ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၂


အပိုဒ်ငယ် ၉၂

၁၈၃၃ ခု၊ မတ်လ ၁၅ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ စည်းလုံးညီညာစီးပွားရေးလုပ်ငန်း (အပိုဒ်ငယ် ၇၈ နှင့် ၈၂ တို့၏ ခေါင်းစဉ်​များတွင် ကြည့်ပါ) ရှိ မိမိတာဝန်များ၌ ဂျိုးဇက်​စမစ်၏​တိုင်ပင်ဖက်​အဖြစ် မကြာသေးမီက ခန့်အပ်ထား​ခံရသူ ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံကို ထိုဗျာဒိတ်တော်က သွန်သင်၏။

၁–၂၊ ကိုယ်တော်ရှင်သည် စည်းလုံးညီညာ​အသင်းသို့ ဝင်ခွင့်ပြုခြင်းနှင့် စပ်လျဉ်းသည့် ပညတ်တော်ကို ပေး၏။

ကိုယ်တော်ရှင် အမှန်​မိန့်တော်မူ​သည်ကား၊ ယခင်​ပေးထားသည့် ပညတ်တော်အတိုင်း ဖွဲ့စည်း​ထားသည့် စည်းလုံးညီညာ​အသင်းသို့ ငါ့ကျွန်​ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံနှင့် စပ်လျဉ်းသည့် ဗျာဒိတ်တော်နှင့် ပညတ်တော်ကို ငါပေး၏၊ သင်တို့သည် သူ့ကို ထိုအသင်း​ထဲသို့ လက်ခံ​ရမည်။ တစ်ယောက်သော​သူအား ငါ​ဆိုသည့်​အရာကို ခပ်သိမ်းသော​သူတို့အား ငါဆို၏။

ထိုမှ​တစ်ဖန်၊ သင့်ကို ငါ​ဆိုသည်ကား၊ ငါ့ကျွန်​ဖရက်ဒရစ်ခ်​ဂျီ​ဝီလျံ၊ သင်သည် ဤအသင်း၌ တက်ကြွသော​အသင်းသား ဖြစ်ရမည်။ သင်သည် ခပ်သိမ်းသော ယခင်​ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာ​ရှိသမျှ၊ ကာလ​အစဉ်​အဆက် ကောင်းချီး​ခံစားရ​လိမ့်မည်။ အာမင်။