ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၁


အပိုဒ်ငယ် ၃၁

၁၈၃၀ ခု၊ စက်တင်ဘာလတွင် ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် သောမတ်စ်​ဘီ​မာ့ရှ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ထိုအချိန်မှာ အသင်းတော်၏​ညီလာခံ​ပြီးလျှင်ပြီးချင်း၌ ဖြစ်လေ၏ (အပိုဒ်ငယ် ၃၀ ၏​ခေါင်းစဉ်တွင် ကြည့်ပါ)။ သောမတ်စ်​ဘီ​မာ့ရှ်သည် ထိုလ​အစောပိုင်းက ဗတ္တိဇံခံထားလျက်၊ ဤဗျာဒိတ်တော် မပေးမီတွင် အသင်းတော်၌ အသင်း​လူကြီး​တစ်ဦး​အဖြစ် ခန့်ထားခံရ၏။

၁–၆၊ သောမတ်စ်​ဘီ​မာ့ရှ်သည် ဧဝံဂေလိ​တရားတော်ကို ဟောပြောဖို့ ခေါ်သွင်းခံရပြီး၊ သူ့မိသားစု၏​လူမှုဖူလုံရေးကို စိတ်ချစေ၏။ ၇–၁၃၊ သူသည် သည်းခံဖို့၊ အစဉ်​အမြဲ​ဆုတောင်းဖို့၊ ထို့အတူ၊ နှစ်သိမ့်စေသောသူ​နောက်သို့​လိုက်ဖို့ အကြံပေး​ခံရ၏။

သောမတ်စ်၊ ငါ့သား၊ သင်သည် ငါ၏​အမှုတော်ကို သင်၏​ယုံကြည်ခြင်းကြောင့် မင်္ဂလာ​ရှိ၏။

ရှုလော့၊ သင်သည် သင့်မိသားစုကြောင့်၊ ဆင်းရဲဒုက္ခ​များစွာ​ရှိလေပြီ။ သို့သော်လည်း၊ ငါသည် သင်နှင့် သင့်မိသားစု၊ အထူးသဖြင့်၊ သင်၏​ကလေးသူငယ်တို့ကို ကောင်းချီးပေးတော်မူမည်။ သူတို့​ယုံကြည်၍၊ သမ္မာတရားကို သိလျက်၊ ငါ၏​အသင်းတော်၌ သင်နှင့် တစ်လုံး​တစ်ဝတည်း​ဖြစ်မည့်​နေ့သည် ကျရောက်​လာ၏။

စိတ်နှလုံး​ရွှင်လန်း​အားရလျက် ရွှင်လန်း​ဝမ်းမြောက်လော့။ အကြောင်းမူကား၊ သင်၏​သာသနာပြု​အချိန်​နာရီသည် ကျရောက်​လာ၏။ သင်၏​လျှာကို လွတ်စေ​လိမ့်မည်။ သင်သည် ကြီးစွာသော​ဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာ​သတင်းကို ဤမျိုးဆက်အား ဟောကြားရမည်။

ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်သို့ ဖော်ပြထား​ပြီးလေသော​အရာတို့ကို သင်ဟောပြော​ရမည်။ သင်သည် ယခု​အချိန်မှ​စ၍ဟောပြုဖို့၊ ထိုမှတစ်ပါး၊ လောင်မြိုက်ဖို့ အဆင်သင့်ဝင်းလျက်​ရှိနှင့်လေသည့် လယ်ကွင်းထဲမှာ ရိတ်သိမ်းဖို့ အစပြုရမည်။

ထို့ကြောင့်၊ သင်၏​အလုံးစုံသော​စိတ်ဝိညာဉ်နှင့် သင်၏​တံစဉ်ကို ရမ်းလော့။ သင်၏​အပြစ်များကို ခွင့်လွှတ်၏။ သင်၏​ကျောပေါ်မှာ ကောက်လှိုင်းများကို ထမ်းရွက်ရ​လိမ့်မည်။ အကြောင်းမူကား၊ အလုပ်​လုပ်သောသူသည် အခကို ခံထိုက်ပေ၏။ သို့ဖြစ်၍၊ သင်၏​မိသားစုသည် အသက်ရှင်ရ​လိမ့်မည်။

ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သူတို့ထံမှ ခဏသာ​သွားလော့။ ငါ၏​နှုတ်ကပတ်တော်ကို ဟောကြားလော့။ သူတို့အတွက် နေစရာ​အရပ်ကို ပြင်ဆင်တော်မူမည်။

ထိုမှတစ်ပါး၊ ငါသည် လူတို့၏​စိတ်နှလုံးကို ဖွင့်တော်မူမည်။ သူတို့သည်လည်း သင့်ကို လက်ခံ​လိမ့်မည်။ ငါသည် သင်၏​လက်​အားဖြင့် အသင်းတော်ကို တည်ထောင်တော်မူမည်။

သင်သည် သူတို့ကို ခွန်အား​ဖြည့်ပေး၍၊ သူတို့​စုဝေးမည့်​အချိန်​အတွက် ပြင်ဆင်​ရမည်။

ဆင်းရဲ​ဒုက္ခများ၌ သည်းခံလော့၊ ကဲ့ရဲ့​ပြောဆိုသော​သူများကို ဆန့်ကျင်၍​ကဲ့ရဲ့​ပြောဆိုခြင်း မပြုနှင့်။ သင်၏​အိမ်ကို သိမ်မွေ့​အောက်ကျို့ခြင်းဖြင့် အုပ်ချုပ်လော့။ မြဲမြံခြင်း​ရှိလော့။

၁၀ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သင်သည် အသင်းတော်​အတွက် ဆေးသမား​ဖြစ်ရ​လိမ့်မည်။ သို့ရာတွင်၊ လောက​အတွက်​မဟုတ်။ အကြောင်းမူကား၊ သူတို့သည် သင့်ကို လက်ခံကြ​လိမ့်မည်​မဟုတ်။

၁၁ ငါအလို​ရှိတော်မူသည့်​အရပ်​မှန်သမျှသို့ ကိုယ့်လမ်းကို သွားလော့။ အဘယ်​အရာကို သင်ပြုရမည်ကို​လည်းကောင်း၊ အဘယ်​အရပ်သို့ သင်သွားရမည်ကို လည်းကောင်း နှစ်သိမ့်စေသော​သူအားဖြင့် သင့်ကို ဖော်ပြတော်မူ​လိမ့်မည်။

၁၂ သင်သည် သွေးဆောင်​ဖြားယောင်းခြင်း​ထဲသို့ မဝင်ရ​စေခြင်းငှာ​လည်းကောင်း၊ သင်၏​အကျိုးကျေးဇူးကို မဆုံးရှုံးရ​စေခြင်းငှာ​လည်းကောင်း အစဉ်​အမြဲ​ဆုတောင်းလော့။

၁၃ အဆုံး​တိုင်အောင် သစ္စာရှိလော့၊ ကြည့်ဦးလော့၊ ငါသည် သင်နှင့်အတူ ရှိတော်မူ၏။ ဤစကားများသည် လူသားထံမှ​မဟုတ်၊ လူသားတို့​ထံမှလည်း​မဟုတ်၊ သို့ရာတွင် ခမည်းတော်၏​အလိုတော်​အားဖြင့် ယေရှု​ခရစ်တော်​တည်းဟူသော သင်၏​ရွေးနုတ်ရှင်၊ ငါ့ထံမှ ဖြစ်၏။ အာမင်။