အပိုဒ်ငယ် ၂
၁၈၂၃ ခု၊ စက်တင်ဘာ ၂၁ ရက်နေ့ ညဦးတွင် မန်ချက်စတာ၊ နယူးယောက်ရှိ ပရောဖက်အဘ၏အိမ်၌ရှိစဉ် ပရောဖက်ဂျိုးဇက်စမစ်သို့ တမန်တော်မော်ရော်နိုင်း၏စကားများနှင့် ဆက်စပ်နေသည့် ပရောဖက်ဂျိုးဇက်စမစ်၏သမိုင်းမှ ကောက်နုတ်ချက်။ မော်ရော်နိုင်းသည် ယခုတွင် ကမ္ဘာမှာ မော်မုန်ကျမ်းအဖြစ်ရှိသည့် မှတ်တမ်းကို ပြုစုခဲ့လေသူများတည်းဟူသော သမိုင်းပြုစုသူမျိုးဆက်များစွာတို့၏ နောက်ဆုံးသောသူဖြစ်၏။ (မာလခိ ၄း၅–၆ အပိုဒ်ငယ် ၂၇း၉၊ ၁၁၀း၁၃–၁၆၊ ထို့အတူ၊ ၁၂၈း၁၈ နှင့်လည်း နှိုင်းယှဉ်ပါ။)
၁၊ ဧလိယသည် ယဇ်ပုရောဟိတ်အခွင့်ကို ဖော်ပြလိမ့်မည်။ ၂–၃၊ ဘိုးဘေးတို့အတွက် ကတိတော်များကို သားမြေးတို့၏စိတ်နှလုံးမှာ စိုက်၏။
၁ ရှုလော့၊ ငါသည် သင်တို့ကို ကိုယ်တော်ရှင်၏ကြီးစွာသောကြောက်မက်ဖွယ်နေ့မရောက်မီ ပရောဖက်ဧလိယ၏လက်အားဖြင့် ယဇ်ပုရောဟိတ်အခွင့်ကို ဖော်ပြတော်မူမည်။
၂ ဘိုးဘေးတို့ထံပြုထားသည့် ကတိတော်များကို သားမြေးတို့၏စိတ်နှလုံး၌ သူစိုက်လိမ့်မည်။ သားမြေးတို့၏စိတ်နှလုံးသည် သူတို့၏ဘိုးဘေးတို့ထံ လှည့်လိမ့်မည်။
၃ ထိုသို့မဟုတ်လျှင် မြေကြီးတစ်ခုလုံးသည် သူကြွလာတော်မူသည့်အခါ ရှင်းရှင်းဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။