အပိုဒ်ငယ် ၁၆
၁၈၂၉ ခု၊ ဇွန်လ၊ ဖရေးတီး၊ နယူးယောက်၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ ပီတာဝှစ်တမာအငယ်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော် (အပိုဒ်ငယ် ၁၄ ၏ခေါင်းစဉ်တွင် ကြည့်ပါ)။ ပီတာဝှစ်တမာအငယ်သည် နောက်ပိုင်းတွင် မော်မုန်ကျမ်းအကြောင်း သက်သေရှစ်ဦးထဲမှ တစ်ဦးဖြစ်လာခဲ့၏။
၁–၂၊ ကိုယ်တော်ရှင်၏လက်ရုံးတော်သည် မြေကြီးတစ်ခုလုံးပေါ်မှာရှိ၏။ ၃–၆၊ ဧဝံဂေလိတရားတော်ကို ဟောပြောပြီး၊ လူတို့ကို ကယ်တင်ခြင်းသည် အထိုက်တန်ဆုံးသောအရာဖြစ်၏။
၁ စေ့စေ့နားထောင်လော့၊ ငါ့ကျွန်ပီတာ၊ သင်၏ကိုယ်တော်ရှင်နှင့် သင်၏ရွေးနုတ်ရှင် ယေရှုခရစ်တော်၏နှုတ်ကပတ်တော်တို့ကိုလည်း နားထောင်လော့။
၂ ရှုလော့၊ ငါသည် သင့်ကို ပြတ်သားစွာတန်ခိုးနှင့်မြွက်ဆို၏။ အကြောင်းမူကား၊ ငါ၏လက်ရုံးတော်သည် မြေကြီးတစ်ခုလုံးပေါ်မှာရှိ၏။
၃ သင်နှင့်ငါနှစ်ဦးတည်းမှတစ်ပါး အဘယ်သူမျှမသိသည့်အရာကို သင့်အား ငါပြောပြမည်—
၄ အကြောင်းမူကား၊ သင့်အတွက် မည်သည့်အရာ အထိုက်တန်ဆုံးဖြစ်မည်ကို သိရခြင်းငှာ သင်သည် ငါ့ထံအကြိမ်များစွာ တောင်းဆိုလေပြီ။
၅ ရှုလော့၊ ဤအမှုကြောင့်၊ ထို့အတူ သင့်ကို ငါပေးတော်မူလေသည့် ငါ၏နှုတ်ကပတ်တော်များကို ငါ၏ပညတ်တော်များအတိုင်း ဟောပြောခြင်းကြောင့် သင်သည် မင်္ဂလာရှိ၏။
၆ ယခုမူကား၊ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သင့်အဖို့ အထိုက်တန်ဆုံးဖြစ်လိမ့်မည့်အရာမှာ၊ သင်သည် လူတို့ကို ငါ့ထံသို့ ဆောင်ယူနိုင်ပြီး၊ ငါ့ခမည်းတော်၏နိုင်ငံတော်၌ သူတို့နှင့်အတူ အနားယူနိုင်စေကြောင်း၊ ဤလူတို့အား နောင်တရခြင်းကို ဟောကြားစေခြင်းငှာဖြစ်လိမ့်မည်။ အာမင်။