အပိုဒ်ငယ် ၄
၁၈၂၉ ခု၊ ဖေဖော်ဝါရီလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ သူ့အဘ၊ ဂျိုးဇက်စမစ်အကြီးသို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။
၁–၄၊ ရဲရင့်သော အစေခံခြင်းက ကိုယ်တော်ရှင်၏အမှုတော်ဆောင်များကို ကယ်တင်၏။ ၅–၆၊ ဘုရင်သခင်၏အလိုတော်နှင့်ညီသောဂုဏ်ရည်များက သူတို့အား အမှုတော်ဆောင်ခြင်းတွင် အရည်အချင်းပြည့်မီစေ၏။ ၇၊ ဘုရားသခင်၏အမှုတော်များကို ရှာဖွေကြရမည်။
၁ ယခုတွင်၊ ရှုလော့၊ အံ့ဩဖွယ်ကောင်းသောအမှုသည် လူသားတို့၌ ရောက်လာလုနီးပေပြီ။
၂ ထို့ကြောင့်၊ အို ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်း၌ စတင်ဆောင်ရွက်သူ အသင်တို့၊ သင်တို့သည် နောက်ဆုံးသောနေ့၌၊ ဘုရားသခင်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရပ်နိုင်ကြစေခြင်းငှာ သင်တို့၏စိတ်နှလုံး၊ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် သူ့ကို အမှုတော်ထမ်းဆောင်ရမည့်အကြောင်း ဂရုပြုကြလော့။
၃ ထို့ကြောင့်၊ သင်တို့သည် ဘုရားသခင်အား အမှုတော်ထမ်းဆောင်ဖို့ အလိုဆန္ဒများရှိကြလျှင်၊ အမှုတော်သို့ ခေါ်သွင်းခံကြရ၏။
၄ အကြောင်းမူကား၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်ရှိနှင့်လေပြီ။ ကြည့်ဦးလော့၊ မိမိတံစဉ်ကို မိမိအစွမ်းသတ္တိဖြင့်ရမ်းသောသူသည် သိုလှောင်သဖြင့် ပျက်စီးခြင်းမရှိဘဲ၊ မိမိစိတ်ဝိညာဉ်သို့ ကယ်တင်ခြင်းကို ဆောင်ယူ၏။
၅ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ မေတ္တာနှင့် ချစ်ခြင်း၊ ဘုရားသခင်၏ဘုန်းတော်ထင်ရှားဖို့ကိုသာ မျက်စိစူးစိုက်မှုရှိသူသည် အမှုတော်အတွက် အရည်အချင်းပြည့်မီစေ၏။
၆ ယုံကြည်ခြင်း၊ ကိုယ်ကျင့်သီလ၊ အသိပညာ၊ ဣန္ဒြေစောင့်ခြင်း၊ သည်းခံခြင်း၊ ညီအစ်ကိုရင်းကဲ့သို့ ကြင်နာခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ မေတ္တာ၊ နှိမ့်ချခြင်း၊ လုံ့လဝီရိယတို့ ရှိစေဖို့ သတိရကြလော့။
၇ တောင်းကြလော့၊ သင်တို့ရကြလိမ့်မည်။ ခေါက်ကြလော့၊ သင့်တို့အား ဖွင့်ပေးလိမ့်မည်။ အာမင်။