ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၀


အပိုဒ်ငယ် ၇၀

၁၈၃၁ ခု၊ နိုဝင်ဘာ ၁၂ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ အထူး​ညီလာခံများကို နိုဝင်ဘာ ၁ မှ ၁၂ အထိ၊ အစနှင့်​အဆုံးရက်များပါ ကျင်းပခဲ့၏ဟု ပရောဖက်၏​သမိုင်းက ဖော်ပြ၏။ နောက်ပိုင်း၌ ပညတ်တော်များကျမ်း၊ ထို့နောက်တွင် ဩဝါဒနှင့်​ပဋိညာဉ်များ အဖြစ် ပုံနှိပ်​ထုတ်ဝေမည့် ကြီးစွာ​အရေးကြီးသည့် ဗျာဒိတ်တော်များကို ဤ​အစည်းအဝေးများ၏ နောက်ဆုံးတွင် ဆင်ခြင်​ခဲ့ကြ၏။ ဗျာဒိတ်တော်များသည် “အသင်းတော်​အဖို့ မြေကြီး​တစ်ခုလုံး၏ စည်းစိမ်​တမျှ​ထိုက်တန်၏”ဟု ညီလာခံ၌ ဆန္ဒမဲ​ပေးကြ​ပြီးနောက် ဤ​ဗျာဒိတ်တော်များကို ပေး​တော်မူ​ခဲ့၏။ “ကျွန်ုပ်တို့​ကယ်တင်ရှင်၏ နိုင်ငံတော်​နက်နဲခြင်း​သော့များကို လူသားသို့ တစ်ဖန် ယုံကြည်​လွှဲအပ်သည်ကို ပြသည့် ဤ​နောက်ဆုံးသော​ကာလ၌ အသင်းတော်၏​အုတ်မြစ်၊ ထို့အတူ လောက၏ အကျိုး”အဖြစ် ဂျိုးဇက်​စမစ်၏​သမိုင်းက ရည်ညွှန်း၏။

၁–၅၊ ဗျာဒိတ်တော်များကို ပုံနှိပ်ဖို့ တာဝန်ခံများကို ခန့်အပ်၏။ ၆–၁၃၊ ဝိညာဉ်​ပကတိ​အမှုများ၌ အလုပ်​လုပ်သော​သူတို့သည် မိမိတို့​အခကို ခံထိုက်​ပေ၏။ ၁၄–၁၈၊ သန့်ရှင်းသူတို့သည် ဇာတိ​ပကတိ​အရာတို့၌ ညီမျှကြ​ရမည်။

ရှုလော့၊ စေ့စေ့နားထောင်​ဦးလော့၊ အို ဇိအုန်၌ နေထိုင်​ကြသူ သင်တို့၊ ထို့အတူ အဝေးမှာ​ရှိကြ​သူများ​တည်းဟူသော ငါ့အသင်းတော်မှ အသင်​လူမျိုးတို့၊ ငါ့ကျွန် ဂျိုးဇက်​စမစ်​အငယ်​ထံသို့​လည်းကောင်း၊ ငါ့ကျွန်​မာတင်​ဟဲရစ်​ထံသို့​လည်းကောင်း၊ ငါ့ကျွန်​အော်လီဗာ​ကောင်ဒရီ​ထံသို့​လည်းကောင်း၊ ငါ့ကျွန်​ဂျွန်​ဝှစ်တမာ​ထံသို့​လည်းကောင်း၊ ငါ့ကျွန်​ဆစ်ဒနီ​ရစ်ဂဒွန်​ထံသို့​လည်းကောင်း၊ ငါ့ကျွန်​ဝီလျံ​ဒဗလျူ​ဖဲလပ်​ထံသို့​လည်းကောင်း ပညတ်တော်​အတိုင်း သူတို့ကို​ပေးသည့် ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို ကြားနာ​ကြလော့။

အကြောင်း​မူကား၊ ပညတ်တော်ကို သူတို့အား ငါပေး၏။ သို့ဖြစ်၍ စေ့စေ့နားထောင်၍ ကြားနာ​ကြလော့၊ သူတို့ကို ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား—

ငါ၊ ကိုယ်တော်ရှင်သည်၊ သူတို့ကို ခန့်အပ်​လေပြီ၊ သူတို့ကို ငါ​ပေး​တော်မူ​လေသည့်၊ ထို့အတူ နောင်​ကာလ​၌လည်း သူတို့ကို ငါ​ပေး​တော်မူမည့် ဗျာဒိတ်တော်များနှင့် ပညတ်တော်များ​အပေါ် တာဝန်ခံများ​အဖြစ် ခန့်ထား​လေပြီ။

တရား​စီရင်​တော်မူရာ​နေ့၌ ဤ​တာဝန်ခံ​အရာ​အကြောင်း​မှတ်တမ်းကို သူတို့​ထံမှ ငါ​တောင်းမည်။

သို့ဖြစ်၍၊ သူတို့ကို ငါ​ခန့်အပ်ထား​လေပြီ၊ ထို​ပညတ်တော်များနှင့် ဗျာဒိတ်တော်များ၊ ၎င်တို့၏ အမှု​ကိစ္စများ၊ ထိုမှ​တစ်ပါး၊ ၎င်းတို့၏​အကျိုးများကို စီမံဖို့မှာ ဘုရားသခင်၏​အသင်းတော်၌ သူတို့၏​အမှု​အရေး​ဖြစ်၏။

သို့ဖြစ်၍၊ ပညတ်တော်ကို သူတို့အား ငါပေး၏၊ သူတို့သည် ဤ​အရာတို့ကို အသင်းတော်သို့ မပေးရ၊ လောကသို့လည်း မပေးရ။

သို့သော်လည်း၊ သူတို့သည် မိမိတို့​လိုအပ်သည့် မိမိတို့၏​မရှိမဖြစ်​လိုအပ်ချက်များနှင့် မိမိတို့၏​လိုအပ်ချက်များ​အတွက်ထက် ပို၍​လက်ခံ​ရရှိ​သမျှကို ငါ၏​ဘဏ္ဍာတိုက်​ထဲသို့​ပေးအပ်​ရမည်။

အကျိုး​အမြတ်တို့ကို ဇိအုန်၌ နေထိုင်​ကြသူတို့​အဖို့၊ ထို့အတူ သူတို့၏​မျိုးဆက်တို့ နိုင်ငံတော်​ဥပဒေများ​အတိုင်း အမွေခံသော​သူများ​ဖြစ်လာ​ကြသမျှ သူတို့​အဖို့ သီးသန့်ထား​လိမ့်မည်။

ရှုလော့၊ ဤ​အရာသည်ကား လူတိုင်း​ထံမှ ထိုသူ၏​တာဝန်ခံ​အရာ၌ ကိုယ်တော်ရှင်၊ ငါ၊ ကိုယ်တော်ရှင် ခန့်အပ်​လေသည့် သို့မဟုတ် နောင်​ကာလ၌ အဘယ်သူ့ကို​မဆို ခန့်အပ်မည့်​အတိုင်းပင် အလိုရှိသည့် အရာ​ဖြစ်၏။

၁၀ ရှုဦးလော့၊ အသက်ရှင်​တော်မူသော ဘုရားသခင်၏​အသင်းတော်နှင့် ဆိုင်သောသူ အဘယ်သူမျှ ဤဥပဒေမှ လွတ်ငြိမ်းခွင့်​မရ။

၁၁ အထူး​သဖြင့်၊ သင်းအုပ်သည်လည်း မရ၊ ကိုယ်တော်ရှင်၏​ဘဏ္ဍာတိုက်ကို ထိန်းသိမ်းသူ ကိုယ်စားလှယ်သည်လည်း မရ၊ ဇာတိပကတိ​အရာတို့အပေါ် တာဝန်ခံ​အရာ၌ ခန့်အပ်​ခံရသူသည်လည်း မရ။

၁၂ ဝိညာဉ်​ပကတိ​အရာတို့၌ စီမံ​ဆောင်ရွက်ဖို့ ခန့်အပ်​ခံရသူသည် ဇာတိ​ကပတိ​အရာတို့၌ စီမံ​ဆောင်ရွက်ဖို့ တာဝန်ခံ​အရာသို့ ခန့်အပ်​ခံရသူတို့​ကဲ့သို့ပင် မိမိ​အခကို ခံထိုက်၏။

၁၃ အမှန်​စင်စစ်၊ သာ၍​မြောက်မြားစွာပင် ခံထိုက်၏၊ သူတို့​အဖို့ ထို​မြောက်မြားစွာသော​အရာတို့ကို ဝိညာဉ်တော်၏ ထင်ရှားစွာ​ပြတော်မူခြင်း​အားဖြင့်ပင် ပွားများ​စေ၏။

၁၄ သို့သော်လည်း၊ သင်တို့၏​ဇာတိ​ပကတိ​အရာတို့၌ သင်တို့ ညီမျှ​ကြရမည်၊ ဤအမှုကို နှမြောသောစိတ်နှင့် မပြုရ၊ သို့မဟုတ်လျှင် ဝိညာဉ်တော်၏ ထင်ရှားစွာ​ပြတော်မူခြင်း မြောက်မြားစွာတို့ကို ရုပ်သိမ်း​လိမ့်မည်။

၁၅ ယခုတွင်၊ ငါ၏​ကျွန်များ ဆက်၍​ရှိနေ​စဉ်မှာ သူတို့​အကျိုး​အတွက်၊ သူတို့​ဦးခေါင်းပေါ်၌ ငါ၏​ကောင်းချီး​မင်္ဂလာများ ထင်ရှားစွာ​ပြခြင်း​အတွက်၊ ထို့အတူ သူတို့၏​လုံ့လ​ဝီရိယ​အတွက်၊ ထို့အတူ သူတို့၏​လုံခြုံမှု​အတွက် ဤ​ပညတ်တော်ကို ငါ့ကျွန်တို့အား ငါ​ပေး၏။

၁၆ စားစရာ​အတွက်နှင့် အဝတ်​အတွက်၊ နေထိုင်​စရာ​အတွက်၊ အိမ်များနှင့် မြေများ​အတွက်​ဖြစ်၏၊ အဘယ်​အခြေ​အနေ၌​ဖြစ်စေ၊ ငါ၊ ကိုယ်တော်ရှင်သည်၊ သူတို့ကို ထား​တော်မူမည်၊ အဘယ်​အရပ်ကို ဖြစ်စေ ငါ၊ ကိုယ်တော်ရှင်သည် သူတို့ကို လွှတ်​တော်မူမည်။

၁၇ အကြောင်းမူကား၊ သူတို့သည် များစွာသော​အရာတို့​အပေါ် သစ္စာ​ရှိကြ​လေပြီ၊ သူတို့သည် အပြစ်​မပြုကြ​လေသမျှ ကောင်းစွာ​ပြုကြ​လေပြီ။

၁၈ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည် ကရုဏာကြီး​တော်မူပြီး သူတို့ကို ကောင်းချီး​ပေး​တော်မူမည်၊ သူတို့သည်လည်း ဤ​အရာတို့၏​ဝမ်းမြောက်ခြင်း​ထဲသို့ ဝင်ရ​လိမ့်မည်။ ထိုကဲ့သို့​ပင်တည်း။ အာမင်။