အပိုဒ်ငယ် ၁၅
၁၈၂၉ ခု၊ ဇွန်လ၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ ဂျွန်ဝှစ်တမာသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော် (အပိုဒ်ငယ် ၁၄ ၏ခေါင်းစဉ်တွင် ကြည့်ပါ)။ သတင်းစကားသည် အတွင်းကျပြီး၊ အထူးစွဲမှတ်လေအောင် ကိုယ်ရေးကိုယ်တာဖြစ်သောကြောင့်၊ ကိုယ်တော်ရှင်သည် ဂျွန်ဝှစ်တမာနှင့် သူကိုယ်တိုင်သာလျှင် သိရမည့်အရာကို ပြောပြ၏။ ဂျွန်ဝှစ်တမာသည် နောက်ပိုင်းတွင် မော်မုန်ကျမ်းအကြောင်း သက်သေရှစ်ဦးထဲမှ တစ်ဦးဖြစ်လာခဲ့၏။
၁–၂၊ ကိုယ်တော်ရှင်၏လက်ရုံးတော်သည် မြေကြီးတစ်ခုလုံးပေါ်မှာရှိ၏။ ၃–၆၊ ဧဝံဂေလိတရားတော်ကို ဟောပြောပြီး၊ လူတို့ကို ကယ်တင်ခြင်းသည် အထိုက်တန်ဆုံးသောအရာဖြစ်၏။
၁ စေ့စေ့နားထောင်လော့၊ ငါ့ကျွန်ဂျွန်၊ သင်၏ကိုယ်တော်ရှင်နှင့် သင်၏ရွေးနုတ်ရှင် ယေရှုခရစ်တော်၏နှုတ်ကပတ်တော်တို့ကိုလည်း လော့။
၂ ရှုလော့၊ ငါသည် သင့်ကို ပြတ်သားစွာတန်ခိုးနှင့်မြွက်ဆို၏။ အကြောင်းမူကား၊ ငါ၏လက်ရုံးတော်သည် မြေကြီးတစ်ခုလုံးပေါ်မှာရှိ၏။
၃ သင်နှင့်ငါနှစ်ဦးတည်းမှတစ်ပါး အဘယ်သူမျှမသိသည့်အရာကို သင့်အား ငါပြောပြမည်—
၄ အကြောင်းမူကား၊ သင့်အတွက် မည်သည့်အရာ အထိုက်တန်ဆုံးဖြစ်မည်ကို သိရခြင်းငှာ သင်သည် ငါ့ထံအကြိမ်များစွာ တောင်းဆိုလေပြီ။
၅ ရှုလော့၊ ဤအမှုကြောင့်၊ ထို့အတူ သင့်ကို ငါပေးတော်မူလေသည့် ငါ၏နှုတ်ကပတ်တော်များကို ငါ၏ပညတ်တော်များအတိုင်း ဟောပြောခြင်းကြောင့် သင်သည် မင်္ဂလာရှိ၏။
၆ ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သင့်အဖို့ အထိုက်တန်ဆုံးဖြစ်လိမ့်မည့်အရာမှာ၊ သင်သည် လူတို့ကို ငါ့ထံသို့ ဆောင်ယူနိုင်ပြီး၊ ငါ့ခမည်းတော်၏နိုင်ငံတော်၌ သူတို့နှင့်အတူ အနားယူနိုင်စေကြောင်း၊ ဤလူတို့အား နောင်တရခြင်းကို ဟောကြားစေခြင်းငှာ ဖြစ်လိမ့်မည်။ အာမင်။