ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၄၀


အပိုဒ်ငယ် ၄၀

၁၈၃၁ ခု၊ ဇန္နဝါရီလ ၆ ရက်၊ ဖရေးတီး​နယူး​ယောက်၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ “ဂျိမ်းစ်​ကိုဗယ်သည် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို ငြင်းပယ်ပြီး သူ၏​ယခင်ကျင့်ဝတ်​စည်းကမ်းများနှင့် လူများဆီ​ပြန်သွားသောကြောင့်၊ ကိုယ်တော်ရှင်က ကျွန်ုပ်နှင့် ဆစ်ဒနီ​ရစ်ဂဒွန်သို့ အောက်ပါ​ဗျာဒိတ်တော်ကို ပေးတော်မူခဲ့၏” (အပိုဒ်ငယ် ၃၉ တွင်ကြည့်ပါ)ဟု ဤဗျာဒိတ်တော်​မှတ်တမ်းရှေ့တွင်၊ ပရောဖက်၏​သမိုင်းက ဖော်ပြ၏။

၁–၃၊ ညှဉ်းဆဲခြင်းနှင့် လောကီ​စိုးရိမ်မှုများကို ကြောက်ရွံ့ခြင်းက ဧဝံဂေလိ​တရားတော်အား ငြင်းပယ်ခြင်းကို ဖြစ်စေ၏။

ရှုလော့၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ဂျိမ်းစ်​ကိုဗယ်၏​စိတ်နှလုံးသည် ငါ့ရှေ့၌ ဖြောင့်မတ်​လေ၏၊ အကြောင်းမူကား၊ သူသည် ငါ၏​နှုတ်ကပတ်တော်ကို နာခံမည့်​အကြောင်း ငါနှင့် ပဋိညာဉ်​ပြုခဲ့၏။

သူသည် နှုတ်ကပတ်တော်ကို ဝမ်းသာခြင်းနှင့် လက်ခံ​ခဲ့၏။ သို့ရာတွင်၊ စာတန်သည် သူ့ကို ချက်ချင်း သွေးဆောင်​ဖြားယောင်း၏။ ညှဉ်းဆဲခြင်းနှင့် လောကီစိုးရိမ်မှုများကို ကြောက်ရွံ့ခြင်းက သူ့အား ဧဝံဂေလိ​တရားတော်ကို ငြင်းပယ်စေ၏။

သို့ဖြစ်၍၊ သူသည် ငါ၏​ပဋိညာဉ်ကို ချိုးဖောက်၏။ သူနှင့်​စပ်လျဉ်း၍၊ စီရင်ရန် ငါကောင်းမြတ်သည်ဟု မှတ်ယူသည့်အတိုင်း ငါ့၌​ဆက်၍​ရှိတော်မူ၏။ အာမင်။