အပိုဒ်ငယ် ၇၃
၁၈၃၂ ခု၊ ဇန္နဝါရီ ၁၀ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂဒွန်သို့ ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ရှေ့လဒီဇင်ဘာအစောပိုင်းကတည်းက၊ ပရောဖက်နှင့် ဆစ်ဒနီရစ်ဂဒွန်တို့သည် ဟောပြောခြင်း၌ အလုပ်များနေခဲ့ကြ၏၊ အသင်းတော်ကို ဆန့်ကျင်၍ တိုးပွားခဲ့သည့် မလိုလားသော ခံစားချက်များလျော့ပါးစေခြင်း၌ ဤကဲ့သို့အားဖြင့်၊ များစွာပြီးမြောက်စေခဲ့၏။ (အပိုဒ်ငယ် ၇၁ ၏ ခေါင်းစဉ်တွင် ကြည့်ပါ)။
၁–၂၊ အသင်းလူကြီးတို့သည် ဆက်၍ ဟောပြောရမည်။ ၃–၆၊ ဂျိုးဇက်စမစ်နှင့် ဆစ်ဒနီရစ်ဂဒွန်တို့သည် သမ္မာကျမ်းကို ပြီးဆုံးသည်အထိ ဆက်၍ ဘာသာပြန်ကြရမည်။
၁ အကြောင်းမူကား၊ ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်မှာ၊ သူတို့သည် ညီလာခံရောက်သည်အထိ၊ ဧဝံဂေလိတရားတော်ကို ဟောပြောခြင်း၊ ထို့အတူ ပတ်ဝန်းကျင်ဒေသတို့တွင် အသင်းတော်ကို တိုက်တွန်းခြင်းတို့၌ ဆက်၍ရှိနေရမည်မှာ ငါ့အဖို့သင့်လျော်၏။
၂ ထို့နောက်တွင်၊ ရှုလော့၊ သူတို့၏ အသီးသီးသော သာသနာပြုခြင်းများကို ညီလာခံ၏ မဲဆန္ဒ အားဖြင့် ဖော်ပြလိမ့်မည်။
၃ ယခုတွင်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ့ကျွန်များဖြစ်သည့် ဂျိုးဇက်စမစ်အငယ်နှင့် ဆစ်ဒနီရစ်ဂဒွန်တို့၊ ကိုယ်တော်ရှင်မိန့်တော်မူသည်မှာ၊ လိုအပ်သည်ကား၊ တစ်ဖန်ဘာသာပြန်ဖို့၊
၄ ထို့အတူ၊ လက်တွေ့ဖြစ်နိုင်သမျှ၊ ညီလာခံရောက်သည်အထိ ပတ်ဝန်းကျင်ဒေသတို့၌ ဟောပြောဖို့ ဖြစ်၏။ ထို့နောက်တွင်၊ ဘာသာပြန်ခြင်းအမှုကို ပြီးဆုံးသည်အထိ ဆက်၍ပြုဖို့ လိုအပ်၏။
၅ ဤအရာကိုလည်း ရေးထားလေသည့်အတိုင်းပင်၊ နောက်ထပ်သတင်းရသည်အထိ၊ အသင်းလူကြီးတို့အဖို့ ပုံစံတစ်ခုဖြစ်စေလော့။
၆ ယခုတွင် ငါသည် ဤအချိန်၌ သင်တို့ကို မပေးတော့။ သင်တို့၏ခါးကို စည်း၍ သမ္မာသတိရှိကြလော့။ ထိုကဲ့သို့ပင်တည်း။ အာမင်။