အပိုဒ်ငယ် ၈၀
၁၈၃၂ ခု၊ မတ် ၇ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် စတီဖင်ဘာနက်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။
၁–၅၊ စတီဖင်ဘာနက်နှင့် အီဒင်စမစ်တို့သည် သူတို့ရွေးချယ်သည့်နေရာမှန်သမျှ၌ ဟောပြောရန် ခေါ်သွင်းခံကြရ၏။
၁ ငါ့ကျွန်စတီဖင်ဘာနက်၊ သင့်ကို ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ လောကီနိုင်ငံထဲသို့၊ သင် သွား၍၊ သင် သွား၍၊ သင့်အသံကို ကြားနိုင်ရာအရပ်သို့ လာကြသည့် လူသတ္တဝါတိုင်းထံ ဧဝံဂေလိတရားတော်ကို ဟောပြောလော့။
၂ သင်သည် အဖော်အလိုရှိသဖြင့်၊ ငါသည် သင့်အား ငါ့ကျွန် အီဒင်စမစ်ကို ပေးမည်။
၃ သို့ဖြစ်၍၊ သင်တို့ သွားပြီး၊ ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောကြလော့၊ မြောက်အရပ်သို့ဖြစ်စေ၊ တောင်အရပ်သို့ဖြစ်စေ၊ အရှေ့အရပ်သို့ဖြစ်စေ၊ အနောက်အရပ်သို့ဖြစ်စေ၊ အရေးမကြီး၊ အကြောင်းမူကား၊ သင်တို့လွဲမှားမသွားနိုင်။
၄ ထို့ကြောင့်၊ သင်တို့ ကြားပြီးလေသည့်အရာတို့ကို ဟောကြားကြလော့၊ အမှန်ယုံကြည်ကြလော့၊ စစ်မှန်ကြောင်းကိုလည်း သိကြလော့။
၅ ရှုလော့၊ သင်တို့ကို ခေါ်သွင်းလေသောသူ၊ သင်တို့၏ရွေးနုတ်ရှင်၊ ယေရှုခရစ်တော်ပင်ဖြစ်သည့် သူ၏အလိုတော်ပေတည်း။ အာမင်။