ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈၃


အပိုဒ်ငယ် ၈၃

၁၈၃၂ ခု၊ ဧပြီ ၃၀၊ အင်ဒီပန်းဒင့်၊ မစ်ဆိုရီ၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့်​ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် သူ၏​ညီအစ်ကိုတို့နှင့် တိုင်ပင်စဉ်တွင် ဤဗျာဒိတ်တော်ကို လက်ခံ​ရရှိခဲ့၏။

၁–၄၊ မိန်းမများနှင့်​ကလေးများသည် မိမိတို့​အထောက်အမ​အတွက် မိမိတို့​ခင်ပွန်းများနှင့် အဘများအပေါ် တောင်းဆိုခွင့်​ရှိကြ၏။ ၅–၆၊ မုဆိုးမများနှင့် မိဘမဲ့​သူငယ်တို့သည် မိမိတို့​အထောက်အမ​အတွက် အသင်းတော်​အပေါ် တောင်းဆိုခွင့် ရှိကြ၏။

မိမိတို့​ခင်ပွန်းများနှင့် အဘများကို ဆုံးရှုံးခဲ့​လေသူများ​တည်းဟူသော အသင်းတော်နှင့် ဆိုင်သောသူများဖြစ်သည့် မိန်းမများ၊ ကလေးများနှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင်သည် အသင်းတော်၏​ဥပဒေများသို့ ထပ်လောင်း၍ အမှန်​မိန့်တော်မူ​သည်ကား၊

မိန်းမများသည် မိမိတို့၏​ထိန်းသိမ်းခြင်း​အတွက်၊ မိမိတို့​ခင်ပွန်းများ ဆောင်ယူ​ခံရချိန်​အထိ၊ မိမိတို့​ခင်ပွန်းများနှင့်​စပ်လျဉ်း၍ တောင်းဆိုခွင့်​ရှိကြ၏။ သူတို့သည် လွန်ကျူးသော​သူများ​အဖြစ် မတွေ့ရလျှင်၊ အသင်းတော်၌ မိဿဟာယ​ဖွဲ့ခွင့်​ရှိလိမ့်မည်။

သူတို့သည် သစ္စာ​မရှိလျှင်၊ အသင်းတော်၌ မိဿဟာယ​ဖွဲ့ခွင့် ရှိလိမ့်မည်​မဟုတ်။ သို့သော်လည်း၊ သူတို့သည် ပြည်၏​ဥပဒေများ​အတိုင်း မိမိတို့​နေထိုင်ရာ​တို့၌ ဆက်၍​နေနိုင်ကြ၏။

ခပ်သိမ်းသော​ကလေးများသည် အရွယ်​မရောက်​မချင်း၊ မိမိတို့​ထိန်းသိမ်းခြင်း​အတွက် မိမိတို့​မိဘများ​အပေါ် တောင်းဆိုခွင့်​ရှိကြ၏။

ထို့နောက်တွင်၊ သူတို့သည် အသင်းတော်​အပေါ် တောင်းဆိုခွင့်​ရှိကြ၏၊ သို့မဟုတ် တစ်နည်း​အားဖြင့် မိမိတို့​မိဘများက မိမိတို့ကို အမွေခံရာများ မပေး​လေလျှင်၊ ကိုယ်တော်ရှင်၏ ဘဏ္ဍာတိုက်​အပေါ် တောင်းဆိုခွင့်​ရှိကြ၏။

အသင်းတော်​ဆက်ကပ်ခြင်းတို့အားဖြင့်၊ ဘဏ္ဍာတိုက်ကို ထိန်းသိမ်း​ထားရမည်။ ဆင်းရဲသားများကို ကဲ့သို့ပင်၊ မုဆိုးမများနှင့် မိဘမဲ့​သူငယ်များကို ထောက်ပံ့​လိမ့်မည်။ အာမင်။