အပိုဒ်ငယ် ၃၇
၁၈၃၀ ခု၊ ဒီဇင်ဘာလ၊ ဖရေးတီး၊ နယူးယောက်အနီး၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂဒွန်သို့ ပေးတော်မူခဲ့သည့်ဗျာဒိတ်တော်။ ဤသာသနာ၌စုဝေးခြင်းနှင့်စပ်လျဉ်း၍ ပထမပညတ်တော်ကို ဤနေရာမှာ ပေးထား၏။
၁–၄၊ သန့်ရှင်းသူများသည် အိုဟိုင်းရို၌ စုဝေးကြစေဖို့ ခေါ်သွင်းခံကြရ၏။
၁ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် အိုဟိုင်းရိုသို့မသွားမီ၊ ဘာသာမပြန်ရ၊ ငါ့အဖို့အရေးမကြီး။ ဤအရာမှာ၊ သင်တို့၏ရန်သူများကြောင့်၊ သင်တို့အတွက်ပေတည်း။
၂ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ထိုအရပ်များ၌ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောမပြီးမီ၊ အသင်းတော်ရှိရာအရပ်မှန်သမျှ၌၊ အထူးသဖြင့် ကိုးလ်စဗီလ်၌ အသင်းတော်ကို ခွန်အားဖြည့်မပြီးမီ မသွားရ။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် ငါ့ထံသို့ များစွာသောယုံကြည်ခြင်းဖြင့် ဆုတောင်းကြ၏။
၃ ထိုမှတစ်ဖန်၊ ပညတ်တော်တစ်ခုကို အသင်းတော်သို့ ငါပေး၏။ ငါ့ကျွန်အော်လီဗာကောင်ဒရီ သူတို့ထံပြန်လာသည့်အချိန်အတွက် အိုဟိုင်းရို၌ သူတို့အတူတကွ စည်းဝေးရမည်မှာ ငါ့အဖို့အရေးကြီး၏။
၄ ရှုလော့၊ ဤအရာ၌ ဉာဏ်ပညာရှိ၏။ ငါကြွလာတော်မူသည့်တိုင်အောင် လူတိုင်း ကိုယ်တိုင်ရွေးချယ်စေကြလော့။ ထိုကဲ့သို့ပင်တည်း။ အာမင်။