အပိုဒ်ငယ် ၄၀
၁၈၃၁ ခု၊ ဇန္နဝါရီလ ၆ ရက်၊ ဖရေးတီးနယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂဒွန်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ “ဂျိမ်းစ်ကိုဗယ်သည် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်ကို ငြင်းပယ်ပြီး သူ၏ယခင်ကျင့်ဝတ်စည်းကမ်းများနှင့် လူများဆီပြန်သွားသောကြောင့်၊ ကိုယ်တော်ရှင်က ကျွန်ုပ်နှင့် ဆစ်ဒနီရစ်ဂဒွန်သို့ အောက်ပါဗျာဒိတ်တော်ကို ပေးတော်မူခဲ့၏” (အပိုဒ်ငယ် ၃၉ တွင်ကြည့်ပါ)ဟု ဤဗျာဒိတ်တော်မှတ်တမ်းရှေ့တွင်၊ ပရောဖက်၏သမိုင်းက ဖော်ပြ၏။
၁–၃၊ ညှဉ်းဆဲခြင်းနှင့် လောကီစိုးရိမ်မှုများကို ကြောက်ရွံ့ခြင်းက ဧဝံဂေလိတရားတော်အား ငြင်းပယ်ခြင်းကို ဖြစ်စေ၏။
၁ ရှုလော့၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်ဂျိမ်းစ်ကိုဗယ်၏စိတ်နှလုံးသည် ငါ့ရှေ့၌ ဖြောင့်မတ်လေ၏၊ အကြောင်းမူကား၊ သူသည် ငါ၏နှုတ်ကပတ်တော်ကို နာခံမည့်အကြောင်း ငါနှင့် ပဋိညာဉ်ပြုခဲ့၏။
၂ သူသည် နှုတ်ကပတ်တော်ကို ဝမ်းသာခြင်းနှင့် လက်ခံခဲ့၏။ သို့ရာတွင်၊ စာတန်သည် သူ့ကို ချက်ချင်း သွေးဆောင်ဖြားယောင်း၏။ ညှဉ်းဆဲခြင်းနှင့် လောကီစိုးရိမ်မှုများကို ကြောက်ရွံ့ခြင်းက သူ့အား ဧဝံဂေလိတရားတော်ကို ငြင်းပယ်စေ၏။
၃ သို့ဖြစ်၍၊ သူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်၏။ သူနှင့်စပ်လျဉ်း၍၊ စီရင်ရန် ငါကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း ငါ့၌ဆက်၍ရှိတော်မူ၏။ အာမင်။