ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၇၉


အပိုဒ်ငယ် ၇၉

၁၈၃၂ ခု၊ မတ် ၁၂ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။

၁–၄၊ ယာရက်ကာတာသည် ဧဝံဂေလိ​တရားတော်ကို ဟောပြောစေရန် နှစ်သိမ့်ရှင်​အားဖြင့် ခေါ်သွင်း​ခံရ၏။

သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ့ကျွန်​ယာရက်ကာတာ အရှေ့ပိုင်း​တိုင်းပြည်များ​ထဲသို့ ကြီးစွာသော ဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာ​သတင်း၊ ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ကို ကြေညာလျက်၊ မိမိ​ခန့်ထား​ခံရလေသည့် ခန့်ထားခြင်း​တန်ခိုးအားဖြင့်၊ တစ်နေရာမှ တစ်နေရာသို့၊ ထို့အတူ​မြို့တစ်မြို့မှ​တစ်မြို့သို့ တစ်ဖန်​သွားရမည်မှာ ငါ၏​အလိုတော်​ဖြစ်၏။

သူ့အား သမ္မာတရားကို​လည်းကောင်း၊ သူ​သွားရမည့်​လမ်းကို​လည်းကောင်း သွန်သင်မည့် နှစ်သိမ့်ရှင်ကိုလည်း သူ့ဆီ ငါ​စေလွှတ်​တော်မူမည်။

သူ​သစ္စာရှိသမျှ၊ ငါသည် သူ့ကို ကောက်လှိုင်းတို့ဖြင့် တစ်ဖန်​ချီးမြှင့်တော်မူမည်။

သို့ဖြစ်၍၊ သင်၏​စိတ်နှလုံးကို ဝမ်းသာ​စေလော့၊ ငါ့ကျွန်​ယာရက်ကာတာ၊ ကြောက်ခြင်း​မရှိနှင့်၊ သင်၏​ကိုယ်တော်ရှင်၊ ယေရှု​ခရစ်တော်ကပင် မိန့်တော်မူ​၏။ အာမင်။