ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၇


အပိုဒ်ငယ် ၄၇

၁၈၃၁ ခု၊ မတ်လ၊ ၈ ရက် ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်ထံ၌ စာရေး​အဖြစ် ထမ်းဆောင်လျက်ရှိနှင့်​လေပြီးသူ၊ ဂျွန်​ဝှစ်တမာသည် အော်လီဗာ​ကောင်ဒရီအစား အသင်းတော်​သမိုင်း​ပြုစုသူနှင့် မှတ်တမ်း​တင်သူ​အဖြစ် ထမ်းဆောင်ရန် တောင်းဆို​ခံရစဉ်က အစ၌ တုံ့ဆိုင်းခဲ့၏။ သူရေးခဲ့သည်မှာ “ကျွန်ုပ်သည် ထိုအမှုကို မလုပ်ဆောင်လိုလှ​သော်လည်း ကိုယ်တော်ရှင်၏​အမှုတော် ပြီးမြောက်ရမည်ကို သုံးသပ်မိ၏။ ထိုအမှုကို သူ​အလိုရှိလျှင်၊ မြင်သောသူ​ဂျိုးဇက်​စမစ်​အားဖြင့် သူ​ထင်ရှားစွာ​ပြတော်မူမည့်​အကြောင်း ကျွန်ုပ်​အလိုရှိ​ပါ၏။” ဤဗျာဒိတ်တော်ကို ဂျိုးဇက်​စမစ်​လက်ခံ​ရရှိခဲ့ပြီးနောက်၊ ဂျွန်​ဝှစ်တမာသည် လက်ခံခဲ့ပြီး၊ မိမိကို ခန့်အပ်သည့် အမှုအရာ၌ ထမ်းဆောင်ခဲ့၏။

၁–၄၊ ဂျွန်​ဝှစ်တမာသည် အသင်းတော်၏​သမိုင်းကို မှတ်တမ်းတင်ဖို့နှင့် ပရောဖက်​အတွက်ရေးဖို့ ခန့်ထားခံရ၏။

ရှုလော့၊ ငါ့ကျွန်​ဂျွန်သည် ပုံမှန်​သမိုင်းကို ရေး၍​မှတ်တမ်းတင်ပြီး၊ သင်၊ ငါ့ကျွန်​ဂျိုးဇက်ကို ဖော်ပြမည့် ခပ်သိမ်းသော​အရာတို့ကို ရေးမှတ်ခြင်း၌ နောက်ထပ်​တာဝန်များသို့ သူ​ခေါ်သွင်း​မခံရမီ သင့်ကို ကူညီရမည်မှာ ငါ့အဖို့ လိုအပ်၏။

တစ်ဖန်၊ သင့်ကို ငါအမှန်​ဆိုသည်ကား၊ သူသည်လည်း လိုအပ်သော​အခါတိုင်းတွင် အစည်းအဝေးများ၌ ကြွေးကြော်နိုင်ပေ၏။

ထိုမှ​တစ်ဖန်၊ သင့်ကို ငါဆိုသည်ကား၊ အသင်းတော်မှတ်တမ်းနှင့် သမိုင်းကို အဆက်မပြတ် မှတ်တမ်း​တင်ဖို့ သူ​ခန့်အပ်​ခံရ​လိမ့်မည်။ အကြောင်းမူကား၊ အော်လီဗာကောင်ဒရီကို တခြားသော​အမှုအရာသို့ ငါ​ခန့်အပ်ထား​လေပြီ။

သို့ဖြစ်၍၊ သူ​သစ္စာရှိ​သမျှ၊ ဤအရာတို့ကို ရေးစေဖို့ နှစ်သိမ့်စေသောသူ​အားဖြင့်၊ သူ့ကို ဖော်ပြ​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။