ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၁


အပိုဒ်ငယ် ၇၁

၁၈၃၁ ခု၊ ဒီဇင်ဘာ ၁ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ပရောဖက်သည် ဤဗျာဒိတ်တော်ကို လက်ခံ​ရရှိသည့် အချိန်​အထိ၊ သူ၏​စာရေးသူ​ဆစ်ဒနီ​ရစ်ဂဒွန်နှင့်​အတူ သမ္မာကျမ်းကို ဆက်၍​ဘာသာပြန်​ခဲ့လေ၏။ ဤနေရာ၌​ပေးသည့် သွန်သင်ချက်များကို ပြီးပြည့်စုံ​စေဖို့ သူတို့​စွမ်းဆောင်နိုင်​စေခြင်းငှာ ဘာသာပြန်ခြင်းကို ထိုအချိန်တွင် ယာယီ​ရပ်ထားခဲ့၏။ ဖောက်ပြန်​သင်းကွဲ​ခဲ့လေသူ အယ်ဇရာ​ဘုရေးသည့်​စာများကို ပုံနှိပ်​ထုတ်ဝေခြင်း၏​ရလဒ်​အဖြစ်၊ အသင်းတော်ကို ဆန့်ကျင်၍ တိုးပွားလာသည့် မဖော်ရွေသော​ခံစားချက်များကို လျော့ပါး​စေခြင်းငှာ၊ ညီအစ်ကိုတို့သည် ဟောပြောဖို့ ထွက်သွားကြ​ရမည်။

၁–၄၊ ဂျိုးဇက်​စမစ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်တို့သည် ဧဝံဂေလိ​တရားတော်ကို ကြေညာ​စေဖို့ စေလွှတ်​ခံရ၏။ ၅–၁၁၊ သန့်ရှင်းသူတို့၏​ရန်သူတို့သည် ချေပခံရ လိမ့်မည်။

ရှုလော့၊ ငါ့ကျွန်များ​ဖြစ်ကြသည့် ဂျိုးဇက်​စမစ်​အငယ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်တို့ကို ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား၊ ငါ၏​ဧဝံဂေလိ​တရားတော်ကို ကြေညာခြင်း၌၊ ငါ​အလိုရှိသည့် အတိုင်းပင်၊ သင်တို့အား ပေးတော်မူမည့် ဝိညာဉ်တော် တစ်စိတ်​တစ်ပိုင်းနှင့် တန်ခိုးတော်တို့​အတိုင်း၊ နိုင်ငံတော်၏​နက်နဲခြင်း​အရာများကို ကျမ်းစာများဖြင့် ရှင်းပြခြင်း၌ သင်တို့၏ နှုတ်ကို ဖွင့်ရမည်မှာ ငါ့အဖို့​လိုအပ်ပြီး သင့်လျော်သည့်​အချိန်သည် အမှန်​ကျရောက်လာ၏။

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ လောကသို့ ပတ်ဝန်းကျင်​ဒေသတို့၌၊ ထို့အတူ အသင်းတော်​ထဲ၌၊ သင်တို့ထံ ဖော်ပြသည့် အချိန်​အထိပင် ကာလ​အတန်​ငယ်​ကြာအောင် ကြေညာ​ကြလော့။

ဤ​အရာ​သည်ကား၊ သင်တို့ကို ငါ​ပေးသည့် ကာလ​အတန်​အရာ သာသနာ​ပြုခြင်း ဖြစ်၏။

သို့ဖြစ်၍၊ သင်တို့သည် ငါ၏​စပျစ်​ဥယျာဉ်​ထဲ၌ အလုပ်​လုပ်ကြလော့။ မြေကြီး​ပေါ်မှာ နေထိုင်​သူတို့အား တောင်းဆို​ကြလော့၊ ထို့အတူ သက်သေခံ​ကြလော့၊ ထို့အတူ ရောက်လာမည့် ပညတ်တော်များနှင့် ဗျာဒိတ်တော်များ​အတွက် လမ်းကို ပြင်ဆင်​ကြလော့။

ယခုတွင်၊ ရှုလော့၊ ဤအရာသည် ဉာဏ်ပညာ ဖြစ်၏။ ဖတ်ရှုသောသူ​မှန်သမျှကို နားလည်​စေလော့၊ ထို့အတူ လက်ခံ​ရရှိ​စေလော့။

အကြောင်း​မူကား၊ ရရှိ​တတ်သော​သူအား၊ အခွင့်ကိုပင် သာ၍​မြောက်မြားစွာ ပေးလိမ့်မည်။

သို့ဖြစ်၍၊ သင်တို့၏​ရန်သူတို့ကို ချေပလော့။ အများထဲမှာသော်​လည်းကောင်း၊ နှစ်ဦးချင်းသော်​လည်းကောင်း သင်တို့နှင့် တွေ့ဖို့ သူတို့ကို တောင်းဆို​ကြလော့။ သင်တို့​သစ္စာ​ရှိကြသမျှ၊ သူတို့၏​ရှက်ကြောက်ခြင်းကို ထင်ရှားစွာ​ပြစေ​လိမ့်မည်။

သို့ဖြစ်၍၊ ကိုယ်တော်ရှင်​တစ်ဖက်၌ သူတို့၏​အားကြီးသော အကျိုး​အကြောင်းကို သူတို့​ဖော်ပြ​စေလော့။

သင်တို့ကို ကိုယ်တော်ရှင်​အမှန်​မိန့်တော်မူ​သည်ကား—သင်တို့​တစ်ဖက်၌​လုပ်သည့် လက်နက်​တစ်စုံ​တစ်ခုမျှ မအောင်မြင်ရ။

၁၀ တစ်စုံတစ်ယောက်သည် သင့်တစ်ဖက်၌​ကြွေးကြော်လျှင်၊ ထိုသူသည် ငါ၏ ကာလ​အချိန်တန်​သောအခါ ချေပခံရလိမ့်မည်။

၁၁ သို့ဖြစ်၍၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းလော့။ ၎င်းတို့သည် မှန်ကန်ပြီး သစ္စာ​ရှိ၏။ ထိုကဲ့သို့​ပင်တည်း။ အာမင်။