ကျမ်းစာများ
အယ်လမာ ၅၁


အခန်းကြီး ၅၁

ဘုရင့်လူများသည် ဥပဒေကို​ပြောင်းလဲ၍၊ ရှင်ဘုရင်​တင်မြှောက်ရန် ကြိုးစား၏—ပါဟောရန်နှင့် လွတ်လပ်သူများသည် လူတို့၏​မဲဆန္ဒ​အားဖြင့် ထောက်ခံမှုကို ရရှိ၏—မော်ရော်နိုင်းသည် ဘုရင့်​လူများကို မိမိတို့​တိုင်းပြည်ကို ကာကွယ်စေရန် သို့မဟုတ် အသေ​သတ်​ခံရစေရန် အနိုင်​အထက်​စီရင်၏—အာမလိခိယနှင့် လာမန်​အမျိုးသားတို့သည် အင်အား​ခိုင်မာသည့် မြို့များစွာကို သိမ်းယူကြ၏—တေအန်ကမ်သည် လာမန်​အမျိုးသားတို့၏​ကျူးကျော်ခြင်းကို ခုခံ​တိုက်ခိုက်၍ အာမလိခိယကို သူ၏​တဲထဲ၌ ကွပ်မျက်၏။ ဘီစီ ၆၇–၆၆ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်ငါး​နှစ်မြောက်​အစတွင်၊ သူတို့သည် လေဟိ​လူမျိုးနှင့် မော်ရန်တန်​လူမျိုးတို့​ကြား၌ သူတို့​ပြည်များနှင့်​စပ်လျဉ်း၍ ငြိမ်းချမ်းခြင်းကို ထူထောင်လျက်၊ နှစ်ဆယ်ငါး​နှစ်မြောက်ကို ငြိမ်းချမ်းခြင်းဖြင့်​စတင်၏။

သို့သော်လည်း၊ သူတို့သည် ထိုပြည်၌ အလုံးစုံသော​ငြိမ်းချမ်းခြင်းကို ကြာရှည်စွာ မထိန်းသိမ်းပေ။ အကြောင်းမူကား၊ တရား​သူကြီးချုပ်​ပါဟောရန်နှင့်​စပ်လျဉ်း၍၊ ထိုလူတို့​ကြား၌ ငြင်းခုံခြင်း အစ​ပြု၏။ ရှုလော့၊ ဥပဒေ၏​အချို့သော​အချက်များကို ပြောင်းလဲ​လိုသူ တစ်ချို့ ရှိ၏။

သို့ရာတွင်၊ ရှုလော့၊ ပါဟောရန်သည် ဥပဒေကို မပြောင်းလဲလို၊ ပြောင်းလဲရန်လည်း အခွင့်​မပေးလို။ ထို့ကြောင့်၊ ဥပဒေကို ပြောင်းလဲခြင်းနှင့်​စပ်လျဉ်း၍ အသနား​ခံခြင်းတို့နှင့်​အတူ၊ မဲဆန္ဒ​အားဖြင့် ဖော်ပြသော​သူတို့ကို စေ့စေ့နားမထောင်ချေ။

ထို့ကြောင့်၊ ဥပဒေကို ပြောင်းလဲစေရန် အလို​ရှိသော​သူတို့သည် သူ့ကို အမျက်​ထွက်ပြီး၊ ထိုပြည်​အပေါ် တရား​သူကြီးချုပ် ဖြစ်စေရန် အလို​မရှိကြတော့။ ထို့ကြောင့်​သူတို့၌ ထိုအမှုနှင့်​စပ်လျဉ်း၍ အမျက်​ပါသော​ငြင်းခုံခြင်း ဖြစ်​ပေါ်လာ၏။ သို့ရာတွင်၊ အသွေး​သွန်းလောင်းခြင်းသို့ မရောက်။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ပါဟောရန်ကို တရား​ပလ္လင်မှ ဖယ်ရှားစေရန် အလို​ရှိသော​သူများကို ဘုရင့်​လူများဟု ခေါ်၏။ အကြောင်းမူကား၊ သူတို့သည် လွတ်လပ်သော​အစိုး​ရကို ဖျက်ဆီးခြင်းနည်း အားဖြင့် ဥပဒေကို ပြောင်းလဲ​စေရန်နှင့် ထိုပြည်​အပေါ်၌ ဘုရင်​တစ်ပါးကို တင်မြှောက်ရန် အလို​ရှိလေ၏။

ထိုပြည်​အပေါ်၌ ပါဟောရန်ကို တရား​သူကြီးချုပ်​အဖြစ် ဆက်၍​ရှိစေရန် အလို​ရှိသောသူများ​သည်လည်း မိမိတို့​အပေါ်၌ လွတ်လပ်​သူများဟူသော​အမည်ကို ခံယူ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့၌ ကွဲပြားခြင်း ရှိလေ၏။ အကြောင်းမူကား၊ လွတ်လပ်​သူများသည် သူတို့၏​အခွင့်အရေးများနှင့် သူတို့​ဘာသာတရား၏အထူး​အခွင့်​အရေးများကို လွတ်လပ်သော​အစိုးရ​အားဖြင့် ထိန်းသိမ်းမည်ဟု ကျိန်ဆိုကြ၏၊ သို့မဟုတ်၊ ပဋိညာဉ်​ပြုကြလေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤအမှုအကြောင်း သူတို့၏​ငြင်းခုံခြင်းကို လူတို့၏​မဲဆန္ဒအားဖြင့် ဖြေရှင်း၏။ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့၏​မဲဆန္ဒမှာ လွတ်လပ်သူများကို နှစ်သက်၍၊ တရား​ပလ္လင်ကို ပါဟောရန်ထိန်းသိမ်းထားခြင်းက ပါဟောရန်၏​ညီအစ်ကိုများ၊ ထို့အတူ၊ လွတ်လပ်ခြင်းကို မြတ်နိုးသည့် များစွာသော​လူများနှင့် ဘုရင့်​လူများကို တိတ်ဆိတ်​သွားစေသူတို့အား များစွာသော ရွှင်လန်း​ဝမ်းမြောက်ခြင်းကို ဖြစ်စေလျက်၊ ထိုသူတို့​သည်လည်း မဆန့်ကျင်ဝံ့ကြ၊ လွတ်လပ်ခွင့်​အမှုကို ထိန်းသိမ်းစေရန် အနိုင်​ပြုခြင်းသာခံရလေ၏။

ယခုတွင်၊ ဘုရင်တို့ကို နှစ်သက်လေ​သူတို့သည်ကား၊ မျိုးရိုးကြီးမြင့်သော​သူများ​ဖြစ်၍၊ ဘုရင်ဖြစ်ရန် ကြိုးစားအားထုတ်ကြ၏။ ထို့အတူ၊ လူတို့​အပေါ် တန်ခိုးနှင့် အခွင့်​အာဏာကို ရရှိရန်​ကြိုးစားအားထုတ်​သူများ၏ ထောက်ခံခြင်းကို သူတို့​ရရှိလေ၏။

သို့ရာတွင်၊ ရှုလော့၊ နီဖိုင်း​လူမျိုးတို့၌ ထိုကဲ့သို့သော​ငြင်းခုံခြင်းများ​ရှိရခြင်းကြောင့် ဤကာလမှာ၊ အလွန်​အရေးကြီးသော​အချိန်​ဖြစ်၏။ အကြောင်းမူကား၊ ရှုလော့၊ အာမလိခိယသည် နီဖိုင်း​လူမျိုးတို့ကို ဆန့်ကျင်၍၊ လာမန်​လူမျိုးတို့၏​စိတ်နှလုံးကို တစ်ဖန်​နှိုးဆော်လျက်၊ စစ်သူရဲတို့ကို မိမိပြည်၏​ခပ်သိမ်းသော​အရပ်တို့မှ အတူတကွ​စုဝေးလျက်၊ လက်နက်များ​ထောက်ပံ့၍၊စစ်တိုက်ခြင်း​အတွက် လုံ့လဝီရိယရှိသမျှနှင့် ပြင်ဆင်၏။ အကြောင်းမူကား၊ သူသည် မော်ရော်နိုင်း၏​အသွေးကို သောက်ရန် ကျိန်ဆို၏။

၁၀ သို့ရာတွင်၊ ရှုလော့၊ သူပြုလေသည့် ကတိသည် အလောတကြီး​ပြုသော​အရာ​ဖြစ်ကြောင်းကို ငါတို့ သိမြင်ကြလိမ့်မည်။ အဘယ်သို့ပင်​ဖြစ်စေ၊ သူသည် နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်၍ စစ်တိုက် ခြင်းငှာ သူ့ကိုယ်​သူနှင့် သူ့တပ်များကို ပြင်ဆင်၏။

၁၁ ယခုတွင်၊ နီဖိုင်း​အမျိုးသားတို့၏​လက်အားဖြင့်၊ ကွပ်မျက်​ခံရလေသည့် ထောင်ပေါင်း​များစွာသော​သူတို့ကြောင့်၊ သူ၏​တပ်များသည် ယခင်က ရှိလေသလောက် အလွန်​မကြီးမားချေ။ သို့ရာတွင်၊ သူတို့၏​ကြီးစွာသော ဆုံးရှုံးခြင်း​ရှိသော်ငြားလည်း၊ အာမလိခိယသည် အံ့မခန်း​ချီးမွမ်းဖွယ်​ကောင်းအောင်​ကြီးမားသော​တပ်ကို အတူတကွ​စုဝေးသဖြင့်၊ ဇရဟင်မလ​ပြည်သို့ ဆင်းလာရန် ကြောက်ရွံ့ခြင်း​မရှိ။

၁၂ ထိုမှတစ်ပါး၊ အာမလိခိယသည် သူကိုယ်တိုင် လာမန်​အမျိုးသားတို့၏ တပ်ဦးမှ​နေ၍၊ ဆင်းလာ၏။ ထိုအမှု​သည်ကား၊ တရား​သူကြီးများ​အုပ်စိုးခြင်း​နှစ်ဆယ်ငါး​နှစ်မြောက်၌ ဖြစ်လေ၏။ တရား​သူကြီးချုပ် ပါဟောရန်နှင့်​စပ်လျဉ်းသည့် အမှုများကို သူတို့​ဖြေရှင်းရန်​အစ​ပြုလေသည့် အချိန်လည်း​ဖြစ်၏။

၁၃ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဘုရင့်​လူများဟု​ခေါ်သူတို့သည် လာမန်​အမျိုးသားတို့ သူတို့ကို ဆန့်ကျင်၍​စစ်တိုက်ရန် ဆင်းလာ​နေကြောင်းကို ကြားလျှင်၊ စိတ်နှလုံး၌ ဝမ်းသာကြ၏။ လက်နက်စွဲ​ကိုင်ရန်လည်း ငြင်းပယ်ကြ၏။ အကြောင်းမူကား၊ သူတို့သည် တရား​သူကြီးချုပ်နှင့် လွတ်လပ်ခြင်းကို​မြတ်နိုးသော​လူတို့ကို အလွန်​အမျက်​ထွက်လေသဖြင့်၊ သူတို့​တိုင်းပြည်ကို ကာကွယ်ရန် လက်နက်​မစွဲကိုင်​လိုကြ။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် ဤအမှုကို​မြင်လျှင်၊ ထို့အတူ၊ လာမန်​အမျိုးသားတို့ ထိုပြည်၏​နယ်နိမိတ်ထဲသို့ ဝင်လာကြ​သည်ကိုလည်း​မြင်လျှင်၊ ကာကွယ်​စောင့်မခြင်းငှာ၊ အလွန်​များစွာသော​လုံ့လဝီရိယနှင့် သူအလုပ်လုပ်​ပေးသည့် ထိုလူတို့၏ ခေါင်းမာခြင်းကြောင့်၊ လွန်စွာ​အမျက်​ထွက်၏။ ထိုမှတစ်ပါး၊ လွန်စွာ​အမျက်​ထွက်၍၊ သူ၏​စိတ်ဝိညာဉ်သည် ထိုသူတို့​တစ်ဖက်၌ အမျက်နှင့်​ပြည့်လေ၏။

၁၅ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့၏​မဲဆန္ဒနှင့် အသနားခံခြင်းကို ထိုပြည်၏​အုပ်ချုပ်သူ ဖတ်ပါမည့်​အကြောင်းနှင့် သူ (မော်ရော်နိုင်း) အား၊ သူတို့​တိုင်းပြည်ကို ကာကွယ်ခြင်းငှာ၊ ထိုသဘော​ကွဲလွဲ​သူတို့ကို အနိုင်​အထက်​စီရင်ရန်၊ သို့မဟုတ်၊ သတ်ရန် အခွင့်​ပေးပါမည့်​အကြောင်း တောင်းဆိုလျက်​ပို့လွှတ်၏။

၁၆ အကြောင်းမူကား၊ ထိုအမှုမှာ လူတို့၌ ယင်းကဲ့သို့သော ရန်တွေ့ခြင်းများနှင့် ငြင်းခုံခြင်းများကို အဆုံး​သတ်ခြင်းငှာ၊ သူ၏​ပထမ​ဦးဆုံးသော ဂရုစိုက်ခြင်း​ဖြစ်၏။ အကြောင်းမူကား၊ ရှုလော့၊ ဤအမှုမှာ၊ ယခင်က သူတို့၏​အလုံးစုံသော​ပျက်စီးခြင်း၏ အကြောင်းရင်း ဖြစ်ဖူးလေပြီ။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့၏​မဲဆန္ဒ​အတိုင်း အခွင့်​ရလေ၏။

၁၇ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုဘုရင့်​လူများအား ဆန့်ကျင်​တိုက်ခိုက်လျက်၊ ထိုသူတို့၏​မာနတရားနှင့် မြင့်မြတ်ခြင်းကို ဖြိုချခြင်းငှာ၊ ထိုသူတို့ကို မြေကြီးသို့ ဆွဲချရန်၊ သို့မဟုတ်၊ ထိုသူတို့ လက်နက်​စွဲကိုင်၍ လွတ်လပ်ခြင်း​အမှုကို ထောက်​မစေရမည့်​အကြောင်း မော်ရော်နိုင်းသည် သူ့တပ်ကို အမိန့်​ပေး၏။

၁၈ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ တပ်များ​သည်လည်း သူတို့ကို ဆန့်ကျင်၍​ချီတက်ကြ၏။ သူတို့၏​မာန​တရားနှင့် မြင့်မြတ်ခြင်းကို ဖြိုချသဖြင့်၊ မော်ရော်နိုင်း၏​လူများကို ဆန့်ကျင်၍​တိုက်ခိုက်ရန်၊ စစ်တိုက်ရာ​လက်နက်များကို သူတို့​မြှောက်သော​အခါ ခုတ်ချ၍ မြေကြီးသို့ ဆွဲချ​ခံရလေ၏။

၁၉ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဓားဖြင့် ခုတ်ချ​ခံရလေသည့် သဘော​ကွဲလွဲသူ လေးထောင်​ရှိလေ၏။ တိုက်ပွဲ၌ ကွပ်မျက်​မခံရလေသူ၊ သူတို့၏​ခေါင်းဆောင်တို့​သည်လည်း ဖမ်းဆီး၍၊ ထောင်ထဲ၌​လှောင်ထားသည်ကို ခံရလေ၏။ အကြောင်းမူကား၊ ဤကာလ၌ သူတို့၏​အမှုများကို စစ်ဆေးရာ​အတွက် အချိန်​မရှိ။

၂၀ ထိုသဘော​ကွဲလွဲသူတို့မှ ကျန်ကြွင်းသော​သူတို့သည်လည်း ဓားဖြင့်​မြေကြီးသို့ ခုတ်ချ ခံရမည့်​အစား၊ လွတ်လပ်ခြင်း​အလံသို့ အရှုံး​ပေးသဖြင့်၊ လွတ်လပ်ခြင်း​ကမ္ပည်းစာကို သူတို့​လင့်စင်များနှင့် သူတို့​မြို့များ၌ လွှင့်ထူစေရန်၊ ထို့အတူ သူတို့၏​တိုင်းပြည်ကို ကာကွယ်ရာ၌ လက်နက်​စွဲကိုင်စေရန် အနိုင်​အထက်​စီရင် ခံရလေ၏။

၂၁ ထိုကဲ့သို့​အားဖြင့်၊ မော်ရော်နိုင်းသည် ထိုဘုရင့်​လူများကို အဆုံး​သတ်သဖြင့်၊ ဘုရင့်​လူများဟူသော အမည်​ကို ခေါ်စရာ တစ်ခုမျှ​မရှိလေတော့။ ထိုကဲ့သို့​အားဖြင့်၊ သူသည် မျိုးရိုး​မြင့်မြတ်ခြင်း​အခွင့်ကို တောင်းဆိုသော​ထိုလူတို့၏ ခေါင်းမာခြင်းနှင့် မာန​တရားတို့ကို အဆုံး​သတ်၏။ သို့ရာတွင်၊ သူတို့​ကိုယ်ကို သူတို့​ညီအစ်ကိုများ​ကဲ့သို့ နှိမ့်ချစေရန်နှင့် သူတို့​ကျွန်ခံရာမှ​လွတ်လပ်ခွင့်​အတွက် ရဲရင့်စွာ​တိုက်ခိုက်စေရန် နှိမ့်ချခံရလေ၏။

၂၂ ရှုလော့၊ အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် သူ့လူမျိုးတို့ ၌ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများကို ထိုကဲ့သို့ အားဖြင့် ပယ်ရှင်း၍၊ သူတို့ကို ငြိမ်းချမ်းခြင်းနှင့် ယဉ်ကျေးမှုတို့​အားဖြင့် လွှမ်းမိုးလျက်၊ လာမန်​အမျိုးသားတို့ကို ဆန့်ကျင်၍​စစ်တိုက်ခြင်း​အတွက် ပြင်ဆင်ရန် စည်းမျဉ်းများကို ပြုလျက်​ရှိစဉ်တွင်၊ ရှုလော့၊ လာမန်​အမျိုးသားတို့သည် ပင်လယ်​ကမ်းနား​အနီး နယ်နိမိတ်တို့ ၌ ရှိလေသည့် မော်ရော်နိုင်း​ပြည်ထဲသို့ ဝင်လာကြ၏။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းမြို့ ၌ နီဖိုင်း​အမျိုးသားတို့သည် လုံလုံ​လောက်လောက်​အားမကြီးကြ။ ထို့ကြောင့်၊ အာမလိခိယက များစွာသော​သူတို့ကို မောင်းထုတ်၍၊ ကွပ်မျက်လျက်​ရှိ၏။ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာမလိခိယသည် ထိုမြို့ကို၊ အမှန်စင်စစ်၊ သူတို့၏​ခပ်သိမ်းသော ခံတပ်များကို သိမ်းယူ၏။

၂၄ မော်ရော်နိုင်းမြို့၏​အပြင်သို့ ထွက်​ပြေးသော​သူတို့သည်လည်း နီဖိုင်းဟမြို့သို့ လာကြ၏။ ထို့အတူ၊ လေဟိမြို့မှ​လူတို့သည်လည်း သူတို့ကိုယ်​သူတို့ အတူတကွ​စုဝေးလျက်၊ ပြင်ဆင်ခြင်းများ ပြုလုပ်၍၊ လာမန်​အမျိုးသားတို့နှင့် စစ်တိုက်ရန် အဆင်​သင့်​ဖြစ်လေ၏။

၂၅ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ အာမလိခိယသည် လာမန်​အမျိုးသားတို့အား နီဖိုင်းဟမြို့ကို ဆန့်ကျင်၍ စစ်တိုက်​သွားစေရန် အခွင့်​မပေး၊ မြို့တိုင်း၌ ထိန်းသိမ်း​ကာကွယ်စေရန် လူတို့ကို ချန်ထားလျက်၊ သူတို့ကို ပင်လယ်​ကမ်းနား​အနီး၌သာ နေစေ၏။

၂၆ ထိုကဲ့သို့​အားဖြင့်၊ သူသည် နီဖိုင်းဟမြို့၊ လေဟိမြို့၊ မော်ရန်တန်မြို့၊ ဩမနာမြို့၊ ဂိဒမြို့နှင့် မြူးလက်မြို့တို့ကို ဆက်၍ သိမ်းယူ၏။ ထိုခပ်သိမ်းသော မြို့များသည် ပင်လယ်​ကမ်းနား​အနီး အရှေ့​အရပ် နယ်နိမိတ်တို့၌ ရှိလေ၏။

၂၇ ထိုကဲ့သို့​အားဖြင့် လာမန်​အမျိုးသားတို့သည် အာမလိခိယ၏​စဉ်းလဲခြင်း​အားဖြင့်၊ သူတို့၏​မရေမတွက်နိုင်​သောဗိုလ်ခြေတို့​အားဖြင့် များစွာသော​မြို့များကို ရရှိလေ၏။ ထိုမြို့​အားလုံးကို မော်ရော်နိုင်း၏​ခံတပ်များ​အတိုင်း ခိုင်ခိုင်ခံ့ခံ့ အင်အား​ခိုင်မာစေ၏။ ထိုမြို့​အားလုံးသည် လာမန်​အမျိုးသားတို့​အတွက် အခိုင်​အမာစခန်းများ​အဖြစ်​ရှိ၏။

၂၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် နီဖိုင်း​အမျိုးသားတို့ကို သူတို့ရှေ့မှ မောင်းထုတ်လျက်၊ များစွာသော​သူတို့ကို ကွပ်မျက်လျက်၊ အလျှံပယ်​ပြည်၏​နယ်နိမိတ်သို့ ချီတက်၏။

၂၉ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ သူတို့သည် မော်ရန်တန်ကို​ကွပ်မျက်လေသူ၊ သူနှင့်​အတူ​ထွက်ပြေးသည့် သူ့လူတို့ကို ဟန့်တားသည့်သူတည်းဟူသော တေအန်ကမ်နှင့် ရင်ဆိုင်​ရကြ၏။

၃၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာမလိခိယကိုလည်း မြောက်မြားစွာ​သောတပ်ဖြင့် အလျှံပယ်​ပြည်နှင့်​အတူ၊ မြောက်ဘက်​လားရာပြည်ကို သိမ်းယူနိုင်ခြင်းငှာ ချီတက်လျက်​ရှိစဉ် ဟန့်တား၏။

၃၁ သို့ရာတွင်၊ ရှုလော့၊ သူသည် တေအန်ကမ်နှင့် သူ၏​လူတို့အားဖြင့် ခုခံ​တိုက်ခိုက်​ခံရ၍၊ စိတ်ပျက်ခြင်းနှင့် ရင်ဆိုင်​ရ၏။ အကြောင်းမူကား၊ သူတို့သည် ကြီးစွာသော​စစ်သူရဲများ​ဖြစ်၏။ တေအန်ကမ်၏​လူတိုင်းသည် ခွန်အား​အရာနှင့် စစ်တိုက်​ကျွမ်းကျင်မှု၌ လာမန်​အမျိုးသားတို့ထက် သာလွန်သဖြင့်၊ လာမန်​အမျိုးသားတို့​အပေါ်၌ အခွင့်​သာခြင်းကို ရကြ၏။

၃၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် တိုက်ခိုက်၍၊ မှောင်မိုက်သည့်​တိုင်အောင်ပင် ကွပ်မျက်ကြ၏။ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ တေအန်ကမ်နှင့် သူ၏​လူတို့သည် သူတို့၏​တဲများကို အလျှံပယ်​ပြည်၏​နယ်နိမိတ်တို့၌ ဆောက်ကြ၏။ အာမလိခိယကလည်း သူ၏​တဲများကို ပင်လယ်​ကမ်းနားအနီး ကမ်းခြေ၌ ဆောက်၏။ ဤကဲ့သို့အားဖြင့် မောင်းထုတ်​ခံရကြ၏။

၃၃ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ညဉ့်အချိန်သို့ ရောက်လာခဲ့​လေလျှင်၊ တေအန်ကမ်နှင့် သူ၏​ကျွန်သည် ညဉ့်အချိန်၌ တိတ်တဆိတ်​အပြင်သို့​ထွက်၍၊ အာမလိခိယ၏​တပ်စခန်းထဲသို့ ဝင်ရောက်ကြ၏။ ရှုလော့၊ နေ့၏​အပူနှင့် အလုပ်​လုပ်ခြင်းတို့ကြောင့်​ဖြစ်သည့် သူတို့၏​များစွာသော​ပင်ပန်းခြင်းကြောင့်၊ အိပ်ပျော်ခြင်းက သူတို့ကို​လွှမ်းမိုးလေ၏။

၃၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တေအန်ကမ်သည် မင်းကြီး၏​တဲထဲသို့ လျှို့ဝှက်စွာ တိတ်တဆိတ်​ဝင်၍၊ လှံတိုဖြင့်​မင်းကြီး၏​နှလုံးကို ထိုး၏။ မင်းကြီးကို ရုတ်တရက် သေစေသဖြင့်၊ သူ့ကျွန်များကို မနှိုးခဲ့။

၃၅ သူသည်လည်း မိမိတပ်​စခန်းသို့ လျှို့ဝှက်စွာ တစ်ဖန်​ပြန်လာ၏။ ရှုဦးလော့၊ သူ၏​လူတို့ အိပ်ပျော်လျက်​ရှိသဖြင့်၊ နှိုး၍၊ သူပြုခဲ့​လေသမျှကို ပြောပြ၏။

၃၆ လာမန်​အမျိုးသားတို့ နိုးလာပြီး မိမိတို့ကို လာ၍​တိုက်ခိုက်ကြမည်ကို စိုးရိမ်သဖြင့်၊ သူ၏​တပ်များကိုလည်း အသင့်ပြင်​ထားစေ၏။

၃၇ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်ငါး​နှစ်မြောက် ပြီးဆုံး၏။ ထိုကဲ့သို့​အားဖြင့် အာမလိခိယ၏​ဘဝ ပြီးဆုံး၏။