အပိုဒ်ငယ် ၉၂
၁၈၃၃ ခု၊ မတ်လ ၁၅ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ စည်းလုံးညီညာစီးပွားရေးလုပ်ငန်း (အပိုဒ်ငယ် ၇၈ နှင့် ၈၂ တို့၏ ခေါင်းစဉ်များတွင် ကြည့်ပါ) ရှိ မိမိတာဝန်များ၌ ဂျိုးဇက်စမစ်၏တိုင်ပင်ဖက်အဖြစ် မကြာသေးမီက ခန့်အပ်ထားခံရသူ ဖရက်ဒရစ်ခ်ဂျီဝီလျံကို ထိုဗျာဒိတ်တော်က သွန်သင်၏။
၁–၂၊ ကိုယ်တော်ရှင်သည် စည်းလုံးညီညာအသင်းသို့ ဝင်ခွင့်ပြုခြင်းနှင့် စပ်လျဉ်းသည့် ပညတ်တော်ကို ပေး၏။
၁ ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ ယခင်ပေးထားသည့် ပညတ်တော်အတိုင်း ဖွဲ့စည်းထားသည့် စည်းလုံးညီညာအသင်းသို့ ငါ့ကျွန်ဖရက်ဒရစ်ခ်ဂျီဝီလျံနှင့် စပ်လျဉ်းသည့် ဗျာဒိတ်တော်နှင့် ပညတ်တော်ကို ငါပေး၏၊ သင်တို့သည် သူ့ကို ထိုအသင်းထဲသို့ လက်ခံရမည်။ တစ်ယောက်သောသူအား ငါဆိုသည့်အရာကို ခပ်သိမ်းသောသူတို့အား ငါဆို၏။
၂ ထိုမှတစ်ဖန်၊ သင့်ကို ငါဆိုသည်ကား၊ ငါ့ကျွန်ဖရက်ဒရစ်ခ်ဂျီဝီလျံ၊ သင်သည် ဤအသင်း၌ တက်ကြွသောအသင်းသား ဖြစ်ရမည်။ သင်သည် ခပ်သိမ်းသော ယခင်ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာရှိသမျှ၊ ကာလအစဉ်အဆက် ကောင်းချီးခံစားရလိမ့်မည်။ အာမင်။