အခန်းကြီး ၅၉
မော်ရော်နိုင်းသည် ပါဟောရန်အား ဟေလမန်၏အင်အားစုများကို ခွန်အားဖြည့်ပေးရန် တောင်းဆို၏—လာမန်အမျိုးသားတို့သည် နီဖိုင်းဟမြို့ကို သိမ်းယူ၏—မော်ရော်နိုင်းသည် အစိုးရကို အမျက်ထွက်၏။ ဘီစီ ၆၂ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းလူမျိုးတို့အပေါ် တရားသူကြီးများအုပ်စိုးခြင်း သုံးဆယ်နှစ်မြောက်တွင်၊ မော်ရော်နိုင်းသည် ဟေလမန်၏အမှာစာကို ဖတ်ပြီးနောက်၊ ကောင်းကျိုးကြောင့်၊ အထူးသဖြင့်၊ ဆုံးရှုံးသည့် ပြည်တို့ကို ရယူခြင်း၌၊ ဟေလမန်ရရှိလေသည့် ကြီးစွာသောအောင်မြင်ခြင်းကြောင့် လွန်စွာရွှင်လန်းဝမ်းမြောက်၏။
၂ ထိုမှတစ်ပါး၊ သူရှိလေရာအရပ်၏ ပတ်ဝန်းကျင်ပြည်ခပ်သိမ်းတို့မှ သူ၏လူမျိုးခပ်သိမ်းတို့ကိုလည်း ရွှင်လန်းဝမ်းမြောက်နိုင်ကြစေခြင်းငှာ၊ ထိုအမှုကို ဖော်ပြ၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူသည် ပါဟောရန်ထံသို့ အမှာစာတစ်စောင်ကို ချက်ချင်းပို့၍ တောင်းဆိုသည်ကား၊ ဟေလမန်သို့မဟုတ်၊ ဟေလမန်၏တပ်ကို ခွန်အားဖြည့်ပေးရန် လူတို့ကို အတူတကွစုဝေးစေရမည့်အကြောင်းပေတည်း၊ ထိုကဲ့သို့အားဖြင့် သူသည် ပြန်လည်ရရှိရာ၌ အလွန်တရာ အံ့ဩဖွယ်ကောင်းစွာ အောင်မြင်ခဲ့သည့် ပြည်၏ထိုအပိုင်းကို လွယ်ကူစွာ ထိန်းသိမ်းနိုင်ပေမည်။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် ဤအမှာစာကို ဇရဟင်မလပြည်သို့ ပို့ပြီးလျှင်၊ မိမိတို့ထံမှ လာမန်အမျိုးသားတို့ သိမ်းယူသွားခဲ့သည့် ကျန်ကြွင်းသော ထိုပိုင်ဆိုင်ရာများနှင့် မြို့များကို ရယူနိုင်ခြင်းငှာ၊ အကြံအစည်တစ်ခုကို အစပြု၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မော်ရော်နိုင်းသည် လာမန်အမျိုးသားတို့ကို ဆန့်ကျင်၍ စစ်တိုက်သွားခြင်းငှာ ထိုကဲ့သို့အားဖြင့် ပြင်ဆင်ခြင်းများပြုလျက်ရှိစဉ်တွင်၊ ရှုလော့၊ မော်ရော်နိုင်းမြို့၊ လေဟိမြို့နှင့် မော်ရန်တန်မြို့များမှ အတူတကွစုဝေးကြသော နီဖိုင်းဟလူမျိုးတို့သည် လာမန်အမျိုးသားတို့၏တိုက်ခိုက်ခြင်းကို ခံရ၏။
၆ အထူးသဖြင့်၊ မန်တိပြည်မှ ထွက်ပြေးစေရန် အနိုင်အထက်စီရင်ခံရလေသောသူများနှင့် ပတ်ဝန်းကျင်ပြည်မှလူတို့ပင် လာ၍ ပြည်၏ ဤအရပ်၌ လာမန်အမျိုးသားတို့နှင့် ပူးပေါင်းကြ၏။
၇ ထိုကဲ့သို့အားဖြင့်၊ အလွန်အမြောက်အမြားရှိလျက်၊ ထိုမှတစ်ပါး၊ တပ်အင်အားကို နေ့တိုင်းမပြတ် ရရှိလျက်၊ အမ်မော်ရုန်၏အမိန့်အားဖြင့် နီဖိုင်းဟလူမျိုးတို့ကို လာ၍တိုက်ခိုက်လျက်၊ အလွန်ကြီးစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်စပြုကြ၏။
၈ သူတို့တပ်များမှာ အလွန်များပြားသဖြင့်၊ နီဖိုင်းဟလူမျိုးတို့မှ ကျန်ကြွင်းသောသူများသည် သူတို့ရှေ့မှ ထွက်ပြေးစေရန် အနိုင်ပြုခံရကြ၏။ ထိုသူတို့သည်လည်း အကယ်စင်စစ်၊ မော်ရော်နိုင်း၏တပ်နှင့်လာ၍ ပူးပေါင်းကြ၏။
၉ ယခုမူကား၊ မြို့ကိုထိန်းသိမ်းရာ၌၊ လူတို့ကို ကူညီစေရန် နီဖိုင်းဟမြို့သို့ စေလွှတ်ခဲ့သောလူများရှိမည်ဟု မော်ရော်နိုင်းဆင်ခြင်လျက်၊ မြို့ကို လာမန်အမျိုးသားတို့လက်ထဲသို့ ကျရောက်ခြင်းမှ ကာကွယ်ခြင်းက၊ သူတို့ထံမှ ပြန်၍သိမ်းယူရခြင်းထက် ပို၍လွယ်ကူကြောင်းကို သိ၍၊ ထိုမြို့ကို သူတို့လွယ်ကူစွာထိန်းသိမ်းလိမ့်မည်ဟု ထင်မှတ်၏။
၁၀ ထို့ကြောင့်၊ သူပြန်လည်ရရှိသော ထိုအရပ်တို့ကို ကာကွယ်စောင့်ရှောက်ရန် သူ၏ခပ်သိမ်းသောတပ်ဖွဲ့ကို ထိန်းသိမ်းထား၏။
၁၁ ယခုမူကား၊ မော်ရော်နိုင်းသည် နီဖိုင်းဟမြို့ ဆုံးရှုံးရသည်ကို မြင်လျှင်၊ အလွန်ဝမ်းနည်း၍၊ လူတို့၏ဆိုးညစ်ခြင်းကြောင့် သူတို့ညီအစ်ကိုတို့၏လက်ထဲသို့ သူတို့ကျရောက်သင့်မသင့်ကို ယုံမှားသံသယဖြစ်စပြု၏။
၁၂ ယခုတွင်၊ ဤအမှုသည်ကား၊ သူ၏ခပ်သိမ်းသော ဗိုလ်ချုပ်မင်းတို့နှင့်စပ်လျဉ်းသည့် အခြေအနေပေတည်း။ လူတို့၏ဆိုးညစ်ခြင်းကြောင့် သူတို့သည်လည်း ယုံမှားသံသယဖြစ်၍၊ အံ့ဩလျက်၊ ဤသို့ဖြစ်ရာသည်မှာ၊ သူတို့အပေါ်၌ လာမန်အမျိုးသားတို့၏ အောင်မြင်ခြင်းကြောင့်ဖြစ်၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့တိုင်းပြည်၏လွတ်လပ်ခွင့်နှင့်စပ်လျဉ်း၍ လျစ်လျူရှုခြင်းကြောင့်၊ မော်ရော်နိုင်းသည် အစိုးရကို အမျက်ထွက်၏။