ကျမ်းစာများ
၂ နီဖိုင်း ၁၄


အခန်းကြီး ၁၄

ဇိအုန်​နှင့်​သူ​၏​သ​တို့​သမီး​တို့​သည် အနှစ်​တစ်​ထောင်​ကာလ​တွင် ရွေးနှုတ်​ခြင်း​နှင့် သန့်​စင်​စေခြင်း​ကို ခံ​ရ​ကြ​မည်—ဟေရှာယအခန်းကြီး ၄ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ထို​ကာလ​၌ မိန်းမ​ခု​နစ်​ယောက်​တို့​သည် ယောက်ျား​တစ်​ယောက်​ကို ကိုင်​ဆွဲ​၍၊ ကျွန်​မ​တို့​သည် ကိုယ့်​မုန့်​ကို စား​ပါ​မည်။ ကိုယ့်​အဝတ်​ကို​လည်း ဝတ်​ပါ​မည်။ ကျွန်​မ​တို့​ကို သင်​၏​နာမ​ဖြင့်​အခေါ်​ခံရခြင်း​သာ​ရှိ​စေ​၍၊ ကျွန်​မ​တို့​၏​ရှက်​ကြောက်ခြင်း​ကို ဖယ်​ရှား​ပါ​ဟု ဆို​ကြ​လိမ့်​မည်။

ထို​ကာလ​၌ ကိုယ်​တော်​ရှင်​၏​အညွှန့်​သည် တင့်​တယ်​၍၊ ဘုန်း​အသ​ရေ​ပွင့်​လန်း​လိမ့်​မည်။ လွတ်​သော​ဣသရေလ​အမျိုး​တို့​အဖို့၊ မြေ​အသီး​အနှံ​သည် ကောင်းမြတ်​လျောက်​ပတ်​လိမ့်​မည်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာလ​တ္တံ့သော​အခါ၊ ဇိအုန်​တောင်​မှာ ကျန်​ကြွင်း​၍၊ ယေရုရှလင်​မြို့ ၌​နေ​ရစ်​သော​သူ​တည်း​ဟူ​သော၊ ယေရုရှလင်​မြို့ ရှိ အသက်ရှင်သော​သူ​တို့​တွင် စာရင်း​ဝင်​သ​မျှ​သော​သူ​တို့​သည် သန့်ရှင်းခြင်း ရှိ​ကြ​လိမ့်​မည်—

ကိုယ်​တော်​ရှင်​သည် ဇိအုန်​သ​တို့​သမီး​တို့​၏​အညစ်​အကြေး​ကို ဆေး​ကြော​ပြီး​လေ​လျှင်၊ တရား​စီရင်​သော​သော​ဝိညာဉ်၊ လောင်မြိုက်သော​ဝိညာဉ်​တော်​အားဖြင့်၊ ယေရုရှလင်​မြို့​၏​အသွေး​ကို မြို့​ထဲ​က ပယ်​ရှား​တော်​မူ​လိမ့်​မည်။

ထို့အတူ ကိုယ်​တော်​ရှင်​သည် ဇိအုန်​တောင်​မှာ​ရှိ​သ​မျှ​သော​အိမ်​များ​နှင့်၊ စည်း​ဝေး​ရာ ပရိတ်​သတ်​များ​အပေါ်​တွင်၊ နေ့​အချိန်​၌ မိုး​တိမ်​နှင့်​မီး​ခိုး​ကို​လည်း​ကောင်း၊ ညဉ့်​အချိန်​၌ မီး​လျှံ​အလင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​၍၊ ဇိအုန်​၏ ဘုန်း​အသ​ရေ​အလုံး​စုံ​တို့​ကို ကာကွယ်​တော်​မူ​လိမ့်​မည်။

နေ့​အချိန်​၌​လည်း နေ​ပူ​ကို ကွယ်ကာ​သော​တဲ၊ မုန်​တိုင်း​မှ​လည်း​ကောင်း၊ မိုး​ရေ​မှ​လည်း​ကောင်း လုံ​ခြုံ​သော​ခို​လှုံ​ရာ​အရပ်​နှင့် အကွယ်​အကာ ဖြစ်​လိမ့်​မည်။

ပုံနှိပ်သည်