အပိုဒ်ငယ် ၂၆
၁၈၃၀ ခု၊ ဇူလိုင်လ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်၊ အော်လီဗာကောင်ဒရီနှင့် ဂျွန်ဝှစ်တမာသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော် (အပိုဒ်ငယ် ၂၄ ၏ခေါင်းစဉ်တွင် ကြည့်ပါ)။
၁၊ သူတို့သည် ကျမ်းစာများကို လေ့လာဖို့နှင့် ဟောပြောဖို့ သွန်သင်ခံရ၏။ ၂၊ အများသဘောတူဥပဒေကို အတည်ပြု၏။
၁ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့၏အချိန်ကို ကျမ်းစာများလေ့လာခြင်းအဖို့၊ ဟောပြောခြင်းအဖို့၊ ထို့အတူ ကိုးလ်စဗီလ်၌ အသင်းတော်ကို အတည်ပြုခြင်းအဖို့၊ ထို့အတူ မြေပေါ်မှာ လိုအပ်သည့် အလုပ်မှန်သမျှကို ဆောင်ရွက်ခြင်းအဖို့၊ လာမည့်ညီလာခံကို ကျင်းပရန် အနောက်အရပ်သို့ သင်တို့မသွားမီအထိ ဆက်ကပ်ကြလော့။ ထို့နောက်တွင်၊ သင်တို့ပြုရမည့်အရာကို ဖော်ပြတော်မူမည်။
၂ ခပ်သိမ်းသောအရာတို့သည် အသင်းတော်၌ အများသဘောတူခြင်းအားဖြင့်၊ များစွာသောဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် ပြီးမြောက်လိမ့်မည်။ အကြောင်းမူကား၊ ခပ်သိမ်းသောအရာတို့ကို သင်တို့သည် ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိလိမ့်မည်။ အာမင်။