ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၃၇


အပိုဒ်ငယ် ၃၇

၁၈၃၀ ခု၊ ဒီဇင်ဘာလ၊ ဖရေးတီး၊ နယူး​ယောက်​အနီး၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်သို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ ဤသာသနာ၌​စုဝေးခြင်းနှင့်​စပ်လျဉ်း၍ ပထမ​ပညတ်တော်ကို ဤနေရာမှာ ပေးထား၏။

၁–၄၊ သန့်ရှင်းသူများသည် အိုဟိုင်းရို၌ စုဝေးကြစေဖို့ ခေါ်သွင်း​ခံကြရ၏။

ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် အိုဟိုင်းရိုသို့​မသွားမီ၊ ဘာသာမပြန်ရ၊ ငါ့အဖို့​အရေး​မကြီး။ ဤအရာမှာ၊ သင်တို့၏​ရန်သူများကြောင့်၊ သင်တို့​အတွက်​ပေတည်း။

ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ထိုအရပ်များ၌ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဟောပြော​မပြီးမီ၊ အသင်းတော်ရှိရာ​အရပ်​မှန်သမျှ၌၊ အထူးသဖြင့် ကိုးလ်စဗီလ်၌ အသင်းတော်ကို ခွန်အား​ဖြည့်မပြီးမီ မသွားရ။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် ငါ့ထံသို့ များစွာသော​ယုံကြည်ခြင်းဖြင့် ဆုတောင်းကြ၏။

ထိုမှတစ်ဖန်၊ ပညတ်တော်​တစ်ခုကို အသင်းတော်သို့ ငါပေး၏။ ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီ သူတို့ထံ​ပြန်လာသည့်​အချိန်​အတွက် အိုဟိုင်းရို၌ သူတို့​အတူတကွ စည်းဝေးရ​မည်မှာ ငါ့အဖို့​အရေးကြီး၏။

ရှုလော့၊ ဤအရာ၌ ဉာဏ်ပညာ​ရှိ၏။ ငါကြွလာတော်မူသည့်​တိုင်အောင် လူတိုင်း ကိုယ်တိုင်​ရွေးချယ်​စေကြလော့။ ထိုကဲ့သို့​ပင်တည်း။ အာမင်။