အခန်းကြီး ၂၂
အနှစ်တစ်ထောင်ကာလ၌ ခပ်သိမ်းသောလူသားတို့သည် ကိုယ်တော်ရှင်ကို ချီးမွမ်းကြမည်—သူသည် ထိုသူတို့၌ ကိန်းဝပ်တော်မူမည်—ဟေရှာယအခန်းကြီး ၁၂ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ ကိုယ်တော်၏အမျက်တော် ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။
၂ ရှုလော့၊ ဘုရားသခင်သည် ငါ၏ ကယ်တင်ရာဖြစ်တော်မူ၏။ ငါသည် ကိုးစား၍ ကြောက်လန့်မည်မဟုတ်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ယေဟောဝါသည် ငါ၏ခွန်အားနှင့် ငါ၏သီချင်းဆိုရာဖြစ်၍၊ ငါ၏ကယ်တင်ရာလည်း ဖြစ်၍လာလေပြီ။
၃ ထို့ကြောင့်၊ သင်တို့သည် ကယ်တင်ခြင်းစမ်းရေတွင်းတို့မှ၊ ရေကို ဝမ်းမြောက်သောစိတ်နှင့် ခပ်ရကြလိမ့်မည်။
၄ ထိုကာလ၌ သင်တို့ပြောရမည်မှာ၊ ကိုယ်တော်ရှင်ကို ချီးမွမ်းကြလော့။ သူ၏နာမတော်ကို ပဌနာပြုကြလော့။ အမှုတော်တို့ကို လူတို့ ၌ ဖော်ပြကြလော့။ သူ၏နာမတော် မြင့်မြတ်သည့်အကြောင်းကို ဖော်ပြကြလော့။
၅ ကိုယ်တော်ရှင်ကို ချီးမွမ်းသီချင်းဆိုကြလော့။ အကြောင်းမူကား၊ သူသည် ထူးဆန်းသောအမှုများကို ပြုတော်မူပြီ။ ဤအမှုတော်သည် မြေတစ်ပြင်လုံး၌ ထင်ရှားတော်မူ၏။
၆ ဇိအုန်၌နေထိုင်ကြသူသင်တို့၊ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ကြီးမြတ်တော်မူသည်မှာ သင်တို့အလယ်၌ရှိသော ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားဖြစ်၏ဟု မြွက်ဆိုရလိမ့်မည်။