြ​သည်မှာ၊ သူတို့မှ ရှိသမျှသည် သမ္မာ​တရားကို​သိခြင်းနှင့် သူတို့​ဘိုးဘေးတို့၏ ဆိုးညစ်၍၊ စက်ဆုပ်​ရွံရှာဖွယ်သော နည်း​ဥပဒေသများကို သိစေခြင်းငှာ ဆောင်​ယူခြင်း​ခံရကြောင်း၊ ထို့အတူ၊ သန့်​ရှင်းသော​ကျမ်းစာများ၊ အထူးသဖြင့်၊ ရေး​ထားသည့်၊ သူတို့ကို ကိုယ်တော်ရှင်၌ ယုံကြည်ခြင်းနှင့် နောင်တ​ရခြင်းသို့ ပို့ဆောင်သည့် သန့်ရှင်းသော​ပရောဖက်တို့၏ ပရောဖက်​ပြု​ဟောချက်​များကို ယုံကြည်ခြင်းသို့ ပို့​ဆောင်​ကြောင်းနှင့် ထို​ယုံကြည်ခြင်းနှင့် နောင်တ​ရခြင်းက သူတို့​ထံသို့ စိတ်နှလုံး၏​ပြောင်းလဲခြင်းကို ဆောင်ယူကြောင်းတို့​ပင်တည်း—

ထို့ကြောင့်၊ ဤအမှုသို့ ရောက်​လေသမျှသော​သူသည် ယုံကြည်ခြင်း၌​လည်း​ကောင်း၊ သူတို့ကို လွတ်လပ်​စေသော​အရာတို့၌​လည်း​ကောင်း ခိုင်မာ၍၊ မြဲမြံကြ​ကြောင်း သင်တို့​ကိုယ်တိုင် သိကြ၏။

သင်တို့သည် သူတို့၏​စစ်တိုက်ရာ​လက်နက်များကို သူတို့​မြေမြှုပ်​ကြကြောင်းကိုလည်း သိကြ၏။ တစ်နည်း​နည်းဖြင့် အပြစ်​ပြုမိ​မည်ကို စိုး​ရိမ်သဖြင့် ဖော်ယူရန်​လည်း ကြောက်​ရွံ့ကြ၏။ ထိုမှတစ်ပါး၊ သူတို့​အပြစ်​ပြုရန် ကြောက်​ရွံ့ကြောင်းကို သိ​မြင်နိုင်ကြ၏—အကြောင်း​မူကား၊ သူတို့၏​ရန်သူများ​အားဖြင့် နင်းချေ၍ ကွပ်မျက်​ခံရစေရန် သူတို့ကိုယ်​သူတို့ အခွင့်​ပေးကြ​လိမ့်မည်။ ထိုသူတို့ကို ဆန့်ကျင်၍ မိမိတို့​ဓားများကို မြှောက်ကြမည်​မဟုတ်။ ဤအမှုများ​သည်ကား၊ ခရစ်တော်၌ သူတို့၏​ယုံကြည်ခြင်း​ကြောင့်​ပေတည်း။

၁၀ ယခုမူကား၊ သူတို့​ယုံကြည်သည့်​အရာကို ယုံကြည်သော​အခါ၌ သူတို့၏​မြဲမြံခြင်း​ကြောင့်၊ သူတို့သည် အလင်းသို့ တစ်ခါ​ရောက်ချိန်၌ သူတို့၏​ခိုင်မြဲခြင်း​ကြောင့်၊ ရှုလော့၊ သူတို့၏​ဒုစရိုက်​ရှိသော်​ငြားလည်း ကိုယ်တော်ရှင်သည် သူတို့ကို ကောင်းချီး​ပေး၍၊ သူတို့၏​အသက်​တာကို ရှည်​စေတော်​မူလိမ့်မည်—

၁၁ ထိုမှတစ်ပါး၊ သူတို့​ယုံကြည်မှု​လျော့ပါး​ဆုတ်ယုတ်​လာကြ​သော်​လည်း၊ ကိုယ်တော်ရှင်သည် သူတို့၏​အသက်​တာကို ရှည်တော်မူ​စေသည်မှာ၊ ငါတို့​ညီအစ်ကို လာမန်​အမျိုးသားတို့ကို သမ္မာ​တရားကို​သိခြင်းသို့ တစ်ဖန်​ပြန်လည်​ဆောင်​ယူခြင်း​အကြောင်း ငါတို့​ဘိုးဘေးတို့က၊ ထို့အတူ ပရောဖက်​ဇေနုတ်က၊ ထို့အတူ အခြားသော​ပရောဖက်များ​ဟော​ကြားသည့် အချိန်​ကာလ ကျ​ရောက်​လာသည့်​တိုင်​အောင်​ပင်တည်း—

၁၂ ထိုမှတစ်ပါး၊ သင်တို့ကို ငါ​ဆိုသည်ကား၊ နောက်​ပိုင်း​ကာလများ၌ ကိုယ်တော်ရှင်၏​ကတိ​တော်များကို ငါတို့​ညီအစ်ကို လာမန်​အမျိုးသားများသို့ ပေး​ထား​တော်မူ၏။ သူတို့၌​ရှိမည့် များစွာသော ဆင်းရဲ​ဒုက္ခများ ရှိ​သော်ငြား​လည်း၊ သူတို့သည် မြေကြီး​မျက်နှာ​ပြင်ပေါ်၌ အရပ်ရပ်သို့ နှင်ထုတ်​ခံရ၍၊ နောက်က​လိုက်၍ အရှာ​ခံရ၊ ထို့အတူ၊ ပြင်းစွာ​အရိုက်​ခံရလျက် အရပ်​ရပ်သို့ ကွဲပြား​ပြန့်ကျဲ၍၊ ခိုလှုံရာ​မရှိဘဲ​နေကြမည် ဖြစ်​သော်​ငြား​လည်း ကိုယ်​တော်​ရှင်သည် သူတို့ကို ကရုဏာ​ကြီးတော်မူ​လိမ့်မည်။

၁၃ ဤအမှု​သည်​ကား၊ သူတို့၏​ရွေးနှုတ်​ရှင်၊ ထို့အတူ သူတို့၏​ကြီး​မြတ်​မှန်ကန်သော သိုးထိန်းကို သိခြင်း​ဖြစ်သည့် မှန်သော​သိခြင်းသို့ တစ်ဖန်​ဆောင်​ယူခြင်းကို ခံရ၍၊ သူ၏​သိုးများ၌ ရေတွက်​ခံရမည်​ဖြစ်ကြောင်း ပရောဖက်​ပြု​ဟောချက်​အတိုင်း​ဖြစ်လေ​သတည်း။

၁၄ ထို့ကြောင့်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ သင်တို့သည် နောင်တ​မရကြလျှင်၊ သင်တို့​အတွက်​ထက်၊ သူတို့​အတွက် သာ၍​ကောင်း​ပေလိမ့်မည်။

၁၅ အကြောင်း​မူကား၊ ရှုလော့၊ သင်တို့ကို ပြတော်မူ​လေသည့် ကြီးစွာသော​အမှုများကို သူတို့​ထံသို့၊ အထူး​သဖြင့်၊ သူတို့​ဘိုးဘေးတို့၏​နည်း​ဥပဒေသ​များကြောင့်၊ ယုံကြည်မှု​လျော့ပါး​ဆုတ်​ယုတ်​လာလေသော သူများ​ထံသို့ ပြတော်မူ​လေလျှင်၊ သူတို့အဘယ်တော့မျှ တစ်ဖန် ယုံကြည်မှု​လျော့ပါး​ဆုတ်ယုတ်​လာခဲ့​လေမည် မဟုတ်ကြောင်း သင်တို့​ကိုယ်တိုင်​သိနိုင်​ကြ၏။

၁၆ ထို့ကြောင့်၊ ကိုယ်တော်ရှင် မိန့်တော်မူ​သည်ကား၊ ငါသည် သူတို့ကို ရှင်း​ရှင်း​ဖျက်ဆီး​တော်မူမည်​မဟုတ်၊ ငါ့​ဉာဏ်​ပညာတော်၏​ကာလ၌ သူတို့ကို ငါ့​ထံသို့ တစ်ဖန်​ပြန်လာ​စေတော်မူ​မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၇ ယခုမူကား၊ ရှုလော့၊ နီဖိုင်း​လူမျိုးတို့နှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ သူတို့သည် နောင်တ​မရကြ၊ ငါ၏​အလိုတော်ကို လုပ်ဆောင်ရန် အားမထုတ်ကြလျှင်၊ ငါသည် သူတို့ကို ရှင်း​ရှင်း​ဖျက်​ဆီးမည်။ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ သူတို့၌ ငါ​ပြု​ထား​တော်မူသည့် ကြီးစွာသော​အမှု​များစွာ​ရှိသော်​ငြားလည်း သူတို့၏​မယုံကြည်ခြင်း​ကြောင့်၊ ကိုယ်တော်ရှင်​အသက်​ရှင်​တော်မူသည့်​အတိုင်း၊ ဤအရာများ ဖြစ်လိမ့်မည်ဟု ကိုယ်တော်ရှင်​မိန့်​တော်မူ၏။

ပုံနှိပ်သည်